နွားထိုးကြီး ဖေဖော်ဝါရီ ၂၇
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်သို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဒေသကြီးညွှန်ကြာရေးမှူး ဦးစိုးသန်းနှင့်အဖွဲ့သည် ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်ရုံးအစည်းအဝေးခန်းမတွင် မြို့နယ်ဦးစီးမှူးနှင့် ရုံးအဖွဲ့ဝန်ထမ်းများ၊ လူထုဗဟိုပြုစီမံကိန်းရုံးမှ နည်းပညာအကြေံပေးအဖွဲ့၊ လူထုစည်းရုံးရေးမှူးများနှင့် လက်ထောက်နည်းပညာမှူးများအား တွေ့ဆုံ၍ လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများအား မြို့နယ်ဦးစီးမှူးဒေါ်အေးေအးသိန်းက ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ညွှန်ကြားရေးမှူးနှင့်အဖွဲ့သည် ထန်းဂွတောင်ကျေးရွာ၌ လူထုဗဟိုပြုစီမံကိန်း(ဒုတိယနှစ်)စက်ဝန်းတွင် ရေသန့်စက်ဆောင်ရွက်ထားရှိမှုနှင့် အမှိုက်စနစ်တကျစွန့်ပစ်စီမံကိန်းတွင် အမှိုက်များစွန့်ပစ်ရာ၌ `တိုင်းဒေသကြီးဦးစီးမှူးက ကျေးရွာအတွင်း အမှိုက်များကို ဘယ်လိုစွန့်ပစ်ရွက်သလဲ၊ နောက်ပြီးရရှိလာသော အမှိုက်များကို ဘယ်ကိုသွားစွန်ပစ်သလဲ´ဟု ကျေးရွာကော်မတီဝင်များအား မေးမြန်းရာ` ကျေးရွာကော်မတီဝင် ဦးနိုင်ဝင်းက ရွာအတွင်းအမှိုက်များကို ကျေးရွာသူ/သားများနှင့်အတူ စုပေါင်း၍ တစ်ပတ်တစ်ကြိမ်သန့်ရှင်းရေးလုပ်ပြီး အမှိုက်များကို ရွာ၏အနောက်ဘက် အမှိုက်ကျင်းသို့ ထော်လာကြည်ဖြင့်ပို့ မီးရှိုကြောင်း ´ ပြန်လည်ဖြေကြားခဲ့ပါသည်။
ထို့နောက် ကျွန်းဒေါင့်ကျေးရွာ ပြည်သူ+ကျေးလက်+ယူနီဆက်ြဖင့် အိမ်တိုင်ရာရောက်ရေးပေးေဝရေးစနစ်ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေးပြီး ကျေးရွာ ရေကော်မတီဝင်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းပေးသူ ကိုယ်ရေးအချက်အလက်
အမည် ဦးထွန်းထွန်းလင်း
မှတ်ပုံတင်နံပါတ် ၉/နထက (နိုင်) ၁၅၅၁၀၀
အလုပ်အကိုင်/ရာထူး အကြီးတန်းစာရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
ဌာန စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ နွားထိုးကြီးမြို့နယ်၊
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လူထုဗဟိုပြုစီမံကိန်း။
ဆက်သွယ်ရန် 09 970506922,09 458310866
လေးစားစွာဖြင့်
ထွန်းထွန်းလင်း
(Social Accountability, Gender and Communication) Counterpat
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
လူထုဗဟိုပြုစီမံကိန်း
နွားထိုးကြီးမြို့
09-458310866,09-970506922
tuntunlin840@gmil.com