မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် ကျေးက်ဒေသဖွံ့ဖြိုးတိုးတက်ရေဦးဌာန လူထုဗဟိုပြုစီမံကိန်းမှ ၂၀၁၉ခုနှစ် မတ်လ ၈ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ (International Women's Day) အခမ်းအနားကို အမှတ်(၅)ရပ်ကွက်ရှိ အင်ကြင်းကမ႓ာခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁၂နာရီ ၃ဝက ကျင်းပခဲ့သည်။
အခမ်းအနားတွင် တိုင်းအမျိုးရေးကော်မတီဝင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ငြိမ်းသက်နွယ်မှ အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးလူထုဗဟိုပြုစီမံကိန်းတာဝန်ခံ ဒုတ်ိယညွှန်ကြားရေးမှူး ဦးသန်းနိုင်ဦးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က အမှာစကားပြောကြားသည်။ မြို့နယ်နည်းပညာအကြံပေးအဖွဲ့ခေါင်းဆောင် ဦးထွန်းအောင်ကျော်မှ အမျိုးသမီးများနေ့ပြုလုပ်ရသည့် ရည်ရွယ်ချက်ကိုရှင်းလင်းေြပာကြား၍ မြို့နယ်အဆင့်ကျားမရေးရာတာဝန်ခံ ဒေါ်ခင်သူဇာမှ စီမံကိန်းတွင် ကော်မတီဝင်များကို အမျိုးသမီးများအချိုးတူညီစွာဖွဲ့စည်းထားရှိမှု၊ ကျေးရွာအုပ်စုများတွင် Gender Networkဖွဲ့စည်းထားရှိပြီး ဆောင်ရွက်သွားမည့် အစီအစဉ်များကိုရှင်းလင်းပြီး ကျား-မရေးရာအချက်(၆)ချက်ဖြင့် စီမံကိန်းအား ပိုမိုကောင်းမွန်အောင် ဆောင်နေကြောင်းအား ရှင်းပြောကြားခဲ့သည်။
ဆက်လက်၍ လူထုဗဟိုပြုစီမံကိန်းတွင် ဆောင်ရွက်နေသော ကျေးရွာအမျိုးသမီးကော်တီ(၂) ဦးမှ စီမံကိန်းအတွင်းပါဝင်ဆောင်ရွက်ပြီး လုပ်ငန်းမှရရှိလာသောအတွေ့အကြုံများအား စွမ်းဆောင်ရည်မြင်တင်ပြီး အောင်မြင်မှုများကို ရှင်းလင်းပြောကြားပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်းဆောင်ရွက်နေသော မြစိမ်းရောင်ကော်မတီဝင်အမျိုးသမီး(၂)ဦးမှ စီမံကိန်းရန်ပုံငွေဖြင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို မိမိတို့ကိုင်လုပ်ကိုင်ဆောင်ရွက်၍ အတွေ့အကြုံများအား ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးထုဗဟိုပြုစီမံကိန်းတာခံ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်အသီးသီးမှ တာဝန်ရှိလူကြီးမင်းများ၊ မြို့နယ်ကျေးလက်ရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ရုံးအဖွဲ့ဝန်ထမ်းများ၊ လူထုဗဟိုပြုစီမံကိန်းနည်းပညာကြံပေးအဖွဲ့ခေါင်းဆောင်နှင့် ရုံးဝန်ထမ်းများ၊ စီမံကိန်းအထောက်အကူပြုကော်မတီဝင်များ၊ Gender Networkအဖွဲ့စည်းမှ ကော်မတီဖွဲ့ဝင်များနှင့် မြစိမ်းရောင်ကော်မတီဝင်များတက်ရောက်ကြသည်။
၎င်းနောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးဌာန မြို့နယ်ဦးစီးမှူးဒေါ်အေးေအးသိန်းမှ ကျေးဇူးတင်စကားပြောခဲ့ပြီး အခမ်းနားကို ညနေ ၃နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
သတင်းပေးသူ ကိုယ်ရေးအချက်အလက်
အမည် ဦးထွန်းထွန်းလင်း
မှတ်ပုံတင်နံပါတ် ၉/နထက (နိုင်) ၁၅၅၁၀၀
အလုပ်အကိုင်/ရာထူး အကြီးတန်းစာရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
ဌာန စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ နွားထိုးကြီးမြို့နယ်၊
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လူထုဗဟိုပြုစီမံကိန်း။
ဆက်သွယ်ရန် 09 970506922,09 458310866