ဧရာဝတီတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ငပုတောမြို့နယ် လူထုဗဟိုပြုစီမံကိန်းမှ ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ် လူထုဗဟိုပြုစီမံကိန်းမှ ကော်မတီဝင်များသည်(၁၀.၉.၂၀၁၈) ရက်နေ့ တွင် လေ့လာရေးခရီးစဉ်စတင်ထွက်ခွာ၍ (၁၁.၉.၂၀၁၈) ရက်နေ့၊နေ့လည် (၁၃း00) နာရီတွင်ကျောက်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် တွေ့ဆုံဆွေးနွေးခဲ့၍ (၁၂.၉.၂၀၁၈) ရက်နေ့နှင့် (၁၄.၉.၂၀၁၈) ရက်နေ့အထိ မီးတိုင်တောအုပ်စု ၊ ကော့ပြင်းကျေးရွာ၊ မုန်းအုပ်စု၊ စည်ပင်သာကျေးရွာ၊တုံးကြီးအုပ်စု၊ ရှမ်းငချောင်ကျေးရွာ၊ နောင်ကုန်းအုပ်စု၊ ကျွန်းငကုန်းကျေးရွာ၊ ဝဲကြီးအုပ်စု၊ တိုင်ပင်ကျေးရွာ၊ အင်းနက်အုပ်စု၊ တမာခေါကျေးရွာများသို့ ကွင်းဆင်းလေ့လာစေခဲ့ပြီး ကျောက်ကြီးမြို့မှ ပြန်လည်ထွက်ခွာခဲ့ပါသည်။