စျေးနှုန်းအဆိုပြုလွှာဖိတ်ခေါ်ခြင်း [8” အရွယ်Tablets (၃၀၀) လုံး]

မွေးမြူရေး၊ ရေလုပ်ငန်းနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန််ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

လူထုဗဟိုပြုစီမံကိန်း

၁။       မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန၊ လူထုဗဟိုပြုစီမံကိန်းတွင် အသုံးပြုရန်လိုအပ်သော 8” အရွယ်Tablets (၃၀၀) လုံး အားကမ္ဘာ့ဘဏ်၏ စျေးပြိုင် ဝယ်ယူရေးစနစ် (Shopping System) ဖြင့် ဝယ်ယူလို၍ လုပ်ငန်းရှင်များ ထံမှ စျေးနှုန်းအဆိုပြုလွှာ(Quotation) တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

စျေးနှုန်းအဆိုပြုလွှာစတင်ဖိတ်ခေါ်သည့်နေ့            -    ၂၂.၁.၂၀၁၅

စျေးနှုန်းအဆိုပြုလွှာပိတ်မည့်ရက်                        -    ၅. ၂.၂၀၁၅ (မွန်းလွှဲ၁၂:၃၀)

၂။       စျေးနှုန်းအဆိုပြုလွှာဖိတ်ခေါ်ခြင်းနှင့် ပတ်သက်၍အသေးစိတ်သိရှိလိုပါက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ နေပြည်တော်၊ ရုံးအမှတ်(၁၄)သို့ ရုံးချိန်အတွင်း လူကိုယ်တိုင် လာရောက်မေးမြန်းခြင်း သို့မဟုတ် ဒုတိယညွှန်ကြားရေးမှူး၊ ဦးကျော်စွာအောင် (0943434333)ထံသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ တင်သွင်းရမည့် အဆိုပြုလွှာပုံစံများအား ဤနေရာမှ  ရယူနိုင်ပါသည်။

ဝယ်ယူရေးကော်မတီ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

Expire Date: 

05-02-2015