NCDDP’s Fourth Year Project Cycle Activities Completed in Nyaungpinthar of Kyaukkyi

NCDDP

ညောင်ပင်သာကျေးရွာတွင် လူထုဗဟိုပြုစီမံကိန်း စက်ဝန်း(၄)နှစ်တာ လုပ်ငန်းများ ဆောင်ရွက်ပြီးစီး

Bago, 5 August 2020, SkyNet Media Coverage

ကျောက်ကြီး ဩဂုတ် ၄ ရက်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နှင့် ကမ္ဘာဘဏ်တို့ ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိတဲ့ လူထုဗဟိုပြု စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာ ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် ညောင်ပင်သာ ကျေးရွာ အုပ်စု ညောင်ပင်သာ ကျေးရွာမှာ စီမံကိန်း လေးနှစ်တာ ကာလ အောင်မြင်စွာ ဆောင်ရွက်ပြီးစီးခဲ့ပြီ ဖြစ်ပါတယ်။

အဆိုပါကျေးရွာမှာ လူထုဗဟိုပြုစီမံကိန်း ပထမနှစ်စက်ဝန်းမှာ ကျေးရွာတွင်း မြေသားတင် ဂဝံလမ်းခင်း ခြင်းနဲ့ ရေပြွန်များ တည်ဆောက်ခြင်း လုပ်ငန်း၊ ဒုတိယနှစ် စက်ဝန်းမှာ စာသင်ကျောင်း ဆောင်သစ် တည်ဆောက်ခြင်းလုပ်ငန်း၊ စာသင်ကျောင်းဝင်း အုတ်တံတိုင်း ကာရံခြင်း လုပ်ငန်းနဲ့ စာသင်ကျောင်း အဝင်လမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းများနဲ့ တတိယနှစ်စက်ဝန်းမှာ ကျေးရွာတွင်းလမ်းများ ဂဝံခင်းခြင်းလုပ်ငန်း၊ စာသင်ကျောင်းတွင်းလမ်းများ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများနဲ့ စတုတ္ထနှစ်စက်ဝန်းမှာတော့ ကျေးရွာ အင်ဂျင်မီးလင်းရေး လုပ်ငန်းနဲ့ စာသင်ကျောင်းတွင်းလမ်းများ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများကို လူထုဗဟိုပြုစီမံကိန်းမှ ငွေကြေးထောက်ပံ့ပေးပြီး စီမံကိန်းဝန်ထမ်းတွေရဲ့ အနည်းကပ်ကြီးကြပ်မှုနဲ့ ကျေးရွာ လူထုကိုယ်တိုင် ဦးဆောင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် စီမံကိန်း (၄)နှစ်တာ ကာလ အတွင်း စီမံကိန်းလုပ်ငန်းခွဲပေါင်း(၁၀)ခုကို အောင်မြင်စွာ ဆောင်ရွက်ပြီးစီးခဲ့ပြီဖြစ်ပါတယ်။

အဆိုပါအခြေခံအဆောက်အဦးများ ဖွံ့ဖြိုးလာခြင်းနဲ့ လူထုဗဟိုပြု စီမံကိန်း ဆောင်ရွက်ခွင့်ရခြင်းကြောင့် ရရှိလာတဲ့အကျိုးကျေးဇူးတွေကို ကျေးရွာကော်မတီဝင်တစ်ဦးမှ ယခုလိုပဲပြောပြခဲ့ပါတယ်။

“စီမံကိန်း လေးနှစ်တာ ကာလအတွင်း လုပ်ခဲ့တဲ့ အခြေခံ အဆောက်အဦးတွေ တိုးတက်တဲ့ အပြင် ကျနော်တို့ ကျေးရွာမှာ ရှိတဲ့ ကော်မတီဝင်တွေ နည်းပညာအရကော တိုးတက် ခဲ့ပါတယ်။ နည်းပညာ အရကတော့ ကျနော်တို့ ကျေးရွာမှာ ရှိတဲ့ စီ/ထောက် ကော်မတီဝင်တွေ ကိုယ်တိုင် ပါဝင် ပူးပေါင်း ဆောင်ရွက်ရတဲ့ အတွက် ကျား-မ နည်းပညာ အရကော ကျနော်တို့ ပူးပေါင်း ဆောင်ရွက်တဲ့ နည်းပညာ အရကော စာရင်း ဇယားအပိုင်း နည်းပညာ အရကော နည်းပညာမှူးတွေရဲ့ လုပ်နည်း ကိုင်နည်း နည်းပညာတွေ အကုန် ရရှိခဲ့ပါတယ်။ စာရင်း ဇယားတွေလည်း ပြုစုတဲ့ နေရာမှာလည်း စည်းရုံးရေးမှူးတွေက သင်ကြားခဲ့တဲ့အတွက် ကျေးရွာတွင်း ကော်မတီဝင်တွေ တက်ခဲ့ပါတယ်။ ကျနော်တို့ စီမံကိန်းရဲ့ ကျေးဇူးကြောင့် နောက်လာမည့် စီမံကိန်း မှန်သမျှကို ကျနော်တို့ ကော်မတီဝင်တွေက စွမ်းဆောင်ရည် တိုးတက်လာတဲ့အတွက် နောက်ဘယ် စီမံကိန်း ပဲလာလာ ကျနော်တို့ ရှေ့ဆက်လုပ်ဖို့ကတော့ လုပ်နိုင်ပါပြီ”

သတင်း - ဝင်းညီညီလတ် (CSAGS)

Credit – SkyNet Media Coverage

#NCDDP, #DRD, #MOALI, #WorldBank