အင်္ဂပူမြို့နယ်၊ ပိန္နဲကွင်းအုပ်စုအတွင်းရှိ ကျေးရွာများတွင် Information Campaign ပြုလုပ်မှုများ

   ဧရာဝတီတိုင်းဒေသကြီးကွပ်ကဲမှုအောက်ရှိ အင်္ဂပူမြို့နယ် လူထုဗဟိုပြုစီမံကိန်း (ဒုတိယနှစ်စက်ဝန်း ) အကောင်အထည်ဖော်ဆောင်ရွက်နေသော ပိန္နဲကွင်းအုပ်စု ပိန္နဲကွင်းကျေးရွာတွင်  Information Campaign အား အခြေခံပညာအထက်တန်းကျောင်းခွဲ၌ (၂၁-၁၁-၂၀၁၉)ရက်နေ့ နံနက် ၉နာရီမှ ၁၁:၃၀နာရီထိ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားတွင် မြို့နယ်ဦးစီးမှူး ဦးသန့်ဇော်စိုးမှ  အဖွင့်အမှာစကား ပြောကြားခြင်း ၊နည်းပညာအကြံပေး အဖွဲ့ခေါင်းဆောင် ဦးဝင်းနိုင်မှ  စီမံကိန်းအကြောင်းရှင်းလင်းပြောကြားခဲ့ပါသည်။

  အဆိုပါ ပိန္နဲကွင်းအုပ်စုအတွင်းရှိ ကျေးရွာပေါင်း (၁၆) ရွာ ကျောင်းသား /ကျောင်းသူလေးများမှ ကျပန်းစကား ပြောပြိုင်ပွဲ၊ ကဗျာ စာစီစာကုံး ပန်းချီ ပြိုင်ပွဲ၊ယိမ်းအက ပြိုင်ပွဲများ ယှဉ်ပြိုင်ကြခြင်းနှင့် ဆုချီးမြင့်ခြင်း၊ ပြပွဲသို့ တက်ရောက်လာ သူများအား စီမံကိန်းဆိုင်ရာ ဉာဏ်စမ်းမေးခွန်းများမေး၍ စီမံကိန်းအင်္ကျီများ မဲဖောက်ပေးခြင်း များဆောင်ရွက်ခဲ့ပြီး စုစုပေါင်း လူဦးရေ (၂၃၂) ဦးတက်ရောက်ခဲ့ပါသည်။