မတူပီမြို့နယ်လူထုဗဟိုပြုစီမံကိန်း(စတုတ္ထနှစ်စက်ဝန်း)မှ စည်းရုံးရေးမှူးများ စွမ်းဆောင်ရည်မြှင့်တင်ခြင်းမွမ်းမံသင်တန်း(အမှတ်စဉ်-၁) ကျင်းပပြုလုပ်

ချင်းပြည်နယ်၊ မတူပီမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော မတူပီမြို့နယ်လူထုဗဟိုပြုစီမံကိန်း(စတုတ္ထနှစ်စက်ဝန်း)မှ စည်းရုံးရေးမှူးများ စွမ်းဆောင်ရည်မြှင့်တင် ခြင်းမွမ်းမံသင်တန်း(အမှတ်စဉ်-၁)ဖွင့်ပွဲအခမ်းအနားကို (၁၇.၉.၂၀၁၉) ရက်နေ့တွင် မတူပီမြို့နယ်လူထုဗဟိုပြုစီမံကိန်းရုံး သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မတူပီမြို့နယ်ကျေးလက်မှ မြို့နယ်ဦးစီးမှူး ဦးအာလ်လျန်ထန်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

အဆိုပါသင်တန်းကို မတူပီမြို့နယ်လူထုဗဟိုပြုစီမံကိန်း၊ မြို့နယ်နည်းပညာအကြံပေးအဖွဲ့ခေါင်းဆောင်မှ ပို့ချလျက်ရှိရာ လက်ထောက်နည်းပညာမှူး(TF)များနှင့် လူထုစည်းရုံးရေးမှူး(CF)များ၊ စုစုပေါင်း(၅၀)ဦးတက်ရောက်ခဲ့ကြပြီး (၁၇.၉.၂၀၁၉) ရက်နေ့မှ (၂၀.၉.၂၀၁၉) ရက်နေ့အထိ ကျင်းပ ပြုလုပ်ခဲ့ကြပါသည်။

လူထုဗဟိုပြုစီမံကိန်းသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့်ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းလျက် ဆောင်ရွက်ခဲ့သော လုပ်ငန်းဖြစ်ရာ စီမံကိန်းထောက်ပံ့ရန်ပုံငွေများကို (၄)နှစ်ဆက်တိုက် ပံ့ပိုးပေးသွားမည်ဖြစ်ပြီး စီမံကိန်းလုပ်ငန်းများကို ကျေးရွာလူထုကိုယ်တိုင်ရွေးချယ်ကာ စီမံကိန်းဝန်းထမ်းများ၏ နည်းပညာပံ့ပိုးကူညီမှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြပါသည်။

မတူပီမြို့နယ်လူထုဗဟိုပြုစီမံကိန်းကို (၂၀၁၆-၂၀၁၇)ခုဘဏ္ဍာရေးနှစ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး ယခုအခါ နောက်ဆုံးနှစ်ဖြစ်သော စတုတ္ထနှစ်စက်ဝန်းသို့ ရောက်ရှိနေပြီဖြစ်ပါသည်။