လူထုဗဟိုပြုစီမံကိန်းမန်နေဂျာ ညွှန်ကြားရေးမှူးကွင်းဆင်း

လှိုင်းဘွဲ ဇွန် ၁၃

          စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသော ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် လူထုဗဟိုပြုစီမံကိန်း (ဒုတိယနှစ်စက်ဝန်း)သို့ လူထုဗဟိုပြုစီမံကိန်းမန်နေဂျာ ညွှန်ကြားရေးမှူး ဦးလှခိုင်သည် (၁၃.၆.၂၀၁၉) ရက်နေ့ ညနေတွင် ကွင်းဆင်းဆောင်ရွက်ကြောင်း သိရှိရသည်။

          စီမံကိန်းမန်နေဂျာသည် ညနေ(၄:၄၀) နာရီတွင် ပိန္ဒဲတောကျေးရွာအုပ်စု ပိန္ဒဲတောကျေးရွာ ရွာတွင်းကွန်ကရစ်လမ်းခင်းလုပ်ငန်းကိုလည်ကောင်း ညနေ (၅:၄၀) နာရီတွင် ကော့လှိုင်းကျေးရွာ အုပ်စု မရမ်းအူကုန်းကျေးရွာတွင် လျှပ်စစ်မီးလင်းရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုများကိုလည်ကောင်း ကြည့်ရှူ့စစ်ဆေးပြီး ကျေးရွာစီမံကိန်းအထောက်အကူပြုကော်မတီဝင်များနှင့် တွေ့ဆုံကာ ဖွံ့ဖြိုးရေးအခြေခံသဘောတရားများကို ရှင်းလင်းပြောပြကာ ကျေးရွာများမှ တင်ပြလာသည့် အခက်အခဲများကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါသည်။

          ပိန္ဒဲတောကျေးရွာအုပ်စု ပိန္ဒဲတောကျေးရွာ ရွာတွင်းကွန်ကရစ်လမ်းသည် အရှည် ၂၃၀၀ပေ× အကျယ် ၁၂ပေ × ထု ၆ လက်မ ဖြစ်ပြီး စီမံကိန်းထောက်ပံ့ငွေ (၃၂၂၄၀၀၀၀)   ကျပ် နှင့် ကျေးရွာလူထုထောက်ပံ့ငွေ (၃၂၈၀၄၅၀) ကျပ်ဖြင့် (၁၉.၁၂.၂၀၁၈) ရက်နေ့တွင် စတင်ကာ (၄.၂.၂၀၁၉)ရက်နေ့တွင် ပြီးစီးပြီး၊ ကော့လှိုင်းကျေးရွာအုပ်စု မရမ်းအူကုန်းကျေးရွာ လျှပ်စစ်မီးလင်းရေးလုပ်ငန်းသည် ၄၀၀ ဗို့ ဓါတ်အားလိုင်းဖြစ်ပြီး (၁၈၄၀) ပေ ရှည်ကာ စီမံကိန်းထောက်ပံ့ငွေ (၆၄၈၀၀၀၀)ကျပ်နှင့် ကျေးရွာလူထုထောက်ပံ့ငွေ (၈၇၈၄၀၀) ကျပ်ဖြင့် (၂၇.၁၂.၂၀၁၈) ရက်နေ့တွင် စတင်ကာ (၃၁.၁၂.၂၀၁၈) ရက်နေ့တွင် ပြီးစီးကြောင်း သိရှိရသည်။