မြို့နယ်အဆင့်သက်ဆိုင်သူပေါင်းစုံပါဝင်သော သုံးသပ်ဆွေးနွေးပွဲကျင်းပ

ဇူလိုင် လ ၅ ရက်

ကယားပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဘောလခဲ+ဖားဆောင်း+မယ်စဲ့ မြို့နယ် လူထုဗဟိုပြုစီမံကိန်း(ဒုတိယနှစ်စက်ဝန်း)၏ မြို့နယ်အဆင့်သက်ဆိုင်သူပေါင်းစုံပါဝင် သောသုံးသပ်ဆွေးနွေးပွဲအခမ်းအနားအား ဖားဆောင်းမြို့နယ်၊ ဖားစည်သံလွင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုအခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန(ရုံးချုပ်) ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်းမှ လူထုဗဟိုပြုစီမံကိန်းနှင့်ပတ်သက် ၍ရှင်းလင်းပြောကြားခြင်း၊ တက်ရောက်လာသူများမှ အမှတ်တရမှတ်တမ်းဓါတ်ပုံရိုက်ကူးခြင်း၊ ကျေးရွာသူ/သားများမှ ပွင့်လင်းမြင်သာစွာ ဆွေးနွေးမေးမြန်းခြင်းနှင့်ပြန်လည်ဖြေကြားပေးခြင်း နှင့် အုပ်စုဖွဲ့ဆွေးနွေးခြင်းစသည့်အစီအစဉ်များဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စုအဆင့် တာဝန်ရှိသူများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျေးရွာကော်မတီဝင်များ၊ ကျေးရွာသူ/သားများ၊ လူထုဗဟိုပြုစီမံကိန်းဝန်ထမ်းများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပပြု လုပ်ခဲ့ပြီး လူဦးရေအားဖြင့် (၃၇၀)ဦးတက်ရောက်ခဲ့ပါသည်။