လှိုင်းဘွဲမြို့နယ်တွင် Cash for Work စီမံကိန်းဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်မှု ရာနှုန်းပြည့်ပြီးစီး

Rural Development Activities under Cash for Work Project in Hlaingbwe Completed 100 Percent

Kayin, 24 September 2020, Ministry of Information

လှိုင်းဘွဲ၊ စက်တင်ဘာ ၂၄

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ Cash for Work ထောက် ပံ့ ရန်ပုံငွေဖြင့် လှိုင်းဘွဲမြို့နယ် အတွင်းရှိ ကျေးရွာ ၂၅ ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်သည့် ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီး အောင်မြင်ပြီးဖြစ်ကြောင်း သိရသည်။

ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက လှိုင်းဘွဲမြို့နယ်အတွင်း ကျေးရွာ (၂၅) ရွာ၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် Cash for Work စီမံကိန်း ထောက်ပံ့ ရန်ပုံငွေ ကျပ်သိန်း (၁၀၀) စီဖြင့် အကောင်အထည် ဖော် ဆောင်ရွက်နေသည့် ရေပိုက်လိုင်း သွယ်တန်းခြင်းလုပ်ငန်း (၃) ခု၊ ကျန်းမာရေးလုပ်ငန်း (၅) ခု၊ ပညာရေးလုပ်ငန်း (၆) ခု စသည့် ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်း (၃၀) ခုတို့အား ရာနှုန်းပြည့် ပြီးစီးပြီ ဖြစ်သည်။

Cash for Work စီမံကိန်း လုပ်ငန်းသည် ကျေးလက်နေ မိသားစုများ ဝင်ငွေလျော့နည်းလာမှုနှင့် စီးပွားရေး အခက်အခဲများကို ကုစားပေးနိုင်ရေး အတွက် ရည်ရွယ်ခြင်းဖြစ်ပြီး ကျေးရွာ ပြည်သူလူထု ကိုယ်တိုင် မိမိတို့ ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းများ ရွေးချယ်ကာ ချက်ချင်း လုပ်အားခ ပေးချေစနစ်ဖြင့် မြို့နယ်အတွင်း ကျေးရွာ (၂၅) ရွာတွင် ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပြီးဖြစ်ရာ စိုက်ပျိုးရေး၊ မွေး မြူရေး များမှ ထွက်ရှိလာသည့် ကုန်ထုတ် ထွက်ကုန်များ၊ ဈေးကွက်အတွင်းသို့ ကုန်ကျစရိတ် သက်သာစွာ အလွယ်တကူ သယ်ယူပို့ဆောင်နိုင်ခြင်း စသည့် ကျေးလက်ပြည်သူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာ အကျိုးဖြစ်ထွန်းမည် ဖြစ်ကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)

#CFW, #CERP, #DRD, #MOALI

Credit – Ministry of Information

https://www.moi.gov.mm/iprd/news/12627