လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ (တတိယနှစ် စက်ဝန်း)တွင် ဆောင်ရွက် နေသည့် လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု

NCDDP’s Sub-project Activities in Hlaingbwe Monitored by Respective Officials

Kayin, 22 November 2020, Ministry of Information

လှိုင်းဘွဲ နိုဝင်ဘာ ၂၂

 

စိုက်ပျိုး​ရေး၊​ ​မွေးမြူ​ရေးနှင့်ဆည်​​မြောင်းဝန်ကြီးဌာန ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့်​ ဆောင်ရွက်​နေ​သော လှိုင်းဘွဲမြို့နယ် လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း)တွင် အ​​ကောင် အထည်​ဖော်​ဆောင်ရွက်​နေ​သော ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုခြင်းကို ယမန်နေ့က ကရင်ပြည်နယ် ​ကျေးလက်​ဒေသဖွံ့ဖြိုး တိုးတက်​ရေးဦးစီးဌာန စီမံကိန်းတာဝန်ခံ ဒုတိယညွန်ကြား​ရေးမှူး ဦးစတင့်​ဝေနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု​ကြောင်း သိရသည်။

ကရင်ပြည်နယ် ​ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာန ဒုတိယညွန်ကြား​ရေးမှူး ဦးစတင့်ဝေသည် လှိုင်းဘွဲမြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်း​ထောက်ပံ့​ငွေ ၂၀,၀၀၀,၀၀၀ ကျပ် စီဖြင့် အ​ကောင်အထည်​ဖော်​ဆောင်​နေ​သော အင်းနို့သိပ္ပံ​ကျေးရွာအုပ်စုအတွင်းမှ ထော်ရွဲ​ကျေးရွာ ရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း (အရှည် ၁၃၀၀ပေ x အကျယ် ၁၂ပေ x ထု ၆လက်မ)လုပ်ငန်းနှင့် ကျွန်း​တော​ကျေးရွာ ရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း (အရှည် ၁၃၀၀ပေ x အကျယ် ၁၂ပေ x ထု ၆လက်မ) လုပ်ငန်းများ ဆောင်ထားရှိမှု အ​ခြေအ​နေများကို ကြည့်ရူစစ်​ဆေးခဲ့ပြီး ​ကျေးရွာစီမံကိန်းအ​ထောက်အကူပြု​ ကော်မတီများနှင့်​တွေ့ဆုံကာ လုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲ​အောင် လည်ပတ်ထိန်းသိမ်း​ရေးအစီအစဉ်များကို စနစ်တကျ ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့​ကြောင်း သိရသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)

ကရင်ပြည်နယ်

#NCDDP, #DRD, #MOALI, #WorldBank

Credit – Ministry of Information

https://www.moi.gov.mm/iprd/news/21953

http://www.mdn.gov.mm/my/liungbhaimiuny-kelkdesphnphiuttiuttkreuuciitthaanm-ttttiyncckwnttng-cheaangrknesnnylupngnmaaaaa