အမျိုးသမီးများ ပူးပေါင်းပါဝင်မှု အခွင့်အလမ်း ဆိုင်ရာ ဆွေးနွေးပွဲ ကွမ်းခြံကုန်းတွင် ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်း မြို့နယ်မှာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေက အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့

လူထုဗဟိုပြုစီမံကိန်းက ကြီးမှုးကျင်းပတဲ့ အမျိုးသမီးများ ပူးပေါင်းပါဝင်မှု အခွင့်အလမ်း ဆိုင်ရာ ဆွေးနွေးပွဲကို ဇန်နဝါရီလ ၂၈ ရက်နေ့က မြို့နယ်

အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမမှာ ကျင်းပပါတယ်။ အခမ်းအနားမှာ တိုင်းဒေသကြီး လူမှုဝန်ထမ်း ဦးစီးဌာန ဦးစီးမှုး

ဒေါ်ခင်စန်းမြင့်၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှုး ဦးနေလင်းထွန်း၊ ဒုတိယ ဦးစီးမှုး ဒေါ်မိုးသီတာခိုင်၊

မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှုး ဒေါ်ခင်သန်းအေး၊ ရွှေခြံမြေ ကွန်ယက်အဖွဲ့မှ ဦးဆန်းဦးနဲ့ တာဝန်ရှိသူတွေက

ဦးဆောင်ဆွေးနွေးကြပြီးတော့ တက်ရောက်လာတဲ့ အမျိုးသမီး ကွန်ယက် အဖွဲ့က သိရှိလိုတာတွေ မေးမြန်းချက်အပေါ် ပြန်လည် ဖြေကြားခဲ့ပါတယ်။

 

သတင်း - မင်းမြင့်မိုရ်

Credit - SkyNet Up-to-Date Channel

#DRD #NCDDP #MOALI #WorldBank