ကျေးရွာလူထု စောင့်ကြည့် ကြီးကြပ်ခြင်း သင်တန်း မိုင်းခတ်တွင် ကျင်းပ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းခတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက

ဦးဆောင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ လူထုဗဟိုပြုစီမံကိန်း ဒုတိယနှစ် စက်ဝန်းအတွင်း ကျေးရွာအဆင့် ကျေးရွာလူထု စောင့်ကြည့်

ကြီးကြပ်ခြင်း သင်တန်းကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့မှာ မိုင်းညှင်းကျေးရွာမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

 

အဲဒီသင်တန်းကို မိုင်းညှင်း၊ ဟုတ်ပုံ၊ ဝမ်ဟွန် အုပ်စု သုံးအုပ်စုက ကျေးရွာ စောင့်ကြည့် ကြီးကြပ်ရေး ကော်မတီ အမျိုးသမီး ၂၄ ဦး အမျိုးသမား ၂၆ ဦး

စုစုပေါင်း ၅၀ တို့ တက်ရောက်ကြပြီး၊ မိုင်းခတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လူထုဗဟိုပြု စီမံကိန်း တာဝန်ခံ ဦးဟိန်းမင်းစိုး၊

စောင့်ကြည့် ကြီးကြပ်ရေး တာဝန်ခံ ဦးဖြိုးသီဟကို စောင့်ကြည့် ကြီးကြပ်ရေးဆိုင်ရာ နည်းပညာ အကြံပေး ဦးရန်လင်းကျော်တို့က သင်တန်းတွေ

ပို့ချပေးခဲ့ပြီး၊ လူထုစည်းရုံးရေးမှုး ဦးပြည့်ဖြိုးဇော်က ရှမ်းဘာသာနဲ့ ပြန်လည်ဘာသာပြန်ပေးပြီး၊ သင်တန်းကို ပို့ချပေးခဲ့တယ်လို့ သိရပါတယ်။

 

သတင်း - တင်အောင်မိုးမြင့်

Credit - SkyNet Up-to-Date Channel

#DRD #NCDDP #MOALI #WorldBank