ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့မှ ချောင်းဆုံမြို့နယ်အတွင်း လုပ်ငန်းဆောင်ရွက်မှုများ ကွင်းဆင်းစစ်ဆေး

 

ချောင်းဆုံ၊ ၂၀၁၈ ခုနှစ် ဧပြီ လ ၈ ရက်

 

                        စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုး၊ မွန်ပြည်နယ်ကျေးလက်ဦးစီးဌာန ညွှန်ကြားရေးမှူးနှင့်အဖွဲ့သည် ဧပြီလ ၈ ရက်နေ့တွင် ချောင်းဆုံမြို့နယ် ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသို့ လာရောက်၍ ရုံး၀န်ထမ်းများ ၊ လူထုဗဟိုပြုစီမံကိန်း ၀န်ထမ်းများနှင့်တွေ့ဆုံပြီး ၀န်ထမ်းများ၏ အခက်အခဲများ လိုအပ်ချက်များကို မေးမြန်းဖြေရှင်း ဆောင်ရွက်ပေးခဲ့ပါသည်။ ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် ကမနင်းကျေးရွာ ၊ ရွာလွတ်ကျေးရွာ ၊ ကမာမိုကျေးရွာရှိ စီမံကိန်းကော်မတီဝင်များနှင့် တွေ့ဆုံကာ  စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေအား ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်းသိရသည်။