ဆော မတ်လ ၂၉ ရက်
မကွေးတိုင်းဒေသကြီး၊ဆော မြို့နယ်လူထုဗဟိုပြုစီမံကိန်း တတိယနှစ်စက်ဝန်းဆောင်ရွက်လျက်ရှိသော လူထုစည်းရုံးရေးမှူးများနှင့် လက်ထောက်နည်းပညာမှူ း(၄၃)ဦးတို့သည် ကြံခင်းမြိ ု့နယ် လူထုဗဟိုပြုစီမံကိန်း တတိယနှစ် စက်ဝန်း (၄)နှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်နေမူမျ ားအား (၂၆.၃.၂၀၁၉)ရက်နေ့မှ (၃၀.၃.၂၀၁၉)ရက်နေ့ထိ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန (ရုံးချုပ်)မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးမှ တာဝန်ရှိသူများနှင့်အတူ လေ့လာရေးခရီးစဉ်အဖြစ် ကွင်းဆင်းလေ့လာခဲ့သည်။ အဆိုပါခရီးစဉ်တွင် အုပ်စုနှစ်စုခွဲ၍ ကျေးရွာ(၁၀)ရွာမှ စီမံကိန်းစက်ဝန်း(၄)နှစ်အတွင်းဆောင်ရွက်ခဲ့သည့် အဆောက်အဦ၊ မီးလင်းရေး၊ လမ်းတံတား၊ရေပေးဝေရေးနှင့်အခြား လုပ်ငန်းများနှင့်ပတ်သတ်၍ အားနည်းချက်၊အားသာချက်များ အပြန်အလှန်မေးမြန်းခြင်း၊လေ့လာခြင်း၊စီမံကိန်းဆိုင်ရာ ဗဟုသုတများဖလှယ်ခြင်းများ၊အကြံပေးခြင်း၊အစီအစဉ်များဖြင့်ကွင်းဆင်းလေ့လာခဲ့ ကြသည်။ ထို့နောက် မြို့နယ်စီမံကိန်းရေးဆွဲရေးကော်မတီနှင့် တွေ့ဆုံ၍ ကြံခင်းမြို့နယ်၏ စီမံကိန်းနှင့်ပတ်သက်၍ အဆင့်လိုက်ဆောင်ခဲ့ပုံများရှင်းလင်းပြောပြခြင်း၊ ဗဟုသုတများရယူခြင်း၊ ကွင်းဆင်းလေ့လာခဲ့သည့် လေ့လာမှုများအား ကြံခင်းမြို့နယ် လူထုဗဟိုပြုစီမံကိန်း အကောင်အထည် ဖော်ဆောင်ရွက်နေသော ဝန်ထမ်းများဖြင့်တွေ့ဆုံကာ လေ့လေ့တွေ့ရှိချက်များအား ချပြဆွေးနွေးခြင်း၊ ညှိနှိုင်းဖလှယ်ခြင်း၊ စာရင်းဇယားထားရှိမူများ၊ သိလိုသည်များ အပြန်အလှန်မေးမြန်းဖလှယ်ခဲ့ကြကြောင်းသိရသည်။
စိုးမိုး(ကျေးလက်)