ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ် လူထုဗဟိုပြုစီမံကိန်းသို့ ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ် လူထုဗဟိုပြုစီမံကိန်းမှ လေ့လာရေးခရီးစဉ်လာရောက်ခြင်း

 ဧရာဝတီတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ သာပေါင်းမြို့နယ် (စတုတ္ထနှစ်) စက်ဝန်း လူထုဗဟိုပြုစီမံကိန်းရုံးသို့ ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ် (တတိယနှစ်) စက်ဝန်း လူထုဗဟိုပြု စီမံကိန်းအဖွဲ့ဝင် ကော်မတီ စုစုပေါင်း (၄၀)ဦးတို့ သည်(၁၈.၃.၂၀၁၉) ရက်နေ့မှ (၂၂.၃.၂၀၁၉) ရက်နေ့အထိ လေ့လာရေးခရီးစဉ်အားလာရောက်ခဲ့ရာ (၁၉.၃.၂၀၁၉)ရက်နေ့တွင်  သာပေါင်းမြို့နယ်ရှိ စီမံကိန်းဝန်ထမ်း များနှင့်တွေ့ဆုံခဲ့ပြီး (၂၀.၃.၂၀၁၉)ရက်နေ့တွင် ရှမ်းမမြောင်ကျေးရွာ၊ သရက်တောကျေးရွာ၊ ဘုရားကုန်းကျေးရွာ၊ ဆီဆုံကျေးရွာ၊ ဆောင်ဘုံကျေးရွာ၊ ရှမ်းကွင်းကျေးရွာ၊ အောင်တပ်ကျေးရွာများသို့ လည်းကောင်း၊ (၂၁.၃.၂၀၁၉) ရက်နေ့တွင်လက်ခုပ်ကျေးရွာ၊​ဆင်ကူးကျေးရွာနှင့် ကြောင်ပန်းကုန်းကျေးရွာများသို့ အဖွဲ့ (၂)ဖွဲ့ခွဲ၍ ကွင်းဆင်း ခဲ့ပြီး ညနေပိုင်းတွင် သာပေါင်းမြို့နယ် လူထုဗဟိုပြုစီမံကိန်းရုံးတွင် ပန်းတောင်းမြို့နယ် စီမံကိန်းဝန်ထမ်းများမှ Faceback   ပြန်လည်ပေးခဲ့ကြပါသည်။