ကယားပြည်နယ်အတွင်းရှိ အရပ်ဖက်ဆိုင်ရာလူမှုအဖွဲ့အစည်း (NGOs/CSOs) အသီးသီးနှင့်တွေ့ဆုံ၍ စီမံကိန်းအကြောင်းတွေ့ဆုံရှင်းလင်းခြင်းအစည်းအဝေး ဖိတ်ကြားခြင်း

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

National Community Driven Development Project

လူထုဗဟိုပြုစီမံကိန်း

လူထုဗဟိုပြုစီမံကိန်း ၏စီမံကိန်း တတိယနှစ်အတွက် ကယားပြည်နယ်အတွင်းမှ ဖွံ့ဖြိုးတိုးတက်မှုအနိမ့်ဆုံးမြို့တစ်မြို့နယ်ကို ရွေးချယ်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ အဆိုပါ စီမံကိန်းမြို့နယ်ရွေးချယ်မှုကို   “မြို့နယ်ရွေးချယ်ခြင်းဆိုင်ရာ အကြံဉာဏ်ရယူခြင်းအစည်းအဝေး” ကိုဖေဖော်ဝါရီလနောက်ဆုံးပတ်အတွင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။ အဆိုပါအကြံဉာဏ်ရယူခြင်း အစည်းအဝေးမကျင်းပမိ ကယားပြည်နယ်အတွင်းရှိ အရပ်ဖက်ဆိုင်ရာလူမှုအဖွဲ့အစည်း (NGOs/CSOs) အသီးသီးနှင့်တွေ့ဆုံ၍ လူထုဗဟိုပြုစီမံကိန်းအကြောင်းတွေ့ဆုံ ရှင်းလင်းခြင်းအစည်းအဝေးကို အောက်ပါအစီအစဉ်အတိုင်းကျင်းပပြုလုပ်သွားမည်ဖြစ်ပါ၍ တက်ရောက်ဆွေးနွေးနိုင်ပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည်။

ကျင်းပမည့်နေ့ရက်           -    ၂ - ၂ - ၂၀၁၅ ရက်နေ့၊ တနင်္လာနေ့

ကျင်းပမည့်အချိန်             -    နံနက် (၉းဝ၀) နာရီ

ကျင်းပမည့်နေရာ             -     မြို့နယ်ခန်းမ၊ လွိုင်ကော်မြို့

Kindly confirm your participation to cdd.drdmyanmar@gmail.com (Phone number: 067-409413) by 30 January, 2015.

Attachment:

- Facts about of Community Driven Development Project(Burmese)