သဘာဝပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ စီမံခန့်ခွဲမှု မူဘောင် မူကြမ်းနှင့် ပတ်သက်၍ အကြံဉာဏ် ရယူခြင်း ခမ်းအနားများ

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန နှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း၍ လူထုဗဟိုပြုစီမံကိန်း (CDD) ကို တိုးချဲ့ ဆောင်ရွက်ရန် ရန်ပုံငွေ ထပ်မံချထားရာတွင် အသုံးပြုမည့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ စီမံခန့်ခွဲမှု မူဘောင် မူကြမ်း (The Draft Environmental and Social Management Framework – ESMF) နှင့် ပတ်သက်၍ အကြံဉာဏ် ရယူခြင်း ခမ်းအနားများကို (၉-၂-၂၀၁၅) ရက်နေ့ တွင် ရန်ကုန်မြို့၊ Inya Lake Hotel ၌လည်းကောင်း၊ (၁၁-၂-၂၀၁၅)ရက်နေ့နံနက် (၉းဝ၀)နာရီ တွင် မန္တလေးမြို့ Swan Hotel တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူးများဖြစ်ကြသော ဦးလှခိုင်၊ ဦးကျော်စွာအောင်၊ ဒေါ်မိမိထွေးနှင့် စီမံကိန်းဝန်ထမ်းများ၊ ကမ္ဘာ့ဘဏ်မှတာဝန်ရှိသူများ၊ NGOs/CSOs များနှင့် အခြားဖိတ်ကြား ထားသူများတက်ရောက်ခဲ့ကြပါသည်။

ယခု လူထုဗဟိုပြုစီမံကိန်းကို ကမ္ဘာ့ဘဏ်မှ ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာသန်း(၈၀)ဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ စီမံကိန်းလုပ်ငန်းသို့ ကမ္ဘာဘဏ်နှင့် အီတလီချေးငွေ တို့မှ တိုးချဲ့ရန်ပုံငွေထပ်မံချထားနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိနေပါသည်။ ထို့သို့ တိုးချဲ့ရန်ပုံငွေထပ်မံရရှိလာပါက စီမံကိန်းလုပ်ငန်းစဉ်များတွင် သဘာဝပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ စီမံခန့်ခွဲမှု မူဘောင် မူကြမ်း (The Draft Environmental and Social Management Framework – ESMF)ကို ထည့်သွင်းလိုက်နာဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ဤ သဘာဝပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ စီမံခန့်ခွဲမှု မူဘောင် မူကြမ်းတွင် စီမံကိန်း၏ အထွေထွေ သက်ရောက်နိုင်မှု/ထိခိုက်နိုင်မှု ဆန်းစစ်ချက်များ၊ သတ်မှတ်ချက်များနှင့် သဘာဝပတ်ဝန်ကျင်နှင့်လူမှုဆိုင်ရာခံနိုင်ရည် ရရှိအောင်ဆောင်ရွက်ချက်အပေါ် အထွေထွေ ဆန်းစစ်ချက်များပါဝင်ပါသည်။

အဆိုပါအစည်းအဝေးကို (၁၆-၂-၂၀၁၅) ရက်နေ့တွင် နေပြည်တော် MICC-II ခမ်းမ၌လည်းကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

လူထုဗဟိုပြုစီမံကိန်းကို ပြည်နယ်/တိုင်းဒေသကြီးများမှ မြိုနယ်တစ်မြို့နယ်စီနှင့် နေပြည်တော်ကောင်စီနယ်မြေမှတစ်မြို့နယ် စုစုပေါင်း (၁၅) မြို့နယ်တွင်အကောင်အထည်ဖော်ဆောင်ရွက်ရန် လျာထား ထားရှိပြီး လက်ရှိအချိန်တွင် မြို့နယ် (၉) ခုတွင်အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါသည်။

# Power Point Document Of Consultation Meeting { http://goo.gl/hqKbXv }

# သဘာဝပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ စီမံခန့်ခွဲမှု မူဘောင် မူကြမ်းhttp://goo.gl/qAIBcx }

# သဘာဝပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ စီမံခန့်ခွဲမှု မူဘောင် မူကြမ်း{ English- http://goo.gl/OXzBMx}

# လူထုဗဟိုပြုစီမံကိန်း- စီမံကိန်းလက်စွဲစာအုပ် (အခန်း-၅) သဘာဝပတ်ဝန်းကျင်းဆိုင်ရာကျင့်ဝတ်များhttp://goo.gl/OSsbuR }