Update News

သဘာဝပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ စီမံခန့်ခွဲမှု မူဘောင်အတွက် အကြံဉာဏ် ရယူခြင်း အစည်းအဝေးပွဲကျင်းပ

၁၅-၅-၂၀၁၇

သဘာဝပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ စီမံခန့်ခွဲမှု မူဘောင်အတွက် အကြံဉာဏ် ရယူခြင်း အစည်းအဝေးကို ၂၀၁၇ ခုနှစ် မေလ ၁၅ ရက်နေ့ နံနက် (၉ နာရီမှ ၁၁ နာရီထိ) ရန်ကုန်တိုင်းကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်မှ အဖွင့်အမှာစကားပြောကြားပြီး ဒုတိယညွှန်ကြားရေးမှူး ဒေါ်မီမီထွေးမှ စီမံက်န်းအကြောင်း မိတ်ဆက်ရှင်းလင်း၍ သဘာပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ စီမံခန့်ခွဲမှု မူဘောင် (မူကြမ်း)အကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့အပြင် အစည်းအဝေးသို့ မူဘောင်နှင့် ပတ်သက်သည့် သဘာဝပတ်ဝန်ကျင်း ဌာနမှ တာဝန်ရှိသူများ CSOs INGOs NGOs ပြည်နယ်/တိုင်း လွှတ်တော်ကိုယ်စာလှယ်များ စီမံကိန်းမြို့နယ် တာဝန်ခံများ တက်ရောက်ကြပြီး အစည်းအဝေးတက်ရောက်လာသူများ ထဲမှ သိလိုသည်မေးမြန်းပြီး လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။

နိဂုံးချုပ် အနေဖြင့် ကျေးလက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှခိုင်မှ အမှာစကား ပြောကြား၍ အစည်းအဝေးအား ပိတ်သိမ်းခဲ့ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

*

Free WordPress Themes - Download High-quality Templates