CDD စတုတ္ထနှစ်စီမံကိန်းစက်ဝန်းအတွက် မြို့နယ် (၂၀) တိုးချဲ့ဆောင်ရွက်မည်

ကမ္ဘာ့ဘဏ်ထောက်ပ့ံငွေဖြင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့်

လူထုဗဟိုပြုစီမံကိန်း (Community-Driven Development Project/CDDP) စတုတ္ထနှစ်စီမံကိန်းစက်ဝန်းအတွက် မြိ့နယ် (၂၀) တိုးချဲ့ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

အဆိုပါမြို့နယ် (၂၀) မှာ-

ကချင်ပြည်နယ်။      မိုးကောင်း

ကယားပြည်နယ်။      ဖားဆောင်း၊ ဘော်လခဲ၊ လွိုင်ကော်၊ ရှားတော၊ မယ်စဲ့

ချင်းပြည်နယ်။      မတူပီ

ပဲခူးတိုင်းဒေသကြီး။      ပန်းတောင်း

မကွေးတိုင်းဒေသကြီး။     ဆော၊ ထီးလင်း၊ ပေါက်

မန္တလေးတိုင်းဒေသကြီး။ ပျော်ဘွယ်၊ နွားထိုးကြီး၊ ရမည်းသင်း

မွန်ပြည်နယ်။     ပေါင်

ရန်ကုန်တိုင်းဒေသကြီး။ ကွမ်းခြံကုန်း၊ ကျောက်တန်း

ရှမ်းပြည်နယ်။      ဆီဆိုင်

ဧရာဝတီတိုင်းဒေသကြီး။  ငပုတော

နေပြည်တော်။     ပျဥး်မနား

အထက်ဖော်ပြပါမြို့နယ်များအတွက် စီမံကိန်းမိတ်ဆက်ပွဲများကို လာမည့်အောက်တိုဘာလတွင် ကျင်း ပသွား မည် ဖြစ်ပါ သည်။ ကျင်းပမည့် နေ့ရက်၊ အချိန်နှင့် နေရာတို့ကို NCDDP Facebook စာမျက်နှာတွင်လည်းကောင်း၊ CDD website တွင် လည်းကောင်း ကြေညာပေးသွားမည် ဖြစ်ပါသည်။