What’s New

သဘာဝပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ စီမံခန့်ခွဲမှု မူဘောင် မူကြမ်းနှင့် ပတ်သက်၍ အကြံဥာဏ် ရယူခြင်း ခမ်းအနားများ

???????????????????????????????

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန နှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း၍ လူထုဗဟိုပြုစီမံကိန်း (CDD) ကို တိုးချဲ့ ဆောင်ရွက်ရန် ရန်ပုံငွေ ထပ်မံချထားရာတွင် အသုံးပြုမည့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ စီမံခန့်ခွဲမှု မူဘောင် မူကြမ်း (The Draft Environmental and Social Management Framework – ESMF) နှင့် ပတ်သက်၍ အကြံဥာဏ် ရယူခြင်း ခမ်းအနားများကို (၉-၂-၂၀၁၅) ရက်နေ့ တွင် ရန်ကုန်မြို့၊ Inya Lake Hotel ၌လည်းကောင်း၊ (၁၁-၂-၂၀၁၅)ရက်နေ့နံနက် (၉း၀၀)နာရီ တွင် မန္တလေးမြို့ Swan Hotel တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူးများဖြစ်ကြသော ဦးလှခိုင်၊ ဦးကျော်စွာအောင်၊ ဒေါ်မိမိထွေးနှင့် စီမံကိန်းဝန်ထမ်းများ၊ ကမ္ဘာ့ဘဏ်မှတာဝန်ရှိသူများ၊ NGOs/CSOs များနှင့် အခြားဖိတ်ကြား ထားသူများတက်ရောက်ခဲ့ကြပါသည်။ ယခု ... Read More »

သဘာဝပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ စီမံခန့်ခွဲမှု မူဘောင် မူကြမ်းနှင့်ပတ်သက်၍ အကြံဥာဏ်ရယူခြင်း အစည်းအဝေး ဖိတ်ကြားစာ

20150121-- Invitation letter ESMF consultation mm final_Page_3

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် မွေးမြူရေး၊ ရေလုပ်ငန်း နှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်း အကြံဥာဏ် ရယူခြင်း ခန်းအနား ဖိတ်ကြားလွှာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန နှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း၍ လူထုဗဟိုပြုစီမံကိန်း (CDD) ကို တိုးချဲ့ ဆောင်ရွက်ရန် ရန်ပုံငွေ ထပ်မံချထားရာတွင် အသုံးပြုမည့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ စီမံခန့်ခွဲမှု မူဘောင် မူကြမ်း (the draft Environmental and Social Management Framework – ESMF) နှင့် ပတ်သက်၍ အကြံဥာဏ် ရယူခြင်း ခန်းအနား ကျင်းပမည် ဖြစ်ပါသည်။ ဤ သဘာဝပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ စီမံခန့်ခွဲမှု မူဘောင် မူကြမ်းကို လူထုဗဟိုပြုစီမံကိန်း (CDD) တွင် ကျင့်သုံးရမည့် သဘာဝ ပတ်ဝန်းကျင်နှင့် ... Read More »

ကယားပြည်နယ်အတွင်းရှိ အရပ်ဖက်ဆိုင်ရာလူမှုအဖွဲ့အစည်း (NGOs/CSOs) အသီးသီးနှင့်တွေ့ဆုံ၍ စီမံကိန်းအကြောင်းတွေ့ဆုံရှင်းလင်းခြင်းအစည်းအဝေး ဖိတ်ကြားခြင်း

invitation_letter_mm

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန National Community Driven Development Project လူထုဗဟိုပြုစီမံကိန်း လူထုဗဟိုပြုစီမံကိန်း ၏စီမံကိန်း တတိယနှစ်အတွက် ကယားပြည်နယ်အတွင်းမှ ဖွံ့ဖြိုးတိုးတက်မှုအနိမ့်ဆုံးမြို့တစ်မြို့နယ်ကို ရွေးချယ်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ အဆိုပါ စီမံကိန်းမြို့နယ်ရွေးချယ်မှုကို   “မြို့နယ်ရွေးချယ်ခြင်းဆိုင်ရာ အကြံဥာဏ်ရယူခြင်းအစည်းအဝေး” ကိုဖေဖော်ဝါရီလနောက်ဆုံးပတ်အတွင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။ အဆိုပါအကြံဥာဏ်ရယူခြင်း အစည်းအဝေးမကျင်းပမိ ကယားပြည်နယ်အတွင်းရှိ အရပ်ဖက်ဆိုင်ရာလူမှုအဖွဲ့အစည်း (NGOs/CSOs) အသီးသီးနှင့်တွေ့ဆုံ၍ လူထုဗဟိုပြုစီမံကိန်းအကြောင်းတွေ့ဆုံ ရှင်းလင်းခြင်းအစည်းအဝေးကို အောက်ပါအစီအစဉ်အတိုင်းကျင်းပပြုလုပ်သွားမည်ဖြစ်ပါ၍ တက်ရောက်ဆွေးနွေးနိုင်ပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည်။ ကျင်းပမည့်နေ့ရက်           –    ၂ – ၂ – ၂၀၁၅ ရက်နေ့၊ တနင်္လာနေ့ ကျင်းပမည့်အချိန်             –    နံနက် (၉း၀၀) နာရီ ကျင်းပမည့်နေရာ             –     မြို့နယ်ခန်းမ၊ လွိုင်ကော်မြို့ Kindly ... Read More »

လူထုဗဟိုပြုစီမံကိန်း လက်တွေ့ အကောင်အထည်ဖော်ဆောင်ရေးဆိုင်ရာ လုပ်ငန်းခွင်ဝင်သင်တန်းဖွင့်ပွဲ

DSC_0024

လူထုဗဟိုပြုစီမံကိန်း ဒုတိယနှစ်အဖြစ် စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့နယ်၊ မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့နယ်၊ ရခိုင်ပြည်နယ် အမ်းမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်၊ နေပြည်တော်ကောင်စီနယ်မြေ မှ တပ်ကုန်းမြို့နယ် တို့တွင် စတင်အကောင်အထည်ဖော်ဆောင် ရွက်တော့မည်ဖြစ်ရာ လူထုဗဟိုပြုစီမံကိန်း လက်တွေ့ အကောင်အထည်ဖော်ဆောင်ရေးဆိုင်ရာ လုပ်ငန်းခွင်ဝင်သင်တန်းဖွင့်ပွဲ အခမ်းအနားကို (၁၉-၁-၂၀၁၅) ရက်နေ့တွင် မွေးမြုရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးများကြဖြစ်သော ဦးတင်ငွေ၊ ဦးခင်မောင်အေး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူးချုပ်များ၊ ညွန်ကြားရေးမှူးများ၊ ဒုတိယ ညွန်ကြားရေးမှူးများ၊ လူထုဗဟိုပြုစီမံကိန်း(ပြည်ထောင်စုအဆင့်)မှနည်းပညာအကြံပေးအဖွဲ့ဝင်များ နှင့် သင်တန်းသား/သင်တန်းသူ စုစုပေါင်း (၇၀) ခန့်တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ၀န်ကြီးဌာန မှဒုတိယ၀န်ကြီး ဦးတင်ငွေမှ သင်တန်းအဖွင့်အမှာစကားပြောကြားရာ – သင်တန်းကျင်းပရခြင်းရည်ရွယ်ချက်ဖြစ်သော စီမံကိန်းဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်မားပြီး ကျေးရွာလူထုကို ... Read More »

လူထုဗဟိုပြုစီမံကိန်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မှ စီမံကိန်းဝန်ထမ်းများ အင်ဒိုနီးရှားနိုင်ငံ PNPM-Mandiri (National Program For Community Empowerment Projecet) သို့သွားရောက်လေ့လာ

Insonesia_study_visit_day3 (10)

လူထုဗဟိုပြုစီမံကိန်း မှ စီမံကိန်းအဖွဲ့ဝင်များဖြစ်သော ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦစီးဌာနမှ ဒုတိယ ညွန်ကြားရေးမှူး ဦးလှခိုင်၊ ဦးကျော်စွာအောင်၊ ဒေါ်မီမီထွေး တို့ခေါင်းဆောင်၍ ပြည်ထောင်စုအဆင့် စီမံကိန်းအဖွဲ့ဝင်ဝန်ထမ်းများ၊ စီမံကိန်း မြို့နယ်များမှ မြို့နယ်ကျေးလက်ဦးစီးမှူးများ ပါဝင်သော အဖွဲ့သည် အင်ဒိုနီရှားနိုင်ငံ Ministry For Human Development and Culture မှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော PNPM-Mandiri (National Program For Community Empowerment Projecet) စီမံကိန်းသို့ (၁၂.၁.၂၀၁၅) ရက်နေ့မှ (၁၇.၁.၂၀၁၅) ရက်နေ့ထိလေ့လာရေးခရီးသွားရောက်ခဲ့ကြပါသည်။ လေ့လာရေးခရီးစဉ် ပထမနေ့တွင် ဂျာကာတာမြို့ရှိ Ministry For Human Development and Culture ရုံးခန်းမတွင် အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ်မှ တာဝန်ရှိသူများ၊ PNPM-Mandiri မှတာဝန်ရှိသူများ နှင့်တွေဆုံကာ PNPM-Mandiri မှ တာဝန်ရှိသူများ မှ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ပုံအဆင့်ဆင့်နှင့် ပဋိပက္ခ ... Read More »

မွန်ပြည်နယ်အတွင်း လူထုဗဟိုပြုစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် မြို့နယ်ရွေးချယ်ခြင်းဆိုင်ရာ အကြံဉာဏ်ရယူခြင်းအစည်းအဝေး

???????????????????????????????

ကမ္ဘာ့ဘဏ်၏ထောက်ပံ့မှုဖြင့် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လူထုဗဟိုပြု စီမံကိန်း တတိယနှစ်အတွက် မွန်ပြည်နယ်အတွင်း စီမံကိန်းအကျိုးခံစားခွင့်ရမည့် မြို့နယ်တစ်မြို့နယ်ရွေးချယ်ရန် အကြံဉာဏ်ရယူခြင်း အစည်းအဝေးကို ၂ဝ၁၄ ဒီဇင်ဘာလ ၁၇ ရက်နေ့က မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမတွင် ကျင်းပခဲ့သည်။ အခမ်းအနားသို့ မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအုန်းမြင့်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူးချုပ် ဦးမြင့်ဦး၊ ကမ္ဘာ့ဘဏ်မှကိုယ်စားလှယ်များနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ရုံးချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မွန်ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ နိုင်ငံရေးပါတီများ၊ လူထုအခြေပြု ဖွံ့ဖြိုးရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ မီဒီယာအဖွဲ့များနှင့် အခြားဖိတ်ကြားထားသူများ စုစုပေါင်း (၃၃၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ် ... Read More »

မွန်ပြည်နယ်အတွက် စီမံကိန်းမြို့နယ် ရွေးချယ်ခြင်းဆိုင်ရာ အကြံဥာဏ်ရယူခြင်း အစည်းအဝေးဖိတ်ကြားစာ

1418620312_Agenda-MonConsultation en-mm_Page_1

လူထုအခြေပြုဖွံ့ဖြိုးရေး အမျိုးသားစီမံကိန်း တတိယနှစ် အကောင်အထည်ဖော် ဆောင်ရွက်ရန် မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် စီမံကိန်းမြို့နယ် တစ်မြို့နယ်စီရွေးချယ်ရန်အတွက် အကြံဉာဏ်ရယူခြင်း အစည်းအဝေးများကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်၏ မြို့တော်များတွင် ကျင်းပသွားမည် ဖြစ်ပါသည်။ ယင်းအစည်းအဝေးသို့ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန် ရှိသူများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ၊ လူထုအခြေပြုအဖွဲ့အစည်းများ၊ တိုင်းရင်းသားကိုယ်စားလှယ်များ၊ ဒေသတွင်းဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေသော အဖွဲ့အစည်းများ အား ဖိတ်ကြားသွားမည် ဖြစ်ပါသည်။ မွန်ပြည်နယ်အတွက် မြို့နယ်ရွေးချယ်ခြင်းအစည်းအဝေးကို ၂ဝ၁၄၊ ဒီဇင်ဘာလ (၁၇) ရက်နေ့တွင် မော်လမြိုင်မြို့၌ ကျင်းပမည် ဖြစ်ပြီး ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်းတွင်  ဘားအံ၊ မြစ်ကြီးနားနှင့် လွိုင်ကော်မြို့တို့၌ ကျင်းပသွားမည် ဖြစ်ပါသည်။ စီမံကိန်းမြို့နယ် ရွေးချယ်မှုဆိုင်ရာ သတ်မှတ်ချက် များ၊ အစည်းအဝေးအစီအစဉ်နှင့် စီမံကိန်းအချက်အလက်များကို ... Read More »

ပဲခူးတိုင်းဒေသကြီးအတွင်တွင် လူထုဗဟိုပြုစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရန် မြို့နယ်ရွေးချယ်ပွဲကျင်းပ

???????????????????????????????

ကမ္ဘာ့ဘဏ်၏ထောက်ပံ့မှုဖြင့် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လူထုဗဟိုပြု စီမံကိန်း တတိယနှစ်အတွက် ပဲခူးတိုင်းဒေသကြီးအတွင်း စီမံကိန်းအကျိုးခံစားခွင့်ရမည့် မြို့နယ်တစ်မြို့နယ်ရွေးချယ်ရန် အကြံဉာဏ်ရယူခြင်း အစည်းအဝေးကို ၂ဝ၁၄ နိုဝင်ဘာလ ၁၁ ရက်နေ့က ပဲခူးမြို့၊ မြိုတော်ခန်းမတွင် ကျင်းပခဲ့သည်။ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေး ဝန်ကြီး ဦးတင်စိုး၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၊ ကမ္ဘာ့ဘဏ်မှကိုယ်စားလှယ်နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ရုံးချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ နိုင်ငံရေးပါတီများ၊ မီဒီယာအဖွဲ့များနှင့် အခြားဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းတင် က နှုတ်ခွန်းဆက် ... Read More »

Free WordPress Themes - Download High-quality Templates