What’s New

လျှပ်စစ်မီး ရရှိပြီးနောက် ဝမ်းသာ ပီတိဖြစ်ခဲ့ ရသည့် ထန်းတပင်မြို့နယ် ကျေးရွာ စေတနာ့  ဝန်ထမ်း တစ်ဦး ဖြစ်သူ ဒေါ်မြင့်မြင့်ဌေး ၏ ရင်တွင်း ခံစားချက်

111

ကျွန်မတို့ရွာကို လက်ပံကုန်းရွာဟုခေါ်ပါသည်။ ကျွဲကူး အုပ်စုတွင်ပါဝင်ပါသည်။ ကျွန်မတို့ရွာသူရွာသား များ သည်ဝင်ငွေချို့တဲ့သူ များပါသည်။ လယ်မြေပိုင်ဆိုင်ပြီး လယ်လုပ်ငန်း ဖြင့် အသက်မွေးသူ(၇)ဦးသာ ရှိသည်။ ဈေးရောင်းဈေးဝယ်လုပ်စားသူ(၅)ဦးခန့်ရှိပြီး၊ကျန်သော အိမ်ထောင်စု (၁၀၀) ကျော်တို့သည် ကျပန်း အလုပ်ဖြင့် လုပ်ကိုင်စားသောက်ကြရသည်။ အခြားနေရာများတွင် လျှပ်စစ်မီးများ လင်းနေ၊ သုံးနေကြသည်ကို တွေ့မြင် ဖူးပေမယ့် ကျွန်မတို့ ရွာကလေးအဖို့ အိမ်မက်မျှပင် မမက်ရဲခဲ့ကြပေ။ ရွာလယ် မှ ဖြတ်သွားသောကားလမ်း တွင် ဓါတ်တိုင်၊ မီးကြိုးများကိုတွေ့မြင်ဖူးပါသည်။ဓါတ်တိုင် များအောက် မှာနေသောရွာကလေးမီးနှင့်ဝေးနေရသည်မှာ စိတ်မကောင်းပင်ဖြစ်မိပါသည်။ အနီးအနားမှရွာများမီးလင်းခဲ့ပါပြီ။ ကျွန်မတို့လည်း မီးလင်း ချင်ကြသည်။ ထိုအချိန်တွင်ပင် ဦးဝင်းမြင့်(ဗိုလ်ကြီး-ငြိမ်း)မှ ထရန်စဖော်မာ(Transformer)ပုံးလှူ မည်ဟု စ ပြောပါ သည်။ ရွာသူရွာသားများကို စုဝေးကာတစ်လလျင် ငါးသောင်းနှုန်း စတင် ကောက်ခံ ကြသည်။ ၂လကြာ ကောက်ခံပြီးနောက်ပိုင်းတွင် သုံးသောင်းနှုန်းဖြင့် ဆက်လက် ... Read More »

ကျေးရွာစီမံကိန်း အထောက်အကူပြု ကော်မတီ ဥက္ကဌ တာဝန်အား အမျိုးသမီးများကို ပူးတွဲ ခန့်အပ်

12345583_117999995237355_8979602538390855713_n

ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် လူထုဗဟိုပြုစီမံကိန်း၊ ဒုတိယနှစ်သက်တမ်း၏ ကျေးရွာစီမံကိန်း အထောက် အကူပြုကော်မတီတွင် အမျိုးသားတစ်ဦးအပြင် အမျိုးသမီးတစ်ဦးကိုပါ ဥက္ကဌများ အဖြစ် ပူးတွဲ ခန့်အပ်လာကြောင်း သိရှိရသည်။ ထန်းတပင်မြို့နယ်တွင် လူထု ဗဟိုပြုစီမံကိန်း၏ ပထမနှစ်သက် တမ်းတွင်မူ ကျေးရွာ Read More »

ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ အောင်သူ ၏ ၂၄-၄-၂၀၁၆ ရက်နေ့ ရန်ကုန်တိုင်း ဒေသကြီး ကော့မှူးမြို့နယ် ခရီးစဉ်

111

CDD စီမံကိန်း အကြောင်း နှင့်ကော့မှူးမြို့နယ် CDD စီမံကိန်း ဆောင်ရွက်နေမှု့ အခြေအနေကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ အား ညွှန်ကြားရေးမှူးး ဦးလှခိုင် မှ ရှင်းလင်း တင်ပြခဲ့သည်။ ပြည်ထောင်စု ဝန်ကြီးမှ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့ပါသည်။   Read More »

လူထု စည်းရုံးရေးမှူး ရာထူးနှင့် လက်ထောက် နည်းပညာမှူး ရာထူးအတွက် အလုပ်ခေါ်စာ -ပဲခူးတိုင်း(မိုးညို ၊ ကျောက်ကြီး)-ရန်ကုန်(ကော့မှူး)

thumbnail

ပဲခူးတိုင်း၊ မိုးညို မြို့နယ်နှင့် ကျောက်ကြီးမြို့နယ်နှင့် ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ် လူထုဗဟိုပြုစီမံကိန်းရုံးများတွင် တာဝန် ထမ်းေ်ဆာင်နိုင်ရန်အတွက် လူထုစည်းရုံးရေးမှူးရာထူးနှင့် လက်ထောက်နည်းပညာမှူးရာထူးအတွက် အလုပ်ခေါ်စာ။ Read More »

Translator (1) ဦးနှင့် secretaries (၂) ဦး အတွက် တာဝန်နှင့် ဝတ္တရားများ

translator_thumbnail

Translator (1) ဦးနှင့် secretaries (၂) ဦး အတွက် လစ်လပ်လျက် ရှိသော တာဝန်နှင့် ဝတ္တရားများ အတွက် References များကို  Download လုပ်ယူ လေ့လာနိုင်ပါသည်။ Read More »

လူထုဗဟို ပြုစီမံကိန်း အကြောင်း မိတ်ဆက်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ဖိတ်ကြားစာ

၂၀၁၅-၂၀၁၆ နှစ်အတွင်း လူထုဗဟိုပြုစီမံကိန်း အကောင်အထည်ဖေါ် ဆောင်ရွက်ရန် ရွေးချယ်ခံ  ရသည့်  ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ် ခန်းမတွင် ဒီဇင်ဘာလ ၂၉ ရက်နေ့၌ လူထုဗဟိုပြု စီမံကိန်း အကြောင်း မိတ်ဆက်ခြင်း အလုပ်ရုံဆွေးနွေးပွဲများကို အောက်ပါအစဉ်အတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။ ယင်းဆွေးနွေးပွဲသို့ တိုင်းဒေသကြီး၊ ပြည်နယ် အတွင်းရှိ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူထုဗဟိုပြု အဖွဲ့အစည်းများနှင့် ဖွံ့ဖြိုးရေးမိတ်ဘက် အဖွဲ့အစည်းများအား ဖိတ်ကြားသွားမည် ဖြစ်ပါသည်။ ဆွေးနွေးပွဲတွင် ကျေးရွာ လူထုအတွက် စီမံကိန်းလုပ်ငန်းခွဲများအကြောင်းရှင်းလင်းခြင်းနှင့် အစီအစဉ် အားလုံးကို မြန်မာဘာသာ တစ်မျိုးတည်းဖြင့်သာ ဆောင်ရွက်မည်ဖြစ်ပြီး ဘာသာပြန်ပေးမည့် အစီအစဉ် ပါဝင်ခြင်းမရှိပါ။ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူထုဗဟိုပြု အဖွဲ့အစည်းများနှင့် ဖွံ့ဖြိုးရေး မိတ်ဘက်အဖွဲ့အစည်းများ အနေဖြင့်  ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်တွင် ကျင်းပမည့် လူထုဗဟိုပြု စီမံကိန်းအကြောင်း မိတ်ဆက်ခြင်း အလုပ်ရုံ ဆွေးနွေးပွဲသို့ ... Read More »

လူထုဗဟို ပြုစီမံကိန်း အကြောင်း မိတ်ဆက်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ဖိတ်ကြားစာ

လူထုဗဟို ပြုစီမံကိန်း အကြောင်း မိတ်ဆက်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ဖိတ်ကြားစာ   ၂၀၁၅-၂၀၁၆ နှစ်အတွင်း လူထုဗဟိုပြုစီမံကိန်း အကောင်အထည်ဖေါ် ဆောင်ရွက်ရန် ရွေးချယ်ခံ  ရသ%8?Oϯ_A7ရာဝတီတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ပဲခူးတိုင်း တို့တွင် ၂၀၁၅ ဒီဇင်ဘာလ အတွင်း လူထုဗဟိုပြု စီမံကိန်း အကြောင်း မိတ်ဆက်ခြင်း အလုပ်ရုံဆွေးနွေးပွဲများကို အောက်ပါအစဉ်အတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။   စဉ်       မြို့နယ်အမည်   တိုင်း/ပြည်နယ်      ကျင်းပမည့်နေ့ရက်  ကျင်းပမည့်နေရာ ၁။        ဒီမောဆို             ကယားပြည်နယ်      ၂၁.၁၂.၂၀၁၅           မြို့နယ်ခန်းမ ၂။        တနင်္သာရီ           တနင်္သာရီတိုင်း         ၂၁.၁၂.၂၀၁၅          မြို့နယ်ခန်းမ ၃။        ပလက်ဝ             ... Read More »

လူထုဗဟိုပြုစီမံကိန်း လူထုစည်းရုံးရေးမှူးနှင့် လက်ထောက်နည်းပညာမှူး အလုပ်နေရာအတွက် အလုပ်လျှေက်လွှာခေါ်ယူခြင်း နှင့် မြို့နယ်များသို့ စုံစမ်းဆက်သွယ်ရမည့် လိပ်စာများ

             Read More »

တတိယနှစ်အတွင်း လူထုဗဟိုပြုစီမံကိန်းဆောင်ရွက်မည့် မြို့နယ်များ အတွက် လူထုစည်းရုံးရေးမှူးနှင့် နည်းပညာမှူးတာဝန်ထမ်းဆောင်နိုင်ရန် အလုပ်ကြေငြာခြင်း။

              တတိယနှစ်အတွင်း လူထုဗဟိုပြုစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် မြို့နယ်များဖြစ်သည့် ချင်းပြည်နယ် (ပလက်ဝမြို့နယ်)၊ မကွေးတိုင်း (မင်းတုန်း)၊ ကယားပြည်နယ် (ဒီမော့ဆို၊ ဖရူဆို)၊ စစ်ကိုင်းတိုင်း (မြောင် ၊ဗန်းမောက်)နှင့် ကရင်ပြည်နယ် (ကြာအင်းဆိပ်ကြီး)တို့တွင် တာဝန်ထမ်းဆောင်နိုင်ရန်အတွက် လူထုစည်းရုံးရေးမှူး နှင့် နည်းပညာမှူး အလုပ်နေရာလျှောက်ထားနိုင်ရန် ကြေငြာခြင်း။                Read More »

Free WordPress Themes - Download High-quality Templates