Activities

လူထုဗဟိုပြုစီမံကိန်း လုပ်ငန်းခွင်ဝင်သင်တန်း (Start-up Training) အမှတ်စဉ် (၃) ဖွင့်ပွဲအခမ်းအ နား ကျင်းပပြုလုပ်

လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ်စက်ဝန်း လုပ်ငန်းခွင်ဝင်သင်တန်း (Start-up Training) အမှတ်စဉ် (၃) ဖွင့်ပွဲအခမ်းအနားကို (၁၇.၁.၂၀၁၇) ရက်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ တက်ရောက်ကြပြီး ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ သင်တန်းကို (၁.၂.၂၀၁၇) ရက်နေ့အထိ နေပြည်တော် ကောင်စီနယ်မြေအတွင်းတွင် ပို့ချပေးသွားမည်ဖြစ်ပြီး ပြည်နယ်/တိုင်းဒေသကြီး (၈)ခုရှိ စီမံကိန်းမြို့နယ် (၂၉)မြို့နယ်မှ သင်တန်းသားဦးရေ (၁၂၀)ဦးခန့် တက်ရောက်သင်ယူကြမည်ဖြစ်ပါသည်။ သင်တန်းပို့ချရခြင်းမှာ ယခုစတုတ္ထနှစ်စက်ဝန်းကို စတင်အ ကောင်အထည်ဖော်ဆောင်ရွက်ရမည် ဖြစ်သည့်အလျောက် လူထုဗဟိုပြုစီမံကိန်း လုပ်ငန်းများကို မြေပြင်တွင် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ကြရာ၌ အခက်အခဲမရှိဘဲ အဆင်ပြေ ချောမွေ့စွာ ဆောင်ရွက်နိုင်စေရန်၊ မိမိတို့မြို့နယ်များသို့ ပြန်လည်ရောက်ရှိသည့်အခါ လက်ထောက် နည်းပညာမှူးများနှင့် လူထုစည်းရုံးရေးမှူးများကို သက်ဆိုင်ရာကဏ္ဍအလိုက် သင်တန်းပြန်လည်ပို့ချပေးနိုင်စေရန်နှင့် စီမံကိန်း ဝန်ထမ်းများ၏ ... Read More »

လူထုဗဟိုပြုစီမံကိန်း ၀န်ထမ်းများအား အင်္ဂလိပ်စာစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းများပို့ချလျှက်ရှိ

15965479_1782252942038938_4338205958962231955_n

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၊ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော်   ဆောင်ရွက်လျှက်ရှိသော လူထှုဗဟိုပြုစီမံကိန်း မှာ စတုတ္ထနှစ် စက်ဝန်း (၂၀၁၆-၂၀၁၇ နှစ်)အတွင်း မြန်မာနိုင်ငံ တစ်ဝှမ်းလုံးရှိ မြို့နယ်ပေါင်း (၄၇)    မြို့နယ်ဆောင်ရွက်နေ သည်….. လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း ၀န်ထမ်းများ အင်္ဂလိပ်စာ စွမ်းဆောင်ရည်မြင့်မားလာစေရန်   အတွက်  အင်္ဂလိပ်စာသင်တန်းအား  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)  ၊ Union CDD Traslator များမှ မကွေးတိုင်းဒေသကြီး၊ ကျေးလက်    ဒေသ  ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် (၉.၁.၂၀၁၇)ရက်နေ့မှ (၁၄.၁.၂၀၁၇)ရက်နေ့ အထိ  သင်တန်းပို့ချလျှက် ရှိသည် …… မကွေးတိုင်းဒေသကြီး အတွင်းရှိ စီမံကိန်း ၀န်ထမ်းများ အား လက်ရှိ သင်တန်းပို့ချပြီးလျှင် ကျန်ရှိသော တိုင်းဒေသကြီး၊ ပြည်နယ်များရှိ စီမံကိန်း ၀န်ထမ်း များ ... Read More »

ကယားပြည်နယ်၊ လွိုင်ကော် မြို့နယ်နှင့် ရှားတောမြို့နယ်တို့၏ လူထုဗဟိုပြုစီမံကိန်း မိတ်ဆက်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်း

၂၈.၉.၂၀၁၆ စိုက်ပျိုးရေး ၊မွေးမြူရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန   ၊ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန နှင့်      ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း အကောင် အထည်ဖော်  ဆောင်ရွက်လျက်ရှိသော   လူထုဗဟိုပြု စီမံကိန်း စတုတ္ထနှစ် စက်ဝန်းတွင်      ကယားပြည်နယ်၊ လွိုင်ကော် မြို့နယ်နှင့် ရှားတောမြို့နယ်တို့၏ လူထုဗဟိုပြုစီမံကိန်းမိတ်ဆက်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို (၂၈.၉.၂၀၁၆)ရက်နေ့ လွိုင်ကော်မြို့၊ မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ဆွေးနွေးပွဲသို့ ပြည်နယ် ဝန်ကြီးချုပ်နှင့် ဇနီး၊   ပြည်နယ်လွှတ်တော်ဥက္ကဌ၊   အစိုးရအဖွဲ့ဝင်များ ၊ဌာန ဆိုင်ရာအဖွဲ့ အစည်းများ၊  ကမ္ဘာ့ဘဏ် (World Bank)မှ ကိုယ်စားလှယ်များ၊   တိုင်းရင်းသားအဖွဲ့အစည်းများ၊  အရပ်ဖက်လူမှု အဖွဲ့ အစည်းများ   ၊ဒေသတွင်းဖွံ့ဖြိုးရေးမိတ်ဖက် အဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများ စုစုပေါင်း(၄၀၀)ခန့် တက်ရာက်ကြပါသည်။ ပြည်နယ်ဝန်ကြီးချုပ်၊ ကျေးလက်ဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်ကိုယ်စားလှယ်တို့မှ စီမံကိန်းနှင့်ပက်သက်ပြီး ရှင်းလင်းဆွေးနွေးပါသည်။ စီမံကိန်းကို ကယားပြည်နယ်အတွင်း  ... Read More »

လူထုဗဟိုပြုစီမံကိန်း တတိယနှစ် နှစ်ပတ်လည် ပြည်ထောင်စုအဆင့် သက်ဆိုင်သူပေါင်းစုံပါဝင်သော သုံးသပ်ဆွေးနွေးပွဲအခမ်းအနားကျင်းပ

မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုခန်းမ(၂)၊ နေပြည်တော် ​          စိုက်​ပျိုး​ရေး၊ ​မွေး​မြူ​ရေး​နှင့် ​ဆည်​မြောင်း​ဝန်​ကြီး​ဌာ​န၊ ​ကျေး​လက်​ဒေ​သ​ဖွံ့​ဖြိုးတိုး​တက်​ရေး ​ဦး​စီး​ဌာ​န​မှ ​က​မ္ဘာ့ဘဏ်၏ ​နည်း​ပ​ညာ​အ​ကူ​အ​ညီ​ဖြင့် ​အ​ကောင်​အ​ထည်​ဖော်​ဆောင်​ရွက်​လျက်​ရှိ​သည့် ​လူ​ထု​ဗ​ဟို​ပြု​စီ​မံ​ကိန်း ​တ​တိ​ယ​နှစ် ​နှစ်​ပတ်​လည် ​ပြည်​ထောင်​စု​အ​ဆင့် ​သက်​ဆိုင်​သူ​ပေါင်း​စုံ​ပါ​ဝင်​သော ​သုံး​သပ်​ခြင်း​အ​စည်း​အ​ဝေး​ကို (၁၅.၉.၂၀၁၆)​တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ ​ကျင်း​ပ​ခဲ့သည်။ အစည်းအဝေးကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ စီမံကိန်းသက်ဆိုင်သူများကို ဖိတ်ခေါ်၍ ပြီးခဲ့သည့် စီမံကိန်းနှစ်မှ ရရှိလာသော အတွေ့အကြုံများကို ဖလှယ်ပြီး နောက်နှစ် စီမံကိန်းအတွက် ပိုမိုတိုးတက်ကောင်းမွန်သော စီမံကိန်းဒီဇိုင်းများနှင့် အကောင်အ ထည်ဖော်ရေး နည်းလမ်းများကို ဆွေးနွေးညှိနှိုင်းရန်ဖြစ်သည်။ အစည်းအဝေးတွင် ​ကျေး​လက်​ဒေ​သ​ဖွံ့​ဖြိုး​တိုး​တက်​ရေး​ဦး​စီး​ဌာ၊ ​ပြည်​ထောင်​စု​ဝန်​ကြီး ​ဒေါက်​တာ​အောင်​သူ​နှင့် ​ဒု​တိ​ယ​ပြည်​ထောင်​စု​ဝန်​ကြီး​များ၊ ​က​မ္ဘာ့ဘဏ်​မှ ​တာ​ဝန်​ရှိ​ပု​ဂ္ဂိုလ်​များ၊ ​ဌာ​န​ဆိုင်​ရာ ​တာ​ဝန်​ရှိ​ပု​ဂ္ဂိုလ်​များ၊ ​သက်​ဆိုင်​ရာ​နိုင်​ငံ​တ​ကာ​ဆိုင်​ရာ ​သံ​အ​မတ်​ကြီး​များ၊ ​လွှတ်တော်​ကိုယ်​စား​လှယ်​များ၊ ​စီ​မံ​ကိန်း​မြို့​နယ်​များ​မှ ​တာ​ဝန်​ရှိ​ပု​ဂ္ဂိုလ်​များ၊ ​နည်း​ပ​ညာ​အ​ကြံ​ပေး​အ​ဖွဲ့များ​နှင့် ​ကျေး​ရွာ​ကော်​မ​တီ​ဝင်​များ၊ ​အ​စိုး​ရ​မ​ဟုတ်​သော​အ​ဖွဲ့အ​စည်း​များ၊ ​နိုင်​ငံ​တ​ကာ​ဆိုင်​ရာ ​အ​စိုး​ရ​မ​ဟုတ်​သော​အ​ဖွဲ့​အ​စည်း​များ၊ ​ဖွံ့​ဖြိုး​ရေး​မိတ်​ဘက်​အ​ဖွဲ့​အ​စည်း​များ၊ ... Read More »

လူထုဗဟိုပြုစီမံကိန်း နည်းပညာအကြံပေးများဖိုရမ် (Experts Forum) အခမ်းအနား (၄/၅-၉-၂၀၁၆) ကျင်းပ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်၏ နည်းပညာအကူအညီဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လူထုဗဟိုပြုစီမံကိန်း နည်းပညာအကြံပေးများဖိုရမ် (Experts Forum) အား စက်တင်ဘာ ၄ ရက်နေ့နှင့် ၅ ရက်နေ့တို့တွင်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရုံးအမှတ် (၁၄)၌ ကျင်းပခဲ့ပါသည်။ ဖိုရမ်တွင် စီမံကိန်းမြို့နယ် (၂၇)မြို့နယ်မှ နည်းပညာအကြံပေးများအပါအဝင် စီမံကိန်းဝန်ထမ်း (၄၅၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။ ဖိုရမ်ကျင်းပရခြင်း၏ရည်ရွယ်ချက်မှာ စီမံကိန်းနှင့်ပတ်သက်၍ မြို့နယ်များ၏ အောင်မြင်မှုများနှင့် အခက်အခဲများကို တစ်စုတစ်စည်းတည်း သိရှိစေရန်နှင့် ယခင်စီမံကိန်းအကောင်အထည်ဖော်ရာမှ တွေ့ကြုံရသည့် အကြောင်းအရာများကို မျှဝေကြပြီး နောက်နှစ် စီမံကိန်း ပိုမိုတိုးတက်ကောင်းမွန်စေရန် အကြံပြုဆွေးနွေးတိုင်ပင်ကြရန်ဖြစ်သည်။ ဖိုရမ်ဖွင့်ပွဲအခမ်းအနားတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်မှ အဖွင့်အမှာစကားပြောကြားရာတွင် လူထုစည်းရုံးရေးမှူးများဖိုရမ် (အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည်) နှင့် လက်ထောက်နည်းပညာမှူးများဖိုရမ်တို့ကို ဇူလိုင်နှင့် သြဂုတ်လများအတွင်းက ကျင်းပခဲ့ပြီးဖြစ်ပါကြောင်း၊ နည်းပညာအကြံပေးများဖြစ်သည့်အတွက် စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နယ်မြေဒေသ၊ ဘာသာစကား၊ ... Read More »

မြန်မာနိုင်ငံ လူထုဗဟိုပြုစီမံကိန်းနှင့်ပတ်သက်ပြီး IFI Watch Myanmar ၏ အစီရင်ခံစာအပေါ် ရှင်းလင်းဖြေကြားခြင်း

မြန်မာနိုင်ငံ လူထုဗဟိုပြုစီမံကိန်းနှင့်ပတ်သက်ပြီး IFI Watch Myanmar ၏ အစီရင်ခံစာအပေါ် ရှင်းလင်းဖြေကြားခြင်း ၁။           IFI Watch Myanmar မှ လူထုဗဟိုပြုစီမံကိန်းအပေါ် သုံးသပ်သည့် အစီရင်ခံစာကို ၂၀၁၆ ခုနှစ် သြဂုတ်လ ၂(၆) ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ အစီရင်ခံစာနှင့်ပတ်သက်၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့်စီမံကိန်းအပေါ်စဉ်ဆက်မပြတ် သုံးသပ်မှုများကို ကြိုဆိုပါသည်။ သို့သော် အစီရင်ခံစာပါဖော်ပြချက်များနှင့်ပတ်သက်၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသို့ ကြိုတင်အကြောင်းကြားခြင်း မရှိခဲ့ပါ၍ သုံးသပ်ချက်ပါ အဓိကကျသည့် ကိစ္စရပ်များကို ပြန်လည်ဖြေရှင်းရန်အတွက် ရည်ရွယ်၍ ရေးသားခြင်းဖြစ်ပါသည်။ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် စီမံကိန်းဆောင်ရွက်ရာတွင် အရပ်ဖက်လူမှုအဖွဲ့အစည်းနှင့် ပူးပေါင်းပြီး တာဝန်ယူမှု တာဝန်ခံမှုအတွက် စဉ်ဆက်မပြတ် ထိတွေ့ဆက်သွယ်ဆောင်ရွက်လျက်ရှိသည့်အတွက် အစီရင်ခံစာပါ မည်သည့်ကိစ္စရပ်များကိုမဆို ပြန်လည်ရှင်းလင်းဖြေကြားပေးရန် အဆင်သင့်ရှိပါသည်။ ၂။           ရည်ညွှန်းစာမျကနှာ (၂ နှင့် ၃)၊ ... Read More »

လူထုဗဟိုပြုစီမံကိန်း ဝယ်ယူရေး ဆိုင်ရာမွမ်းမံသင်တန်း ဆင်းပွဲအခမ်းအနား

close

ယနေ့ညနေ လူထုဗဟိုပြုစီမံကိန်း ဝယ်ယူရေးဆိုင်ရာပိတ်ပွဲအခမ်းအနားကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်း ညွှန်ကြားရေးမှူး ဦးကျော်စွာအောင် တို့်မှ သင်တန်းဆင်း အမှာစကား ပြောကြားပြီ မှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့သည် ထိုနောက် သင်တန်းသားများသိလိုသိများကို ရင်းရင်းနှီးနှီး တွေဆုံဆွေးနွေးပေးခဲ့သည်။ ၂၃ ၆ ၂၀၁၆ Read More »

လူထုဗဟိုပြုစီမံကိန်း ဝယ်ယူရေးမွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနား

13509723_490091074520880_2119441104_o

လူထုဗဟိုပြုစီမံကိန်း ဝယ်ယူရေးမွမ်းမံသင်တန်းကို ယနေ့မနက် ၉နာရီ တွင်ဖွင်လှစ်ခဲ့သည် သင်တန်းဖွင့်ပွဲအခမ်းအနားကို ညွှန်ကြားရေးမှူးဦးကျော်စွာအောင် ဒုတိယညွှန်ကြားရေးမှူးဦးဇော်မြဝင်းနှင့်Union procurement Specialist Mr Jean တို့မှဖွင်လှစ်ပေးခဲ့ပြီ ညွှန်ကြားရေးမှူးဦးကျော်စွာအောင်မှသင်တန်းဖွင့်ပွဲအမှာစကားပြောကြားခဲ့သည်။ သင်တန်းသားဦးရေ ၅၀တက်ရောက်ခဲ့သည်။ Read More »

တပ်ကုန်းနှင့်လယ်ဝေးမြို့နယ် မှစီမံကိန်းကျေးရွာကော်မတီဝင်များ၊ စေတုတ္တရာမြို့နယ်သို့ Exchange Visit ခရီးစဉ်

13310550_1567587050207488_5061639589647828102_n

လူထုဗဟိုပြုစီမံကိန်းဆောင်ရွက်လျက်ရှိသော တပ်ကုန်းနှင့်လယ်ဝေးမြို့နယ် မှ စီမံကိန်းဝန်ထမ်းများ၊ စီမံကိန်းကျေးရွာကော်မတီဝင်များ၊ပြည်ထောင်စုအဆင့်မှDRD ၀န်ထမ်းများသည် လူထုဗဟိုပြုစီမံကိန်း စေတုတ္တရာမြို့နယ်သို့ စီမံကိန်းလုပ်ငန်းခွဲများဆောင်ရွက်မှုအခြေအနေ လေ့လာရေး ခရီးစဉ် သွားရောက်ခဲ့ကြရာ ကျေးရွာကော်မတီဝင်အချင်းချင်းအပြန်အလှန်မေးခွန်းများမေးကြပြီးလုပ်ငန်း အတွေ့ အကြုံများ၊ အကြံပြုချက်များ၊ အမြင်များဖလှယ်ကြပါသည်……… ကျေးရွာပြည်သူလူထုမှဝမ်းမြောက်စွာကြိုဆိုကြသည် (၈.၆.၂၀၁၆) Read More »

လူထုဗဟိုပြုစီမံကိန်း အခြေခံအဆောက်အဦးဆိုင်ရာဆရာဖြစ်သင်တန်း(iTTF3)ဖွင့်ပွဲအခမ်းအနား

13325593_1237743919569475_129351841395900357_n

လူထုဗဟိုပြုစီမံကိန်း အခြေခံအဆောက်အဦးဆိုင်ရာဆရာဖြစ်သင်တန်း(iTTF3)ဖွင့်ပွဲအခမ်းအနားအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်စွာအောင်မှသင်တန်းမှာအဖွင့်အမှာစကားပြောကြားပြီး Union Infrastructure Team မှဒုတိယညွှန်ကြားရေးမှူးဒေါ်မီမီထွေးမှသင်တန်းအကြောင်းရှင်းလင်းပြောကြားခဲ့ပါသည်။ Read More »

Free WordPress Themes - Download High-quality Templates