Author Archives: Admin

လူထုဗဟိုပြုစီမံကိန်း လုပ်ငန်းခွင်ဝင်သင်တန်း (Start-up Training) အမှတ်စဉ် (၃) ဖွင့်ပွဲအခမ်းအ နား ကျင်းပပြုလုပ်

လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ်စက်ဝန်း လုပ်ငန်းခွင်ဝင်သင်တန်း (Start-up Training) အမှတ်စဉ် (၃) ဖွင့်ပွဲအခမ်းအနားကို (၁၇.၁.၂၀၁၇) ရက်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ တက်ရောက်ကြပြီး ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ သင်တန်းကို (၁.၂.၂၀၁၇) ရက်နေ့အထိ နေပြည်တော် ကောင်စီနယ်မြေအတွင်းတွင် ပို့ချပေးသွားမည်ဖြစ်ပြီး ပြည်နယ်/တိုင်းဒေသကြီး (၈)ခုရှိ စီမံကိန်းမြို့နယ် (၂၉)မြို့နယ်မှ သင်တန်းသားဦးရေ (၁၂၀)ဦးခန့် တက်ရောက်သင်ယူကြမည်ဖြစ်ပါသည်။ သင်တန်းပို့ချရခြင်းမှာ ယခုစတုတ္ထနှစ်စက်ဝန်းကို စတင်အ ကောင်အထည်ဖော်ဆောင်ရွက်ရမည် ဖြစ်သည့်အလျောက် လူထုဗဟိုပြုစီမံကိန်း လုပ်ငန်းများကို မြေပြင်တွင် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ကြရာ၌ အခက်အခဲမရှိဘဲ အဆင်ပြေ ချောမွေ့စွာ ဆောင်ရွက်နိုင်စေရန်၊ မိမိတို့မြို့နယ်များသို့ ပြန်လည်ရောက်ရှိသည့်အခါ လက်ထောက် နည်းပညာမှူးများနှင့် လူထုစည်းရုံးရေးမှူးများကို သက်ဆိုင်ရာကဏ္ဍအလိုက် သင်တန်းပြန်လည်ပို့ချပေးနိုင်စေရန်နှင့် စီမံကိန်း ဝန်ထမ်းများ၏ ... Read More »

လူထုဗဟိုပြုစီမံကိန်း ၀န်ထမ်းများအား အင်္ဂလိပ်စာစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းများပို့ချလျှက်ရှိ

15965479_1782252942038938_4338205958962231955_n

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၊ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော်   ဆောင်ရွက်လျှက်ရှိသော လူထှုဗဟိုပြုစီမံကိန်း မှာ စတုတ္ထနှစ် စက်ဝန်း (၂၀၁၆-၂၀၁၇ နှစ်)အတွင်း မြန်မာနိုင်ငံ တစ်ဝှမ်းလုံးရှိ မြို့နယ်ပေါင်း (၄၇)    မြို့နယ်ဆောင်ရွက်နေ သည်….. လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း ၀န်ထမ်းများ အင်္ဂလိပ်စာ စွမ်းဆောင်ရည်မြင့်မားလာစေရန်   အတွက်  အင်္ဂလိပ်စာသင်တန်းအား  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)  ၊ Union CDD Traslator များမှ မကွေးတိုင်းဒေသကြီး၊ ကျေးလက်    ဒေသ  ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် (၉.၁.၂၀၁၇)ရက်နေ့မှ (၁၄.၁.၂၀၁၇)ရက်နေ့ အထိ  သင်တန်းပို့ချလျှက် ရှိသည် …… မကွေးတိုင်းဒေသကြီး အတွင်းရှိ စီမံကိန်း ၀န်ထမ်းများ အား လက်ရှိ သင်တန်းပို့ချပြီးလျှင် ကျန်ရှိသော တိုင်းဒေသကြီး၊ ပြည်နယ်များရှိ စီမံကိန်း ၀န်ထမ်း များ ... Read More »

အလုပ်ကြော်ငြာ

အလုပ်ကြော်ငြာ စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်း (National Community Driven Development Project- NCDDP)   ကမ္ဘာ့ဘဏ်၏ ထောက်ပံ့ငွေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျှက် ရှိသောလူထုဗဟိုပြုစီမံကိန်း(နေပြည်တော်)တွင် တာဝန်ထမ်းဆောင်ရန် အောက်ဖော်ပြပါ ရာထူးများအတွက် စီမံကိန်း အကြံပေးဝန်ထမ်းများငှားရမ်းလိုပါသည်-   (၁) Contract Management and Procurement Specialist       Ref:(C.74)         (၂၄)လ              (၁)ဦး (၂) Logistics and Procurement Specialist                               Ref:(C.75)         (၂၄)လ              (၁)ဦ (၃) Procurement Specialist                                                       Ref:(C.58)         (၂၄)လ              (၂)ဦး (၄) Procurement Assistant/Trainer                                 ... Read More »

လူထုစည်းရုံးရေးမှူး နှင့် လက်ထောက်နည်းပညာမှူးများအတွက် အလုပ်လျှောက်လွှာခေါ်ယူခြင်း

လူထုဗဟိုပြုစီမံကိန်း   (National Community Driven Development Project_ NCDDP)   လူထုစည်းရုံးရေးမှူး နှင့် လက်ထောက်နည်းပညာမှူးများအတွက် အလုပ်လျှောက်လွှာခေါ်ယူခြင်း   hteelin152http://cdd.drdmyanmar.org/?attachment_id=1680 kwanchangone96http://cdd.drdmyanmar.org/?attachment_id=1681 kyauk-tan-100http://cdd.drdmyanmar.org/?attachment_id=1682 matupi136http://cdd.drdmyanmar.org/?attachment_id=1683 nathogyi138sheethttp://cdd.drdmyanmar.org/?attachment_id=1684 pauk124http://cdd.drdmyanmar.org/?attachment_id=1685 pyaw-bwe-160http://cdd.drdmyanmar.org/?attachment_id=1686 pyinnana-70http://cdd.drdmyanmar.org/?attachment_id=1687 saw136http://cdd.drdmyanmar.org/?attachment_id=1688 yame-thin-136http://cdd.drdmyanmar.org/?attachment_id=1689   Read More »

Technical Assistance Finance Officer

Ministry of Agriculture, Livestock and Irrigation Department of Rural Development (DRD) National Community Driven Development Project IDA Grant H814-MM Assignment Title: Technical Assistance Finance Officer (12 Months each) Employment Contract with DRD Location: (1) position in each of (Tatkone, Pinlebu, Sidoktaya and Ann)Townships The Republic of the Union of Myanmar has received financing from the World Bank towards the cost ... Read More »

Technical Assistance Team Leader (Lead CDD and Training Specialist)

Ministry of Agriculture, Livestock and Irrigation Department of Rural Development (DRD) National Community Driven Development Project IDA Grant H814-MM Assignment Title: Technical Assistance Team Leader (Lead CDD and Training Specialist) (12 Months) Employment Contract with DRD Location: (1) position in each of (Kyunsu, Kanpetlet, Pinlebu and Ann) The Republic of the Union of Myanmar has received financing from the World ... Read More »

ကယားပြည်နယ်၊ လွိုင်ကော် မြို့နယ်နှင့် ရှားတောမြို့နယ်တို့၏ လူထုဗဟိုပြုစီမံကိန်း မိတ်ဆက်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်း

၂၈.၉.၂၀၁၆ စိုက်ပျိုးရေး ၊မွေးမြူရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန   ၊ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန နှင့်      ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း အကောင် အထည်ဖော်  ဆောင်ရွက်လျက်ရှိသော   လူထုဗဟိုပြု စီမံကိန်း စတုတ္ထနှစ် စက်ဝန်းတွင်      ကယားပြည်နယ်၊ လွိုင်ကော် မြို့နယ်နှင့် ရှားတောမြို့နယ်တို့၏ လူထုဗဟိုပြုစီမံကိန်းမိတ်ဆက်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို (၂၈.၉.၂၀၁၆)ရက်နေ့ လွိုင်ကော်မြို့၊ မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ဆွေးနွေးပွဲသို့ ပြည်နယ် ဝန်ကြီးချုပ်နှင့် ဇနီး၊   ပြည်နယ်လွှတ်တော်ဥက္ကဌ၊   အစိုးရအဖွဲ့ဝင်များ ၊ဌာန ဆိုင်ရာအဖွဲ့ အစည်းများ၊  ကမ္ဘာ့ဘဏ် (World Bank)မှ ကိုယ်စားလှယ်များ၊   တိုင်းရင်းသားအဖွဲ့အစည်းများ၊  အရပ်ဖက်လူမှု အဖွဲ့ အစည်းများ   ၊ဒေသတွင်းဖွံ့ဖြိုးရေးမိတ်ဖက် အဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများ စုစုပေါင်း(၄၀၀)ခန့် တက်ရာက်ကြပါသည်။ ပြည်နယ်ဝန်ကြီးချုပ်၊ ကျေးလက်ဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်ကိုယ်စားလှယ်တို့မှ စီမံကိန်းနှင့်ပက်သက်ပြီး ရှင်းလင်းဆွေးနွေးပါသည်။ စီမံကိန်းကို ကယားပြည်နယ်အတွင်း  ... Read More »

လူထုဗဟိုပြုစီမံကိန်းမိတ်ဆက်ဆွေးနွေးပွဲများ ကယားပြည်နယ်၊ ကချင်ပြည်နယ်၊ နေပြည်တော် ရှိ စီမံကိန်းဆောင်ရွက်မည့်မြို့နယ်များတွင် စက်တင်ဘာနှင့် အောက်တိုဘာလအတွင်း ကျင်းပမည်

၂၀၁၆-၂၀၁၇ ခုနှစ်၊ စီမံကိန်း စတုတ္ထနှစ်စက်ဝန်းအတွင်း လူထုဗဟိုပြုစီမံကိန်းမိတ်ဆက်ဆွေးနွေးပွဲများကို လူထုဗဟိုပြုစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရန် ရွေးချယ်ခံရသည့် ကယားပြည်နယ်ရှိ လွိုင်ကော်၊ ဘောလခဲ၊ မဲ့ဆယ်၊ ရှားတောနှင့် ဖားဆောင်းမြို့နယ်များတွင်လည်းကောင်း၊ နေပြည်တော်ကောင်စီနယ်မြေရှိ ပျဉ်းမနားမြို့နယ်တွင်လည်းကောင်း၊ ကချင်ပြည်နယ်ရှိ မိုးကောင်းမြို့နယ်များတွင်လည်းကောင်း စက်တင်ဘာလနှင့် အောက်တိုဘာလများအတွင်း သက်ဆိုင်ရာမြို့နယ်များ၏ မြို့တော်ခန်းမများတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။ ကယားပြည်နယ်ရှိ ဖားဆောင်း၊ ဘော်လခဲ၊ မဲ့ဆယ်မြို့နယ်များအတွက် လူထုဗဟိုပြုစီမံကိန်းမိတ်ဆက်ဆွေးနွေးပွဲများကို ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့တွင် ဖားဆောင်းမြို့နယ်၊ မြို့တော်ခန်းမတွင်လည်းကောင်း၊ လွိုင်ကော်နှင့် ရှားတောမြို့နယ်များအတွက် လူထုဗဟိုပြုစီမံကိန်းမိတ်ဆက်ဆွေးနွေးပွဲများကို စက်တင်ဘာလ (၂၈) ရက်နေ့တွင် လွိုင်ကော်မြို့နယ်၊ မြို့တော်ခန်းမတွင်လည်းကောင်း၊ နေပြည်တော်ကောင်စီနယ်မြေရှိ ပျဉ်းမနားမြို့နယ်အတွက် အောက်တိုဘာလ (၄) ရက်နေ့တွင် ပျဉ်းမနားမြို့နယ်၊ မြို့တော်ခန်းမတွင်လည်းကောင်း၊ ကချင်ပြည်နယ်ရှိ မိုးကောင်းမြို့နယ်အတွက် အောက်တိုဘာလ (၄) ရက်နေ့တွင် မိုးကောင်းမြို့နယ်၊ မြို့တော်ခန်းမတွင်လည်းကောင်း အသီးသီးကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ လူထုဗဟိုပြု အဖွဲ့အစည်းများနှင့် ဖွံ့ဖြိုးရေးမိတ်ဘက် အဖွဲ့အ ... Read More »

လူထုဗဟိုပြုစီမံကိန်း တတိယနှစ် နှစ်ပတ်လည် ပြည်ထောင်စုအဆင့် သက်ဆိုင်သူပေါင်းစုံပါဝင်သော သုံးသပ်ဆွေးနွေးပွဲအခမ်းအနားကျင်းပ

မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုခန်းမ(၂)၊ နေပြည်တော် ​          စိုက်​ပျိုး​ရေး၊ ​မွေး​မြူ​ရေး​နှင့် ​ဆည်​မြောင်း​ဝန်​ကြီး​ဌာ​န၊ ​ကျေး​လက်​ဒေ​သ​ဖွံ့​ဖြိုးတိုး​တက်​ရေး ​ဦး​စီး​ဌာ​န​မှ ​က​မ္ဘာ့ဘဏ်၏ ​နည်း​ပ​ညာ​အ​ကူ​အ​ညီ​ဖြင့် ​အ​ကောင်​အ​ထည်​ဖော်​ဆောင်​ရွက်​လျက်​ရှိ​သည့် ​လူ​ထု​ဗ​ဟို​ပြု​စီ​မံ​ကိန်း ​တ​တိ​ယ​နှစ် ​နှစ်​ပတ်​လည် ​ပြည်​ထောင်​စု​အ​ဆင့် ​သက်​ဆိုင်​သူ​ပေါင်း​စုံ​ပါ​ဝင်​သော ​သုံး​သပ်​ခြင်း​အ​စည်း​အ​ဝေး​ကို (၁၅.၉.၂၀၁၆)​တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ ​ကျင်း​ပ​ခဲ့သည်။ အစည်းအဝေးကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ စီမံကိန်းသက်ဆိုင်သူများကို ဖိတ်ခေါ်၍ ပြီးခဲ့သည့် စီမံကိန်းနှစ်မှ ရရှိလာသော အတွေ့အကြုံများကို ဖလှယ်ပြီး နောက်နှစ် စီမံကိန်းအတွက် ပိုမိုတိုးတက်ကောင်းမွန်သော စီမံကိန်းဒီဇိုင်းများနှင့် အကောင်အ ထည်ဖော်ရေး နည်းလမ်းများကို ဆွေးနွေးညှိနှိုင်းရန်ဖြစ်သည်။ အစည်းအဝေးတွင် ​ကျေး​လက်​ဒေ​သ​ဖွံ့​ဖြိုး​တိုး​တက်​ရေး​ဦး​စီး​ဌာ၊ ​ပြည်​ထောင်​စု​ဝန်​ကြီး ​ဒေါက်​တာ​အောင်​သူ​နှင့် ​ဒု​တိ​ယ​ပြည်​ထောင်​စု​ဝန်​ကြီး​များ၊ ​က​မ္ဘာ့ဘဏ်​မှ ​တာ​ဝန်​ရှိ​ပု​ဂ္ဂိုလ်​များ၊ ​ဌာ​န​ဆိုင်​ရာ ​တာ​ဝန်​ရှိ​ပု​ဂ္ဂိုလ်​များ၊ ​သက်​ဆိုင်​ရာ​နိုင်​ငံ​တ​ကာ​ဆိုင်​ရာ ​သံ​အ​မတ်​ကြီး​များ၊ ​လွှတ်တော်​ကိုယ်​စား​လှယ်​များ၊ ​စီ​မံ​ကိန်း​မြို့​နယ်​များ​မှ ​တာ​ဝန်​ရှိ​ပု​ဂ္ဂိုလ်​များ၊ ​နည်း​ပ​ညာ​အ​ကြံ​ပေး​အ​ဖွဲ့များ​နှင့် ​ကျေး​ရွာ​ကော်​မ​တီ​ဝင်​များ၊ ​အ​စိုး​ရ​မ​ဟုတ်​သော​အ​ဖွဲ့အ​စည်း​များ၊ ​နိုင်​ငံ​တ​ကာ​ဆိုင်​ရာ ​အ​စိုး​ရ​မ​ဟုတ်​သော​အ​ဖွဲ့​အ​စည်း​များ၊ ​ဖွံ့​ဖြိုး​ရေး​မိတ်​ဘက်​အ​ဖွဲ့​အ​စည်း​များ၊ ... Read More »

လူထုဗဟိုပြုစီမံကိန်း နည်းပညာအကြံပေးများဖိုရမ် (Experts Forum) အခမ်းအနား (၄/၅-၉-၂၀၁၆) ကျင်းပ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်၏ နည်းပညာအကူအညီဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လူထုဗဟိုပြုစီမံကိန်း နည်းပညာအကြံပေးများဖိုရမ် (Experts Forum) အား စက်တင်ဘာ ၄ ရက်နေ့နှင့် ၅ ရက်နေ့တို့တွင်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရုံးအမှတ် (၁၄)၌ ကျင်းပခဲ့ပါသည်။ ဖိုရမ်တွင် စီမံကိန်းမြို့နယ် (၂၇)မြို့နယ်မှ နည်းပညာအကြံပေးများအပါအဝင် စီမံကိန်းဝန်ထမ်း (၄၅၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။ ဖိုရမ်ကျင်းပရခြင်း၏ရည်ရွယ်ချက်မှာ စီမံကိန်းနှင့်ပတ်သက်၍ မြို့နယ်များ၏ အောင်မြင်မှုများနှင့် အခက်အခဲများကို တစ်စုတစ်စည်းတည်း သိရှိစေရန်နှင့် ယခင်စီမံကိန်းအကောင်အထည်ဖော်ရာမှ တွေ့ကြုံရသည့် အကြောင်းအရာများကို မျှဝေကြပြီး နောက်နှစ် စီမံကိန်း ပိုမိုတိုးတက်ကောင်းမွန်စေရန် အကြံပြုဆွေးနွေးတိုင်ပင်ကြရန်ဖြစ်သည်။ ဖိုရမ်ဖွင့်ပွဲအခမ်းအနားတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်မှ အဖွင့်အမှာစကားပြောကြားရာတွင် လူထုစည်းရုံးရေးမှူးများဖိုရမ် (အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည်) နှင့် လက်ထောက်နည်းပညာမှူးများဖိုရမ်တို့ကို ဇူလိုင်နှင့် သြဂုတ်လများအတွင်းက ကျင်းပခဲ့ပြီးဖြစ်ပါကြောင်း၊ နည်းပညာအကြံပေးများဖြစ်သည့်အတွက် စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နယ်မြေဒေသ၊ ဘာသာစကား၊ ... Read More »

Free WordPress Themes - Download High-quality Templates