စီမံကိန်းအကြောင်း

လူထုဗဟိုပြုစဲီမံကိန်းနှင့် ပက်သက်သည့်  စီမံကိန်းဆိုင်ရာ အကြောင်းအရာများ

နိဒါန်း

အမိန့်ပေးစနစ်ဖြင့် အုပ်ချုပ်သည့် စစ်အုပ်ချုပ်ရေးမှ ဒီမိုကရက်တစ် အစိုးရသို့ ပြောင်းလဲခြင်း၊ ဗဟိုချုပ်ကိုင်သည့် စီးပွားရေးစနစ်မှ ဈေးကွက်ဦးဆောင်သည့် စီးပွားရေးစနစ်သို့ ကူးပြောင်းခြင်း၊ ငြိမ်းချမ်းရေး ပြန်လည် တည်ဆောက်ခြင်းဟူသော ပြောင်းလဲခြင်း သုံးရပ်၏ မူလအခြေခံသည် ပြည်သူလူထု ဗဟိုပြုသော ချဉ်းကပ်မှု နည်းလမ်းဖြစ်ပြီး ၊ကျေးလက်ဒေသ ဖွံ့ဖြိုးရေး မဟာဗျူဟာကို ထင်ဟပ်စေပါသည်။လူထုဗဟိုပြုစီမံကိန်း (လူထုအခြေပြု ဖွံ့ဖြိုးရေး အမျိုးသား စီမံကိန်း) ၏ ရည်ရွယ်ချက်မှာ အဓိကကျသောအခြေခံ အဆောက်အအုံများနှင့် ဝန်ဆောင်မှုများကို ကျေးလက်နေ ပြည်သူများ လူထုဗဟိုပြု ချဉ်းကပ်နည်းဖြင့်အလွယ်တကူ ရယူ အသုံးပြုနိုင်စေရန်နှင့် ပဋိပက္ခ/အရေးပေါ် အခြေအနေတစ်ရပ် ပေါ်ပေါက်လာပါက လျင်မြန်ထိရောက်စွာ တုံ့ပြန် ဖြေရှင်းပေးနိုင်စေရန်အတွက် အစိုးရ၏ အရည်အသွေး မြင့်မားလာစေရန်တို့ပင် ဖြစ်သည်။အစိုးရနှင့် ရပ်ရွာများအကြား ကောင်းမွန်သော ဆက်ဆံရေးကို တိုးတက် ဖြစ်ထွန်းလာစေနိုင်မည် ဖြစ်ပါသည်။

“စီမံကိန်းကို ကမ္ဘဘဏ်မှ ထောက်ပံငွေ အမေရိကန်ဒေါ်လာသန်း(၈၀)ဖြင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရ၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန လက်အောက်ရှိ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ပါသည်။”

စီမံကိန်းရည်ရွယ်ချက်

စီမံကိန်းရည်ရွယ်ချက်များကို အောက်ပါအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

  • ရပ်ရွာက ရွေးချယ်ပေးသော ကျေးလက် အခြေခံအဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံမှုများအား ငွေကြေး ထောက်ပံ့ခြင်း၊
  • ဒေသ အာဏာပိုင်များနှင့် ပူးပေါင်းပြီး ဒေသခံ လူ့အဖွဲ့အစည်း၏ ဖွံ့ဖြိုးရေးဆိုင်ရာ ဦးစားပေးအစီအစဉ်များဖော်ထုတ်ခြင်း၊ စီမံချက်ချမှတ်ခြင်း၊ အကောင်အထည်ဖော်ခြင်းဆိုင်ရာ စွမ်းဆောင်ရည် အားကောင်းလာစေခြင်း၊
  • စီမံကိန်း လုပ်ငန်းစဉ်တစ်လျှောက်လုံးတွင် ဒေသခံလူ့အဖွဲ့အစည်းမှ ဆင်းရဲနွမ်းပါးပြီး အထိအခိုက် မခံသောသူများ ပါဝင်နိုင်ခြင်း၊ ကျား/မ မရွေး ပါဝင်နိုင်စေခြင်း၊

စီမံကိန်းအစိတ်အပိုင်းမျာစီမံကိန်းအစိတ်အပိုင်းများ                                                                                                           စီမံကိန်းတွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် အပိုင်း ငါးခု ပါဝင်ပါသည်။

လူထုသို့ တိုက်ရိုက်ထောက်ပံ့ငွေ။ ၁၅ မြို့နယ်ရှိ ကျေးရွာအုပ်စုတိုင်းအား ရန်ပုံငွေကို သုံးနှစ် ဆက်တိုက်ထောက်ပံ့ သွားမည် ဖြစ်ပါသည်၊ ထောက်ပံ့ရာတွင် ကျေးရွာများက တင်ပြသော စီမံကိန်း လုပ်ငန်းခွဲကိုသာ ထောက်ပံ့ခြင်း ဖြစ်သည်။

ကူညီထောက်ပံ့မှုနှင့် စွမ်းဆောင်ရည်မြှင့်တင်းခြင်း။ လူထုစည်းရုံးရေးမှူးများ ငှားရမ်းခြင်း အပါအဝင်ပြည်ထောင်စုနှင့် မြို့နယ်အဆင့်များတွင် နည်းပညာ အကြံပေးအဖွဲ့/ပုဂ္ဂိုလ်များ ငှားရမ်းခြင်းနှင့်စွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ ပါဝင်ပါသည်။

အသိပညာနှင့် လေ့လာသင်ယူခြင်း။ မြန်မာနိုင်ငံအတွင်းနှင့် အခြားနိုင်ငံများသို့ လေ့လာရေး ခရီးစဉ်များစေလွှတ်ခြင်း၊ နှစ်စဉ်လေ့လာသုံးသပ်ခြင်းနှင့် လူထုဗဟိုပြုလုပ်ငန်းများနှင့် ပတ်သက်၍ ပြိုင်ပွဲများ ကျင်းပခြင်းတို့ ပါဝင်ပါသည်။

အကောင်အထည်ဖော် ဆောင်ရွက်မှု အထောက်အကူပြုခြင်း။ ပြည်ထောင်စုနှင့် မြို့နယ်အဆင့် စီမံခန့်ခွဲမှုအထောက် အကူနှင့် ငွေကြေးနှင့် နည်းပညာ စစ်ဆေးမှု အထောက်အပံ့တို့ ပါဝင်ပါသည်။

အရေးပေါ် အခြေအနေများတွင် တုံပြန်ခြင်း။ ဖြစ်ပေါ်လာနိုင်သော ဘေးအန္တရာယ်များနှင့် အရေးပေါ်အခြေအနေများကို အလျင်အမြန် တုန့်ပြန် ဆောင်ရွက်နိုင်စေရန် လိုအပ်ပါက အခြားအပိုင်းမှ ငွေများကိုလွှဲပြောင်း သုံးစွဲခြင်းဖြစ်ပါသည်။

စီမံကိန်းမြို့နယ်များ                                                                                                                                                                စီမံကိန်းကို ပြည်နယ်/ တိုင်းဒေသကြီး ၁၄ ခုမှ မြို့နယ် တစ်မြို့နယ်စီအပြင် ပြည်ထောင်စု နယ်မြေမှ မြို့နယ်တစ်မြို့နယ်၊ စုစုပေါင်း ၁၅ မြို့နယ်တွင် အောက်ပါအတိုင်း အကောင်အထည်ဖော်သွားမည် ဖြစ်သည်။

၂၀၁၃-၂၀၁၄ ခုဘဏ္ဍာရေးနှစ်တွင်စတင်အကောင်အထည်ဖော်သော မြို့နယ်(၃) ခု
– ချင်းပြည်နယ်၊ ကန်ပက်လက်မြိုနယ်
– ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့နယ် (မြောက်ပိုင်း)
– တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်
၂၀၁၄-၂၀၁၅ ခုဘဏ္ဍာရေးနှစ်တွင်စတင်၍ အကောင်အထည်ဖော်သော မြို့နယ်(၆) ခု
– ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်
– စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့နယ်
– မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်
– ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်
– ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်
– နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်
၂၀၁၅-၂၀၁၆ ခုဘဏ္ဍာရေးနှစ်တွင်စတင်၍ အကောင်အထည်ဖော်မည့် မြို့နယ်(၆) ခု
– မွန်ပြည်နယ် မှ တစ်မြို့နယ်
– ပဲခူးတိုင်းဒေသကြီးမှ တစ်မြို့နယ်
– ကရင်ပြည်နယ်မှ တစ်မြို့နယ်
– ကချင်ပြည်နယ်မှ တစ်မြို့နယ်
– မန္တလေးတိုင်းဒေသကြီးမှ တစ်မြို့နယ်
– ကယားပြည်နယ်မှ တစ်မြို့နယ်
၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် မြို့နယ်ရွေးချယ်ရေးဆိုင်ရာအကြံဥာဏ်ရယူခြင်းအစည်းအဝေးများကျင်းပလျက်ဦးစားပေးမြို့နယ် များအလိုက် ရွေးချယ်ဆောင်ရွက်လျက်ရှိပါသည်။ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည့်မြို့နယ်များအဖြစ် သတ်မှတ်ရွေးချယ်ခြင်းမရှိသေးပါ။

စီမံကိန်းမြို့နယ်ရွေးချယ်မှုလုပ်ငန်းစဉ်                                                                                                                         စီမံကိန်းမြို့နယ်များ ရွေးချယ်ရာတွင် ဆင်းရဲ မွဲတေမှုသည် အခြေခံမူ ဖြစ်သည်။ ဖြည့်စွက်သော မူများမှာ

(၁) အလားသဏ္ဌာန်တူသော လုပ်ငန်းများအတွက် အခြား ထောက်ပံ့ငွေမရရှိမှု၊

(၂) မြို့နယ် ဒေသအာဏာပိုင်များ၏ စီမံကိန်းအပေါ်လိုလားမှု၊ အကောင်အထည်ဖော်နိုင်စွမ်းရှိမှု

(၃) မြို့နယ်၏ တည်ငြိမ်အေးချမ်းမှု၊

(၄) မြို့နယ်အတွင်း စီမံကိန်းကို လွယ်ကူစွာဝင်ရောက်ရေး၊ သွားရေးလာရေး အဆင်ပြေမှုတို့ ဖြစ်သည်။

စီမံကိန်း အကောင်အထည်ဖော်နေစဉ် အခြား ထောက်ပံ့မှုရင်းမြစ်များ ရရှိလာပါက ဆန်ခါတင် အဆင့်တွင်အမည်စာရင်း တင်သွင်းခံရသည့် မြို့နယ်များကို ဦးစားပေး ဆောင်ရွက်မည် ဖြစ်သည်။ အခြားထောက်ပံ့မှုများ ထပ်မံ ရရှိမှုပေါ်မူတည်၍ လူထုဗဟိုပြုစီမံကိန်း/အစီအစဉ်ကို တိုးချဲ့ ဆောင်ရွက်သွားမည် ဖြစ်သည်၊ မြို့နယ်အသစ်များ ထပ်မံ တိုးတက်လာနိုင်ပါသည်။

လူထုသို့ တိုက်ရိုက်ထောက်ပံ့ငွေများ                                                                                                                      ပထမနှစ်ထောက်ပံ့ငွေ ၂ဝ၁၄-၁၅ ကို အောက်ပါပုံသေနည်းအတိုင်း တွက်ချက်မည် ဖြစ်သည်။ ကျေးရွာအုပ်စုလူဦးရေ ထောက်ပံ့ငွေ

၃ဝဝဝ အောက် ၂ဝ,ဝဝဝ,ဝဝဝ ကျပ်

၃ဝဝဝ မှ ၅ဝဝဝ ၄ဝ,ဝဝဝ,ဝဝဝ ကျပ်

၅ဝဝဝ မှ ၉ဝဝဝ ၆ဝ,ဝဝဝ,ဝဝဝ ကျပ်

၉ဝဝဝ အထက် ၁၂ဝ,ဝဝဝ,ဝဝဝ ကျပ်

ရပ်ရွာစီမံကိန်းကာလ ကုန်ဆုံးချိန်တိုင်းတွင် ခွင့်ပြုသည့် ပုံသေနည်းကို ကျေးလက်/ဦးစီးနှင့် ကမ္ဘာ့ဘဏ်တို့က ပြန်လည်သုံးသပ်ပြီး လိုအပ်ပါက ပြုပြင်ရေးဆွဲမည်။ စီမံကိန်းက ငွေကြေးထောက်ပံ့မည့် ကျေးရွာ စီမံကိန်း လုပ်ငန်းခွဲတစ်ခုအတွက် ပထမဆုံးနှစ်တွင် အနိမ့်ဆုံးသတ်မှတ်ချက် ပမာဏ မရှိပါ၊ ဒုတိယနှစ်နှင့် နောက်ဆုံးနှစ်တွင် စီမံကိန်း လုပ်ငန်းခွဲတစ်ခုသည် အနည်းဆုံး ကျပ်နှစ်သန်း ရှိရမည်။ ကျေးရွာ စီမံကိန်း လုပ်ငန်းခွဲတစ်ခုအတွက် အမြင့်ဆုံး ပမာဏသည် ကျပ် သန်း ၁၁ဝ ဖြစ်သည်။ သို့သော် ကျပ် သန်း ၄ဝ ထက်ပိုသော စီမံကိန်း လုပ်ငန်းခွဲ တစ်ခုချင်းအတွက် ကျေးလက်/ဦးစီး ရုံးချုပ်၏ အတည်ပြုချက်နှင့် ကမ္ဘာ့ဘဏ်၏ ကန့်ကွက်ရန်မရှိကြောင်းစာ ရယူရန် လိုအပ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

*

Free WordPress Themes - Download High-quality Templates