မြို့နယ် သက်ဆိုင်သူ ပေါင်းစုံပါဝင်သော စီမံကိန်းသုံးသပ်ခြင်း အစည်းအဝေးဖိတ်ကြားခြင်း

မိတ်ဆွေများ ခင်ဗျား

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လူထုဗဟိုပြု စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် မြို့နယ် ၉ မြို့နယ်အနက်  ကျေးရွာစီမံကိန်း နှစ်ပတ်လည်အစည်းအဝေးဖြစ်သည့် “မြို့နယ်အဆင့် သက်ဆိုင်သူ အဖွဲ့အစည်းပေါင်းစုံပါဝင်သော သုံးသပ်ဆွေးနွေးပွဲ အခမ်းအနား”  ကျင်းပရန်ကျန်ရှိသည့် မြို့နယ် (၃) မြို့နယ်ဖြစ်သော စေတုတ္တရာမြို့နယ်၊ ပင်လည်ဘူးမြို့နယ်၊ အမ်းမြို့နယ်တို့၌ သက်ဆိုင်ရာမြို့နယ် အလိုက် ပူးတွဲဖော်ပြပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။

လူထုဗဟိုပြုစီမံကိန်းကို ကမ္ဘာ့ဘဏ်၏ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ သန်း ၈ဝ ဖြင့် ၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီလ တွင် စတင် မိတ်ဆက်ခဲ့ပြီး မြန်မာနိုင်ငံရှိ ကျေးလက်နေပြည်သူများအနေဖြင့် လူထုကို ဗဟိုပြုသောနည်းလမ်း အသုံးပြု၍ အခြေခံအဆောက်အဦများ ဖွံ့ဖြိုး တိုးတက်လာစေရန်နှင့် ထိုအခြေခံအဆောက်အုံများကို လက် လှမ်းမီ အသုံးချ၍ အကျိုးခံစားခွင့်ရရှိစေရန် ရည်ရွယ်ပါသည်။

အစည်းအဝေး၏ ရည်ရွယ်ချက်မှာ စီမံကိန်းစက်ဝန်းတစ်နှစ် အတွင်း  အကောင်အထည်ဖော် ဆောင်ရွက်မှု အခြေ အနေများကို ပြန်လည်သုံးသပ်ရန်၊ နောက်စီမံကိန်းစက်ဝန်းတွင် ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နိုင် မည့် နည်းလမ်းများ ထုတ်ဖော်အသုံးပြုရန်နှင့် ကျေးရွာဖွံ့ဖြိုးရေးအတွက် အစိုးရမဟုတ်သူများနှင့် ဆက်သွယ် စကားပြောနိုင်သည့် အခွင့်အရေး ရရှိစေရန် ရည်ရွယ်ပါသည်။ မြို့နယ်အဆင့် သက်ဆိုင်သူပေါင်းစုံပါဝင်သော သုံးသပ်ဆွေးနွေးပွဲမှ ရရှိလာသည့် အကြံပြုသုံးသပ်ချက်များကို ပြည်ထောင်စုအဆင့် အစည်းအဝေးသို့ ဆက်လက်တင်ပြ မည် ဖြစ်သည်။

မြို့နယ်အဆင့် သက်ဆိုင်သူအဖွဲ့အစည်းပေါင်းစုံ ပါဝင်သော သုံးသပ်ဆွေးနွေးပွဲအခမ်းအနားကို ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကမကထပြု၍ ကျင်းပသွားမည် ဖြစ်ပြီး   မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ လူမှုအဖွဲ့အစည်းများ၊ လူထုအခြေပြု အဖွဲ့အစည်းများ၊ တိုင်းရင်းသား ကိုယ်စားလှယ်များ၊ ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေသော အဖွဲ့အစည်းများနှင့် လူထုကိုယ်စားလှယ်များ အပါအဝင် စိတ်ပါ ဝင်စားသူ အဖွဲ့အစည်းများအားလုံး ပါဝင်သုံးသပ် ဆွေးနွေးကြရန် ဖြစ်ပါသည်။

လူထုဗဟိုပြုစီမံကိန်း ပိုမိုတိုးတက်ကောင်းမွန်စေရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဤဆွေးနွေးပွဲသို့ တက်ရောက်၍ တာ်တို့နှင့် အတူတကွ ပါဝင်ဆွေးနွေးပေးနိုင်ပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။ တက်ရောက်ရန် စိတ်ပါဝင်စားသည့် ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများအနေဖြင့် ကျေးဇူးပြု၍ cdd.drdmyanmar@gmail.com သို့ အဆိုပါ အစည်းအဝေးများ မကျင်းပမီ ၃ ရက်ကြိုတင်၍ ဆက်သွယ် အကြောင်းကြား ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဖိတ်စာနှင့်အတူ ဆွေးနွေးပွဲအစီအစဉ် (မူကြမ်%O鎯_{Kw့် မြို့နယ်များတွင် အစည်း အဝေး ကျင်းပမည့် နေ့ရက်အစီအစဉ်ဇယား ပူးတွဲပေးပို့ထားပါသည်။

လေးစားစွာ

ကျော်စိုး

စီမံကိန်းဒါရိုက်တာ

လူထုဗဟိုပြုစီမံကိန်း