ကျေးလက်လူထု၊အခြေပြု၊ ဖွံ့ဖြိုးမှုကို၊ တို့ရှေးရှု

 

ဒေါ်စန်းစန်းလှ (ကျေးရွာစီမံကိန်းဖွံ့ဖြိုးရေးအထောက်အကူပြု ကော်မတီ ဥက္ကဌ-အမျိုးသမီး) နှင့် ဦးချမ်းမြေ့အောင် (ကျေးရွာစီမံကိန်းဖွံ့ဖြိုးရေးအထောက် အကူပြု ကော်မတီ ဥက္ကဌ – အမျိုးသား) တို့ ဘဏ္ဍာရေးစရင်းများအား စစ်ဆေးနေစဉ်

=================================

“ကျေးလက်လူထု၊ အခြေပြု၊ ဖွံ့ဖြိုးမှုကို၊တို့ရှေးရှု”

ဆိုတဲ့ဆောင် ပုဒ်လေးနဲ့ကိုက်ညီအောင်တကယ်

ပဲကူညီပံ့ပိုးပေးလျက်ရှိသောလူထုဗဟိုပြုစီမံကိန်း

မှ အလှူရှင်များနှင့်တကွ သက်ဆိုင်ရာ အရာရှိ ဝန်ထမ်းများအားလုံးကိုကျွန်မတို့မြို့နယ်၊ကျေးရွာ

များမှ ပြည်သူ အားလုံး ကိုယ်စားကျေးလက် လူထု

ဗဟိုပြုစီမံကိန်းရဲ့ နည်းလမ်း စည်းကမ်း များအားလုံး

ကို လေးစားပြီး အထူးပဲကျေးဇူး တင်ရှိပါတယ်ရှင်။

.

ကျွန်မအနေနဲ့ ပထမနှစ်စီမံကိန်းစက်ဝန်းမှာ ထက် ဒုတိယနှစ်စက်ဝန်းတွင်ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံ များကို

ရေးသားတင်ပြရလျင်—

.

ကျွန်မအနေနဲ့ပထမနှစ်စီမံကိန်းမှာထက် ဒီနှစ် မှာ

လူမှုဆက်ဆံရေးဗဟုသုတတွေ၊လုပ်ငန်းလည်ပတ်ရေး၊ ဝယ်ယူရေး၊ ပြုပြင်ထိန်းသိမ်းရေး အစရှိတဲ့ ဗဟုသုတ

များစွာကို အများကြီး နားလည် သဘောပေါက်သိရှိခွင့်

ရခဲ့ပါတယ်။

.

လူမှုဆက်ဆံရေးဗဟုုသုတ အနေနှင့်ကတော့ ပထမနှစ်

မှာတုန်းကဆိုရင် ကိုယ့်ကိုယ်ကိုလူအများနဲ့ တွေ့ ထိ

ဆက်ဆံရတာကို မဝံ့မရဲနှင့် ကိုယ်ပြောလိုက်တဲ့စကား၊ ကိုယ်လုပ်နေတဲ့လုပ်ငန်းအပေါ်စိုးရိမ်စိတ်တွေ ၊ကြောက်စိတ်တွေနဲ့ ဖြတ်သန်းခဲ့ရပါတယ်။ ယခု

ဒုတိယနှစ်မှာတော့ အဲဒီလိုကြောက်စိတ်လေးတွေ

မဖြစ်အောင် ကိုယ့်ကိုယ်ကိုပြုပြင်နိုင်ခဲ့ပါတယ်။

.

ဝယ်ယူရေး၊ လုပ်ငန်း လည်ပတ်ရေးနှင့် ပြုပြင်ထိန်းသိမ်းမှု

အပိုင်းမှာလည်း မနှစ်ကနဲ့မတူပဲ ဒီနှစ်မှာ အတတ်နိုင်ဆုံး၊ အကောင်းဆုံးဖြစ်အောင်လုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကိုယ်တစ်ဦးကောင်း၊တစ်ယောက်ကောင်းနှင့် လုပ်လို့ရတဲ့

စီမံကိန်း လုပ်ငန်းမဟုတ်ပဲ၊ ကော်မတီဝင်များနှင့် ကျေးရွာ

သားများအားလုံး ညီညွတ်မှ ဖြစ်နိုင်တာမို့ ကျွန်မအနေနဲ့ ပိုမိုစည်းရုံးလုပ်ဆောင်ရမယ်ဆိုတာသိလာပါတယ်။

.

ကျွန်မတို့ အေးရွာလေး ကျေးရွာမှာ ပထမနှစ်စီမံကိန်း

စက်ဝန်းမှာ ရရှိတဲ့ ထောက်ပံ့ငွေကို လုပ်ငန်း အကောင် အထည်ဖော်ရာမှာလုပ်သားများကို ကျား/မတန်းတူငှား

ရမ်းခြင်းစနစ်ဖြင့် လုပ်ကိုင်ခဲ့သော်လည်း၊ လူထု၏ ထည့်ဝင်မှုမရှိခဲ့သလို ပြင်ပအလှူရှင်များပါဝင်လာအောင် လည်းစည်းရုံးနိုင်ခြင်းလည်းမရှိခဲ့ပါဘူး။

.

ဒီနှစ်ဒုတိယနှစ်စီမံကိန်းစက်ဝန်းမှာတော့ ပထမနှစ် တုန်း

ကလိုပုံစံမျိုးမသွားတော့ပဲ၊ လုပ်သားအင်အား လှူဒါန်းခြင်း၊

ငွေကြေးအလှူရှင်နှင့် အဟာရဒါန အလှူရှင်တွေပါဝင်

လာအောင် ကော်မတီဝင်များအနေနှင့် ကြိုးပမ်းဆောင်

ရွက်နိုင်ခဲ့ပါတယ်။

.

ယခုလိုစည်းရုံးမှုပြုနိုင်ခဲ့တာဟာလဲကျွန်မတို့ ကျေးရွာ

များအလိုက်ကော်မတီဝင်အချို့ကို ပထမနှစ်စီမံကိန်း

စက်ဝန်းမှ ဒုတိယနှစ်စီမံကိန်းစက်ဝန်းသို့ အကောင် အထည်ဖော်လုပ်ကိုင်လျက်ရှိသော မြို့နယ်/ကျေးရွာ

များသို့ (CDD) လူထုဗဟိုပြုစီမံကိန်းမှ ငွေကုန်ကြေး

ကျခံပြီး လေ့လာရေး ခရီးများ စေလွှတ်ခဲ့သော အကျိုး

ကျေးဇူးများကြောင့်လို့ ကျွန်မအနေနဲ့ယူဆမိပါတယ်။

ကျွန်မတို့လေ့လာရေးခရီးမှာ အခြားရွာတွေက လူထု

ထည့်ဝင်မှုတွေအားကောင်းပြီး၊ တတ်နိုင်သမျှ ပါဝင်

ကြတာကို တွေ့ရှိလေ့လာခဲ့ရလို့ပါပဲ။ ဒါကြောင့် မို့

လည်း စီမံကိန်းလုပ်ငန်းအပေါ်မှာ တကယ့်ကို ပါဝင်

လုပ်ကိုင်နိုင်ကြ တဲ့ စေတနာရှင်ကော်မတီ ဝင် များကို မိမိတို့ရွာဖွံ့ဖြိုးမှုလုပ်ငန်းကြီးဆက်လက်တည်တံ့နိုင်

အောင် ပံ့ပိုးပေးပါရန်လည်း အကြံပြုချင် ပါတယ်။

.

ကျေးရွာတိုင်းမှာလည်း များသောအားဖြင့် စီမံကိန်း

လုပ်ငန်းကို ပါဝင်လှုပ်ရှားမှုမှာ လူကြီးပိုင်းနှင့် ပညာ

အရည်အချင်းနည်းပါးသူတွေကမိမိတို့တတ်စွမ်းတဲ့

ဘက်ကနေတက်နိုင်သလောက်အားထုတ်ပြီး ပါဝင်နေ

ကြတာကို တွေ့နေရပါတယ်။ တကယ်လို့လူကြီးပိုင်း

သာမက လူလတ်ပိုင်း၊ လူငယ်ပိုင်း တို့ ကျား/မ မရွေးပဲ

ပညာတတ်များပါ ပူးပေါင်းပါဝင်လာမယ်ဆိုရင် ဒီစီမံ

ကိန်း လုပ်ငန်းကြီးပိုမိုအောင်မြင် တိုးတက် လာနိုင်မယ်

လို့ယူဆရင်း နိဂုံးချုပ်အပ်ပါတယ်ရှင်။

.

.

[ဒေါ်စန်းစန်းလှ (ကျေးရွာစီမံကိန်းဖွံ့ဖြိုးရေးအထောက်အကူပြု ကော်မတီ ဥက္ကဌ-အမျိုးသမီး၊ ကျေးရွာအုပ်စုစီမံကိန်းဖွံ့ဖြိုးရေးအထောက်အကူပြုကော်မတီ၏ ဘဏ္ဍာရေးဥက္ကဌ)၊ အေးရွာလေးကျးရွာ၊ ဓနဲရိကျေးရွာအုပ်စု မှ ရေးသားပေးပို့

သော စာအား မူရင်းအတိုင်း (အနည်းငယ်သာဖြည့်ဆွက်) “အကျိုးခံစားရသူတို့၏အသံများ” အနေဖြင့် မှတ်တမ်းတင်ဖော်ပြအပ်ပါသည်။]

=================================

CDD-ထန်းတပင်