လူထုဗဟိုပြုစီမံကိန်း လက်တွေ့ အကောင်အထည်ဖော်ဆောင်ရေးဆိုင်ရာ လုပ်ငန်းခွင်ဝင်သင်တန်းဖွင့်ပွဲ

 
လူထုဗဟိုပြုစီမံကိန်း ဒုတိယနှစ်အဖြစ် စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့နယ်၊ မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့နယ်၊ ရခိုင်ပြည်နယ် အမ်းမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်၊ နေပြည်တော်ကောင်စီနယ်မြေ မှ တပ်ကုန်းမြို့နယ် တို့တွင် စတင်အကောင်အထည်ဖော်ဆောင် ရွက်တော့မည်ဖြစ်ရာ လူထုဗဟိုပြုစီမံကိန်း လက်တွေ့ အကောင်အထည်ဖော်ဆောင်ရေးဆိုင်ရာ လုပ်ငန်းခွင်ဝင်သင်တန်းဖွင့်ပွဲ အခမ်းအနားကို (၁၉-၁-၂၀၁၅) ရက်နေ့တွင် မွေးမြုရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများကြဖြစ်သော ဦးတင်ငွေ၊ ဦးခင်မောင်အေး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူးချုပ်များ၊ ညွန်ကြားရေးမှူးများ၊ ဒုတိယ ညွန်ကြားရေးမှူးများ၊ လူထုဗဟိုပြုစီမံကိန်း(ပြည်ထောင်စုအဆင့်)မှနည်းပညာအကြံပေးအဖွဲ့ဝင်များ နှင့် သင်တန်းသား/သင်တန်းသူ စုစုပေါင်း (၇၀) ခန့်တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန မှဒုတိယဝန်ကြီး ဦးတင်ငွေမှ သင်တန်းအဖွင့်အမှာစကားပြောကြားရာ- သင်တန်းကျင်းပရခြင်းရည်ရွယ်ချက်ဖြစ်သော စီမံကိန်းဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်မားပြီး ကျေးရွာလူထုကို ထိထိရောက်ရောက်ကူညီဆောင်ရွက်နိုင်ရေး -လူထုဗဟိုပြု စီမံကိန်း သဘောလက္ခဏာများ (စီမံကိန်း ပြင်ဆင်ခြင်း၊အကောင်အထည်ဖော် ခြင်း၊ ကြီးကြပ်ခြင်းကို လူထုကိုယ်တိုင်ဆောင်ရွက်ခြင်း) -အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများနှင့် - ရပ်ရွာ လူထုစွမ်းဆောင်ရည်မြင့်တင်ပေးရေးအတွက် စီမံကိန်းဝန်ထမ်းများ၏ Capacity Buildup အရေးကြီးအခန်းကဏ္ဍရပ်များ စသည်ဖြင့်ရှင်းလင်းမှာကြားခဲ့ပါသည်။ ဆက်လက်၍ လူထုဗဟိုပြုစီမံကိန်း(ပြည်ထောင်စုအဆင့်)မှ Project Technical Assistance Team Leader ဖြစ်သူ Mr. Klaus မှ သင်တန်းမိတ်ဆက်စကားပြောကြားခဲ့ပါသည်။ သင်တန်းကို လူထုဗဟိုပြုစီမံကိန်း ဒုတိယနှစ်စီမံကိန်းမြို့နယ်များမှ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်အဆင့် နည်းပညာအကြံပေးအဖွဲ့ဝင်များစုစုပေါင်း(၄၄)ကို (၁၉-၁-၂၀၁၅) ရက်နေ့မှ (၂၃-၁-၂၀၁၅) ရက်နေ့ထိစုစုပေါင်း (၅) ရက် သင်ကြားပို့ချသွားမည်ဖြစ်ပါသည်။ Credit: Ko Than Naing Win Photo: DRD