လူထုဗဟိုပြုစီမံကိန်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မှ စီမံကိန်းဝန်ထမ်းများ အင်ဒိုနီးရှားနိုင်ငံ PNPM-Mandiri (National Program For Community Empowerment Projecet) သို့သွားရောက်လေ့လာ

 

လူထုဗဟိုပြုစီမံကိန်း မှ စီမံကိန်းအဖွဲ့ဝင်များဖြစ်သော ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦစီးဌာနမှ ဒုတိယ ညွန်ကြားရေးမှူး ဦးလှခိုင်၊ ဦးကျော်စွာအောင်၊ ဒေါ်မီမီထွေး တို့ခေါင်းဆောင်၍ ပြည်ထောင်စုအဆင့် စီမံကိန်းအဖွဲ့ဝင်ဝန်ထမ်းများ၊ စီမံကိန်း မြို့နယ်များမှ မြို့နယ်ကျေးလက်ဦးစီးမှူးများ ပါဝင်သော အဖွဲ့သည် အင်ဒိုနီရှားနိုင်ငံ Ministry For Human Development and Culture မှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော PNPM-Mandiri (National Program For Community Empowerment Projecet) စီမံကိန်းသို့ (၁၂.၁.၂၀၁၅) ရက်နေ့မှ (၁၇.၁.၂၀၁၅) ရက်နေ့ထိလေ့လာရေးခရီးသွားရောက်ခဲ့ကြပါသည်။

လေ့လာရေးခရီးစဉ် ပထမနေ့တွင် ဂျာကာတာမြို့ရှိ Ministry For Human Development and Culture ရုံးခန်းမတွင် အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ်မှ တာဝန်ရှိသူများ၊ PNPM-Mandiri မှတာဝန်ရှိသူများ နှင့်တွေဆုံကာ PNPM-Mandiri မှ တာဝန်ရှိသူများ မှ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ပုံအဆင့်ဆင့်နှင့် ပဋိပက္ခ ဖြစ်ပွားမှု ဧရိယာအတွင်း စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရာတွင်ကြုံတွေရသော အခက်အခဲများ၊ စိန်ခေါ်မှုများ များကို ရှင်းလင်းပြောကြားပြီး လေ့လာရေးအဖွဲ့ခေါင်းဆောင် ဦးလှခိုင်(ဒုတိယညွန်ကြားရေးမှူး) မှလည်း လူထုဗဟိုပြုစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးခဲ့ကာ သိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ကြပါသည်။

ထိုနောက် အင်ဒိုနီးရှာနိုင်ငံ Maluku စီရင်စုမှ Ambon မြို့သို့သွားရောက်ကာ Salahutu Sub-district, Laihitu Sub-district အတွင်းရှိ ကျေးရွာများသို့သွားရောက်၍ ကျေးရွာအဆင့် PNPM-Rural မှစီမံကိန်းကော်မတီဝင်များနှင့်တွေဆုံပြီး ပဋိပက္ခ အခြေအနေအတွင်း စီမံကိန်းအကောင်ထည်ဖော်ဆောင်ကြပုံအဆင့်ဆင့်နှင့် ကျေးရွာလူထုကိုယ်တိုင်ဦးဆောင်ပြီး ဆောင်ရွက်ထားကြသော ကျေးလက် လမ်း/တံတား/ရေပေးရေး/ကျေးလက်စျေး/ကျေးလက် ဆေးပေးခန်းများကို သွားရောက်လေ့လာခဲ့ကြပါသည်။