လူထုဗဟိုပြုစီမံကိန်း ၀န်ထမ်းများအား အင်္ဂလိပ်စာစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းများပို့ချလျှက်ရှိ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၊ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော်   ဆောင်ရွက်လျှက်ရှိသော လူထုှဗဟိုပြုစီမံကိန်း မှာ စတုတ္ထနှစ် စက်ဝန်း (၂၀၁၆-၂၀၁၇ နှစ်)အတွင်း မြန်မာနိုင်ငံ တစ်ဝှမ်းလုံးရှိ မြို့နယ်ပေါင်း (၄၇)    မြို့နယ်ဆောင်ရွက်နေ သည်.....

လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း ဝန်ထမ်းများ အင်္ဂလိပ်စာ စွမ်းဆောင်ရည်မြင့်မားလာစေရန်   အတွက်  အင်္ဂလိပ်စာသင်တန်းအား  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)  ၊ Union CDD Traslator များမှ မကွေးတိုင်းဒေသကြီး၊ ကျေးလက်    ဒေသ  ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် (၉.၁.၂၀၁၇)ရက်နေ့မှ (၁၄.၁.၂၀၁၇)ရက်နေ့ အထိ  သင်တန်းပို့ချလျှက် ရှိသည် ......

မကွေးတိုင်းဒေသကြီး အတွင်းရှိ စီမံကိန်း ဝန်ထမ်းများ အား လက်ရှိ သင်တန်းပို့ချပြီးလျှင် ကျန်ရှိသော တိုင်းဒေသကြီး၊ ပြည်နယ်များရှိ စီမံကိန်း ဝန်ထမ်း များ အားလည်း သင်တန်းပို့ချသွားမည်ဖြစ်ပါသည်.......

(၁၁.၁.၂၀၁၇)