လူထုဗဟိုပြုစီမံကိန်း လူထုစည်းရုံးရေးမှူးများဖိုရမ် (အထက်မြန်မာပြည်)Day 2

ကျေးလက်/ဦးစီးဌာန အစည်းအဝေးခန်းမဆောင်တွင် 

 

(၂၅/၂၆/.၇.၂၀၁၆)ကို ယနေ့ဆက်လက်ကျင်းပရာ မြို့နယ် ၁၄ မြို့နယ်မှ လူထုစည်းရုံးရေးမှူးများသည် မိမိတို့၏ တာဝန်ဝတ္တရားများ နောက်နှစ်အတွက် စီမံကိန်းပိုမိုတိုးတက်ကောင်းမွန်လာစေရန် အကြံပြုချက်များ အားသာချက်/အားနည်းချက်များ နှင့်ပတ်သက်၍ အုပ်စုငယ်များခွဲ၍ အပြန်အလှန်ဆွေးနွေးတိုင်ပင်ကြပြီး ဆွေးနွေးရာမှ ရရှိလာသော အချက်အလက်များအား အုပ်စုတစ်ခုချင်းစီအလိုက် ပြန်လည်ရှင်းလင်းတင်ပြခဲ့ကြသည်။ စည်းရုံးရေးမှူးများ၏ အသံများ/ဆွေးနွေးချက် အကြံပြုချက်များသည် စီမံကိန်းစက်ဝန်းပြီးဆုံးချိန် သို့မဟုတ် ပြီးဆုံးခါနီးအချိန်တွင် စီမံကိန်းမြို့နယ်တိုင်းနှင့် ပြည်ထောင်စုအဆင့်တွင် ကျင်းပပြုလုပ်သည့် သက်ဆိုင်သူပေါင်းစုံပါဝင်သော သုံးသပ်ခြင်းအစည်းအဝေး၏ အစိတ်အပိုင်းတစ်ခုပင် ဖြစ်ပါသည်။

# လူထုဗဟိုပြုစီမံကိန်းကို စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူအကောင်အထည်ဖော်ဆောင်ရွက်ပါသည်။