လူထုဗဟိုပြုစီမံကိန်း နည်းပညာအကြံပေးများဖိုရမ် (Experts Forum) အခမ်းအနား (၄/၅-၉-၂၀၁၆) ကျင်းပ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်၏ နည်းပညာအကူအညီဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လူထုဗဟိုပြုစီမံကိန်း နည်းပညာအကြံပေးများဖိုရမ် (Experts Forum) အား စက်တင်ဘာ ၄ ရက်နေ့့နှင့် ၅ ရက်နေ့တို့တွင်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရုုံးအမှတ် (၁၄)၌ ကျင်းပခဲ့ပါသည်။ ဖိုရမ်တွင် စီမံကိန်းမြို့နယ် (၂၇)မြို့နယ်မှ နည်းပညာအကြံပေးများအပါအဝင် စီမံကိန်းဝန်ထမ်း (၄၅၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။ ဖိုရမ်ကျင်းပရခြင်း၏ရည်ရွယ်ချက်မှာ စီမံကိန်းနှင့်ပတ်သက်၍ မြို့နယ်များ၏ အောင်မြင်မှုများနှင့် အခက်အခဲများကို တစ်စုတစ်စည်းတည်း သိရှိစေရန်နှင့် ယခင်စီမံကိန်းအကောင်အထည်ဖော်ရာမှ တွေ့ကြုံရသည့် အကြောင်းအရာများကို မျှဝေကြပြီး နောက်နှစ် စီမံကိန်း ပိုမိုတိုးတက်ကောင်းမွန်စေရန် အကြံပြုဆွေးနွေးတိုင်ပင်ကြရန်ဖြစ်သည်။

ဖိုရမ်ဖွင့်ပွဲအခမ်းအနားတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်မှ အဖွင့်အမှာစကားပြောကြားရာတွင် လူထုစည်းရုံးရေးမှူးများဖိုရမ် (အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည်) နှင့် လက်ထောက်နည်းပညာမှူးများဖိုရမ်တို့ကို ဇူလိုင်နှင့် သြဂုတ်လများအတွင်းက ကျင်းပခဲ့ပြီးဖြစ်ပါကြောင်း၊ နည်းပညာအကြံပေးများဖြစ်သည့်အတွက် စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နယ်မြေဒေသ၊ ဘာသာစကား၊ အခက်အခဲများမတူညီကြ၍ ပြန်လည်ဆန်းစစ်ရမည်ဖြစ်ပြီး ပြန်လည်ဆန်းစစ်မှုမရှိပါက နောက်နှစ်စီမံကိန်းအကောင်အထည်ဖော်ရာတွင် အခက်အခဲရှိနိုင်ပါကြောင်း၊ နည်းပညာအကြံပေးများအနေဖြင့် ဆွေးနွေးကြာရာတွင် သာမန်ဆွေးနွေးမှုမျိုးမဟုတ်ဘဲ အဓိကကျသော နည်းပညာပိုင်းတွင် မရှိမဖြစ်လိုအပ်သော ရလဒ် (Outcome) များမှ တစ်နှစ်တစ်ကြိမ် ပြန်လည်ဆန်းစစ်၍ လိုအပ်သည်များ ပြင်ဆင်ရန် လုပ်ဆောင်ကြရမည်ဖြစ်ပြီး ဖိုရမ်များနှင့် မြို့နယ်သက်ဆိုင်သူပေါင်းစုံပါဝင်သော သုံးသပ်ခြင်းအစည်းအဝေးပွဲ အစီရင်ခံစာများကို ပြန်လည်သုံးသပ်ရန်လိုအပ်ပါကြောင်း၊ မိမိတို့လုပ်ဆောင်သော လုပ်ငန်းများနှင့် ပတ်သက်၍ တာဝန်ယူ၊ တာဝန်ခံမှုရှိရန် လိုအပ်ပါကြောင်း၊ ပြည်ထောင်စုအဆင့်နှင့် စီမံကိန်းမြို့နယ်အားလုံးရှိ သတင်းပြန်ကြားဆက်သွယ်ရေးအဖွဲ့များမှ လစ်လပ်မှုမရှိဘဲ စနစ်တကျ စည်းကမ်းချက်များအတိုင်း ဝိုင်းဝန်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် လူထုကိုအခြေပြု၍ လူငယ်အားလုံး၏ အင်အားဖြင့် ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ IFI မှ စောင့်ကြည့်မှုများရှိသည်ကို ကြိုဆို၍ ကျေးဇူးလည်းတင်ပါကြောင်း၊ မည်သည့် စောင့်ကြည့်ရေးအဖွဲ့အစည်းကိုမဆို ကြိုဆိုပါကြောင်း၊ IFI ၏ စီမံကိန်းအပေါ် ပြောဆိုထားသော အစီရင်ခံစာကြောင့် ဝန်ထမ်းအားလုံး စိတ်မကောင်းဖြစ်ရပါကြောင်းနှင့် ၎င်းအစီရင်ခံစာအပေါ် စနစ်တကျတုံ့ပြန်သွားရန် ကမ္ဘာ့ဘဏ်နှင့် ညှိနှိုင်းပြင်ဆင်ပြီးဖြစ်ပြီး တရားဝင်အကြောင်းကြားသွားမည် ဖြစ်ပါကြောင်း၊ အစည်းအဝေးဒုတိယနေ့တွင် မီဒီယာများနှင့် ညှိနှိုင်းဆွေးနွေးမည့်အစီအစဉ် ထည့်သွင်းပါရှိမည်ဖြစ်ပြီး ပြည်ထောင်စုအဆင့် သက်ဆိုင်သူပေါင်းစုံပါဝင်သော သုံးသပ်ဆွေးနွေးပွဲတွင်လည်း မီဒီယာကဏ္ဍ ပါရှိမည်ဖြစ်ပါကြောင်း၊ ဖိုရမ်မှ ဆွေးနွေးထားသော အချက်အလက်များကို နောက်နှစ်စီမံကိန်းအတွက် စီမံကိန်းလက်စွဲတွင် ထည့်သွင်းအသုံးပြုသွားမည် ဖြစ်ပါကြောင်း၊ စီမံကိန်းမြို့နယ်များမှ နည်းပညာအကြံပေးများ စီမံကိန်းတာဝန်ခံများဖြစ်သည့်အတွက် နည်းပညာအကြံပြုချက်များ၊ စီမံခန့်ခွဲမှုဆိုင်ရာ လေ့လာသင်ယူစရာများ၊ အခက်အခဲများေြျဖရှင်းရာတွင် လွယ်ကူအဆင်ပြေစေမည့် နည်းလမ်းများ ရရှိလာနိုင်မည်ဟု မျှော်လင့်ပါကြောင်းနှင့် အဓိက ရည်မှန်းချက်ဖြစ်သော ပြည်သူလူထု၏ စွမ်းဆောင်ရည်မြှင့်တင်ပေးနိုင်ရန် အလေးထားဆောင်ရွက်သွားရန် မျှော်လင့်ပါကြောင်းဖြင့် အဖွင့်အမှာစကား ပြောကြားသွားခဲ့ပါသည်။

ဖိုရမ်သို့ တက်ရောက်လာကြသော နည်းပညာအကြံပေးများသည် နောက်နှစ် စီမံကိန်း ပိုမိုတိုးတက်ကောင်းမွန်စေရန် စီမံကိန်းအကောင်အထည်ဖော်ရာတွင် တွေ့ကြုံရသည့် အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များ၊ အကြံပြုချက်များနှင့်ပတ်သက်၍ ဆွေးနွေးတိုင်ပင်ခဲ့ကြသည်။ ဖိုရမ်မှ ရရှိလာသော ဆွေးနွေးချက်များနှင့် အကြံပြုချက်များကို စီမံကိန်းမြို့နယ်တိုင်းနှ်င့် ပြည်ထောင်စုအဆင့်တို့တွင် ကျင်းပပြုလုပ်သည့် သက်ဆိုင်သူပေါင်းစုံပါဝင်သော သုံးသပ်ဆွေးနွေးပွဲ၏ အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။ စီမံကိန်းကို လက်ရှိတွင် (၂၇) မြို့နယ်၌ ဆောင်ရွက်နေပြီး လာမည့်စတုတ္ထနှစ်တွင် မြို့နယ် (၂၀) ထပ်မံတိုးချဲ့ကာ စုပေါင်း (၄၇) မြို့နယ်တွင် ဆောင်ရွက်သွားမည်ဖြစ်သည်။ ဤစီမံကိန်းကို မြန်မာနိုင်ငံရှိ မြို့နယ် (၆၃)မြို့နယ်အထိ ဆောင်ရွက်သွားရန် လျာထားလျက်ရှိပြီး ကျေးရွာပေါင်း (၅၆၄၅) ရွာမှ လူဦးရေ (၃.၁၆) သန်းအား အကျိုးပြုလျက်ရှိပါသည်။

Expert Forum-News-2016