လူထုဗဟိုပြုစီမံကိန်း ဒုတိယနှစ် နှစ်ပတ်လည် ပြည်ထောင်စုအဆင့် သက်ဆိုင်သူပေါင်းစုံပါဝင်သော သုံးသပ်ဆွေးနွေးပွဲ ရက်ပြောင်းရွှေ့ခြင်း အကြောင်းကြားစာ

လူထုဗဟိုပြုစီမံကိန်း ဒုတိယနှစ် နှစ်ပတ်လည် ပြည်ထောင်စုအဆင့် သက်ဆိုင်သူပေါင်းစုံပါဝင်သော သုံးသပ်ဆွေးနွေးပွဲ 

ရက်ပြောင်းရွှေ့ခြင်း အကြောင်းကြားစာ

၂၇-၂၈ သြဂုတ်လ၊ ၂ဝ၁၅၊ နေပြည်တော်။ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုခန်းမ - ၂။

မိတ်ဆွေများခင်ဗျား-

 

၂ဝ၁၅ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့နှင့် ၂၆ ရက်နေ့များတွင် အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုခန်းမ - ၂၊ နေပြည်တော်ကောင်စီ နယ်မြေ၌ ကျင်းပပြုလုပ်မည့် လူထုအခြေပြု ဖွံ့ဖြိုးရေး အမျိုးသားစီမံကိန်း (လူထုဗဟိုပြုစီမံကိန်း) ၏ ဒုတိယ နှစ်ပတ်လည် ပြည်ထောင်စု အဆင့် သက်ဆိုင်သူပေါင်းစုံ ပါဝင်သော သုံးသပ်ဆွေးနွေးပွဲအခမ်းအနားကို သြဂုတ်လ ၂၇ ရက်နေ့နှင့် ၂၈ ရက်နေ့များသို့ ရွှေ့ပြောင်း ကျင်းပမည် ဖြစ်ပါသည်။

အစီအစဉ် ပြောင်းလဲခြင်းအတွက် အဆင်မပြေမှုများ ရှိခဲ့ပါက သည်းခံပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

မူလ အစည်းအဝေးတက်ရောက်ရန် အကြောင်းကြားထားပြီးသူများအနေဖြင့် နောက်တစ်ကြိမ် ထပ်မံအကြောင်းကြားပေးရန် မလိုပါ။ သို့သော် အကြောင်းကြောင်းကြောင့် ပြောင်းရွှေ့မည့်ရက်တွင် မတက်ရောက်နိုင်တော့ပါက ကျေးဇူးပြု၍ ကြောင်းကြားပေးပါရန် မေတ္တာ ရပ်ခံအပ်ပါသည်။

မူလ အစည်းအဝေးအတွက် အကြောင်းမပြန်ရသေးသူများအနေဖြင့်လည်း တက်ရောက်ရန် စိတ်ပါဝင်စားမှုရှိပါက ကျေးဇူးပြု၍ ဒေါ်လဲ့ယဉ်ဝင်း cdd.drdmyanmar@gmail.com သိုု့  ၂ဝ၁၅၊ သြဂုတ်လ ၂၁ ရက်နေ့ထက် နောက်မကျဘဲ ဆက်သွယ် အကြောင်း ကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။  အခမ်းအနားနှင့် ပတ်သက်၍ သိရှိလိုပါကလည်း အီးမေးလ်ပေးပို့ ဆက်သွယ်မေးမြန်း နိုင်ပါသည်။

ပြောင်းရွှေ့သည့်ရက်အတွက် ဆွေးနွေးပွဲ အစီအစဉ် (မူကြမ်း) အား ပူးတွဲ ပေးပ%E7|N_gװ[}w1်ပါသည်။

လေးစားစွာ

ကျော်စိုး

ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန

စီမံကိန်းမန်နေဂျာ၊ လူထုအခြေပြု ဖွံ့ဖြိုးရေး အမျိုးသားစီမံကိန်း (လူထုဗဟိုပြုစီမံကိန်း)