လူထုဗဟိုပြုစီမံကိန်း တတိယနှစ် နှစ်ပတ်လည် ပြည်ထောင်စုအဆင့် သက်ဆိုင်သူပေါင်းစုံပါဝင်သော သုံးသပ်ဆွေးနွေးပွဲအခမ်းအနားကျင်းပ

မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုခန်းမ(၂)၊ နေပြည်တော်

​          စိုက်​ပျိုး​ရေး၊ ​မွေး​မြူ​ရေး​နှင့် ​ဆည်​မြောင်း​ဝန်​ကြီး​ဌာ​န၊ ​ကျေး​လက်​ဒေ​သ​ဖွံ့​ဖြိုးတိုး​တက်​ရေး ​ဦး​စီး​ဌာ​န​မှ ​က​မ္ဘာ့ဘဏ်၏ ​နည်း​ပ​ညာ​အ​ကူ​အ​ညီ​ဖြင့် ​အ​ကောင်​အ​ထည်​ဖော်​ဆောင်​ရွက်​လျက်​ရှိ​သည့် ​လူ​ထု​ဗ​ဟို​ပြု​စီ​မံ​ကိန်း ​တ​တိ​ယ​နှစ် ​နှစ်​ပတ်​လည် ​ပြည်​ထောင်​စု​အ​ဆင့် ​သက်​ဆိုင်​သူ​ပေါင်း​စုံ​ပါ​ဝင်​သော ​သုံး​သပ်​ခြင်း​အ​စည်း​အ​ဝေး​ကို (၁၅.၉.၂၀၁၆)​တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ ​ကျင်း​ပ​ခဲ့သည်။ အစည်းအဝေးကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ စီမံကိန်းသက်ဆိုင်သူများကို ဖိတ်ခေါ်၍ ပြီးခဲ့သည့် စီမံကိန်းနှစ်မှ ရရှိလာသော အတွေ့အကြုံများကို ဖလှယ်ပြီး နောက်နှစ် စီမံကိန်းအတွက် ပိုမိုတိုးတက်ကောင်းမွန်သော စီမံကိန်းဒီဇိုင်းများနှင့် အကောင်အ ထည်ဖော်ရေး နည်းလမ်းများကို ဆွေးနွေးညှိနှိုင်းရန်ဖြစ်သည်။ အစည်းအဝေးတွင် ​ကျေး​လက်​ဒေ​သ​ဖွံ့​ဖြိုး​တိုး​တက်​ရေး​ဦး​စီး​ဌာ၊ ​ပြည်​ထောင်​စု​ဝန်​ကြီး ​ဒေါက်​တာ​အောင်​သူ​နှင့် ​ဒု​တိ​ယ​ပြည်​ထောင်​စု​ဝန်​ကြီး​များ၊ ​က​မ္ဘာ့ဘဏ်​မှ ​တာ​ဝန်​ရှိ​ပု​ဂ္ဂိုလ်​များ၊ ​ဌာ​န​ဆိုင်​ရာ ​တာ​ဝန်​ရှိ​ပု​ဂ္ဂိုလ်​များ၊ ​သက်​ဆိုင်​ရာ​နိုင်​ငံ​တ​ကာ​ဆိုင်​ရာ ​သံ​အ​မတ်​ကြီး​များ၊ ​လွှတ်တော်​ကိုယ်​စား​လှယ်​များ၊ ​စီ​မံ​ကိန်း​မြို့​နယ်​များ​မှ ​တာ​ဝန်​ရှိ​ပု​ဂ္ဂိုလ်​များ၊ ​နည်း​ပ​ညာ​အ​ကြံ​ပေး​အ​ဖွဲ့များ​နှင့် ​ကျေး​ရွာ​ကော်​မ​တီ​ဝင်​များ၊ ​အ​စိုး​ရ​မ​ဟုတ်​သော​အ​ဖွဲ့အ​စည်း​များ၊ ​နိုင်​ငံ​တ​ကာ​ဆိုင်​ရာ ​အ​စိုး​ရ​မ​ဟုတ်​သော​အ​ဖွဲ့​အ​စည်း​များ၊ ​ဖွံ့​ဖြိုး​ရေး​မိတ်​ဘက်​အ​ဖွဲ့​အ​စည်း​များ၊ ​ဒေ​သ​ဆိုင်​ရာ​လူ​မှု​ရေး​အ​သင်း​အ​ဖွဲ့​များ၊ ​နည်း​ပ​ညာ​အ​ကြံ​ပေး​များ၊ ​သ​တင်း​မီ​ဒီ​ယာ​အ​ဖွဲ့​များ ​အ​ပါ​အ​ဝင် ​စီ​မံ​ကိန်း ​သက်​ဆိုင်​သူ​စု​စု​ပေါင်း (၇၀၀)​ခန့် ​တက်​ရောက်​ခဲ့​ကြ​ပါ​သည်။

​ဖို​ရမ်​ဖွင့်​ပွဲ​အ​ခမ်း​အ​နား​တွင် ​ကျေး​လက်​ဒေ​သ​ဖွံ့​ဖြိုး​တိုး​တက်​ရေး​ဦး​စီး​ဌာ​န၊ ​ပြည်​ထောင်​စု​ဝန်​ကြီး ​ဒေါက်​တာ​အောင်​သူ​မှ ​အ​ဖွင့်​အ​မှာ​စ​ကား​ပြော​ကြား​ခဲ့​ပါ​သည်။ ​အ​ဖွင့်​အ​မှာ​စ​ကား​ပြော​ကြား​ရာ​တွင် ​ယ​နေ့​ကျင်း​ပ​ပြု​လုပ်​သည့် ​လူ​ထု​ဗ​ဟို​ပြု​စီ​မံ​ကိန်း ​သက်​ဆိုင်​သူ​ပေါင်း​စုံ​ပါ​ဝင်​သော ​သုံး​သပ်​ဆွေး​နွေး​ပွဲ​သို့ ​တက်​ရောက်​လာ​ကြ​သော ​ပြည်​ထောင်​စု​ဝန်​ကြီး​များ​နှင့် ​ဧည့်​သည်​တော်​များ​အား​လုံး​ကို ​ကျန်း​မာ​ချမ်း​သာ​ကြ​ပါ​စေ​ကြောင်း ​ဦး​စွာ​ပ​ထ​မ ​နှုတ်​ခွန်း​ဆက်​သ​အပ်​ပါ​ကြောင်း၊ ​မြန်​မာ​နိုင်​ငံ​သည်ဖွံ့​ဖြိုး​ဆဲ ​နိုင်​ငံ​တစ်​နိုင်​ငံ​ဖြစ်​ပြီး ​နိုင်​ငံ​တော်​ဖွံ့​ဖြိုး​တိုး​တက်​ရေး၊ ​နိုင်​ငံ​သား​များ​၏ ​လူ​မှု​စီး​ပွား​ဘ​ဝ ​ရေ​ရှည်​ဖွံ့​ဖြိုး​တိုး​တက်​ရေး၊ ​အာ​ဆီ​ယံ​နှင့် ​ဒေ​သ​တွင်း​နိုင်​ငံ​များ​နှင့် ​ရင်​ဘောင်​တန်း​ယှဉ်​ပြိုင်​နိုင်​ရေး​အ​တွက် ​ဘက်​စုံ​က​ဏ္ဍ​စုံ​မှ ​ကြိုး​ပမ်း​ဆောင်​ရွက်​လျက်​ရှိ​ပါ​ကြောင်း၊  ​ပြည်​သူ​လူ​ထု​မှ ​ယုံ​ကြည်​ချက်​မြင့်​မား​စွာ ​မွေး​ထုတ်​ပေး​လိုက်​သော​ဒီ​မို​က​ရေ​စီ​အ​စိုး​ရ​သစ်​ဖြစ်​သည်​နှင့်​အ​ညီ​ ပြည်​သူ​လူ​ထု​၏​မျှော်​မှန်း​ချက်၊ ​ဆ​န္ဒ​နှင့် လို​အပ်​ချက်​များ​ကို ​ဖြည့်​ဆည်း​ပေး​နိုင်​ရေး​အ​တွက် ​ခေတ်​သစ်​စ​နစ်​သစ်​တစ်​ခု​ကို ​ရဲ​ရဲ​ဝံ့​ဝံ့ ​စ​တင်​ပြောင်း​လဲ​ဆောင်​ရွက်​လျက်​ရှိ​ပါ​ကြောင်း၊ ​မြန်​မာ​နိုင်​ငံသည် ​တိုင်း​ရင်း​သား​လူ​မျိုး​ပေါင်း​စုံ​နှင့် ​ဖွဲ့​စည်း​တည်​ဆောက်​ထား​ပြီး ​မ​တူ​ကွဲ​ပြား​သော ​ယဉ်​ကျေး​မှု၊ ​ဘာ​သာ​စ​ကား၊ ​ရိုး​ရာ​ဓ​လေ့​ထုံး​တမ်း​များ​လည်း ​တည်​ရှိ​ပါ​ကြောင်း၊ ​နိုင်​ငံ​လူ​ဦး​ရေ​၏(၇၀%)​သည် ​ကျေး​လက်​ဒေ​သ​များ​တွင် ​နေ​ထိုင်​ကြ​ပြီး ​ကျေး​လက်​နေ​ပြည်​သူ ​သုံး​ပုံ​တစ်​ပုံ​ခန့်​သည် ​ဆင်း​ရဲ​နွမ်း​ပါး​သူ​များ ​ဖြစ်​ကြ​၍ ​ဆင်း​ရဲ​နွမ်း​ပါး​မှု​လျော့​ချ​ရေး၊ ​စဉ်​ဆက်​မ​ပြတ်​ ကျေး​လက်ဒေ​သ​ဖွံ့​ဖြိုး​ရေး​လုပ်​ငန်း​များ​သည် ​ခက်​ခဲ​နက်​နဲ​ပြီး ​နိုင်​ငံ​တော်​အ​စိုး​ရ​တစ်​ခု​တည်း​ဖြင့် ​ဆောင်​ရွက်​၍​မ​ရ​ဘဲ ​လူ​ထု​လူ​တန်း​စား​အ​လွှာပေါင်း​စုံ၊ ​သက်​ဆိုင်​သူ​အား​လုံး​ပါ​ဝင်​ပြီး ​ဘက်​စုံ၊​က​ဏ္ဍ​စုံ ​ဖွံ့​ဖြိုး​ရေး​အ​စီ​အ​စဉ်​များ ​ရေး​ဆွဲ​ချ​မှတ်​မှ​သာ ​အောင်​မြင်​နိုင်​မည်​ဖြစ်​ပါ​ကြောင်း၊ ​ပြည်​သူ​တို့​၏ ​အ​ကျိုး​စီး​ပွား​ကို ​ထိ​ရောက်​စွာ ​ဆောင်​ကြဉ်း​ပေး​နိုင်​ရန်အ​တွက် ​စိုက်​ပျိုး​ရေး၊​ မွေး​မြူ​ရေး​နှင့် ​ဆည်​မြောင်း​ဝန်​ကြီး​ဌာ​န​အ​နေ​ဖြင့် ​မူ​ဝါ​ဒ​များ၊ ​လုပ်​ငန်း​စဉ်​များ ​ရေး​ဆွဲ​လျက်​ရှိ​ပြီး ​မ​ကြာ​ခင်​ထုတ်​ပြန်၊ ​အ​ကောင်​အ​ထည်​ဖော်ဆောင်​ရွက်​သွား​မည် ​ဖြစ်​ပါ​ကြောင်း၊ ​ကျေး​လက်​နေ​ပြည်​သူ​များ​၏ ​လူ​မှု​စီး​ပွား​ဘ​ဝ​ စဉ်​ဆက်​မ​ပြတ် ​ဖွံ့​ဖြိုး​တိုး​တက်​ရေး ​ဖော်​ဆောင်​ရာ​မှာ ​ဒေ​သ​ခံ​ပြည်​သူ​များ​၏ ​အ​ခန်း​က​ဏ္ဍ​သည် ​အ​လွန်​အ​ရေး​ပါသည့်​အ​တွက် ​ပြည်​သူ​ဗ​ဟို​ပြု ​ကျေး​လက်​ဒေ​သ​ဖွံ့​ဖြိုး​ရေး​လုပ်​ငန်း​များ​ကို ​အား​ပေး ​မြှင်​့တင်​ဆောင်​ရွက်​လျက်​ရှိ​ပြီး ​သက်​ဆိုင်​သူ​အား​လုံး​ ပါ​ဝင်ဆောင်​ရွက်​နိုင်​မည့် ​ပတ်​ဝန်း​ကျင်ကောင်း​များ၊ ​အ​လေ့​အ​ကျင့်​ကောင်း​များ​ကို ​ဖန်​တီး​ပေး​နေ​သည်​ကို ​အား​လုံးအ​သိ​ပင် ​ဖြစ်​ပါ​ကြောင်း၊ ​ကျေး​လက်​ဒေ​သ​ဖွံ့​ဖြိုး​တိုး​တက်​ရေး​ဦး​စီး​ဌာ​န​နှင့် ​က​မ​္ဘာ့ဘဏ်​တို့​ပူး ​ပေါင်း​ဆောင်ရွက်​လျက်​ရှိ​သော ​လူ​ထု​ဗ​ဟို​ပြု​စီ​မံ​ကိန်း​သည် ​ရေး​ဆွဲ​ထား​သော ​မ​ဟာ​ဗျူ​ဟာ ​ထဲ​မှ အ​ရေး​ကြီး​သော ​အ​စိတ်​အ​ပိုင်း​တစ်​ခု​လည်း​ဖြစ်​ပါ​ကြောင်း၊ ​ကျေး​လက်​ဖွံ့​ဖြိုး​ရေး​အ​တွက် ​အ​ဓိ​က​ကျ​သည့် ​အ​ခြေ​ခံ​အ​ဆောက်​အ​အုံ​ဖွံ့​ဖြိုး​ရေး​နှင့် ​ပြည်​သူ့​ရေး​ရာ​ဝန်​ဆောင်​မှု​များ​ကို ​ပြည်​သူ​ဗ​ဟို​ပြု ​ချဉ်း​ကပ်​မှု​နည်း​လမ်း​ဖြင့် ​ဖော်​ဆောင်​ရန်၊ ​အ​ရေး​ပေါ်​အ​ခြေ​အ​နေ​ဖြစ်​ပေါ်လာ​ပါ​က ​လျင်​မြန်​စွာ​တုန့်​ပြန်​ဖြေ​ရှင်း​နိုင်​ရန်​နှင့် ​စွမ်း​ဆောင်​ရည်​များ ​မြင့်​မား​လာ​စေ​ရန် ​ရည်​ရွယ်​သည့် ​ဤစီ​မံ​ကိန်း​ကို​ဆောင်​ရွက်​ခဲ့​သည်မှာ ​ယ​ခု​စ​တု​တ္ထ​နှစ်​ကာ​လ​သို့​ ရောက်​ရှိခဲ့​ပြီဖြစ်ပါ​ကြောင်း ​ပြော​ကြား​ခဲ့​ပါ​သည်။

​          ပြည်​ထောင်​စု​ဝန်​ကြီး​မှ ​ဆက်​လက်​၍ ​ပြည်​သူ​ဗ​ဟို​ပြု​နိုင်​ငံ​တ​ကာ​အ​ဆင့်​မီ ​စီ​မံ​ကိန်း​ဖြစ်​သည်​နှင့်​အ​ညီ ​စီ​မံ​ကိန်း​မြို့​နယ်​များ ​ရွေး​ချယ်​ရာ​တွင်​လည်း ​ဝန်​ကြီး​ဌာ​န​၏ ​သ​ဘော​တစ်​ခု​တည်း​ဖြင့် ​ရွေး​ချယ်​ဆောင်​ရွက် ​ခြင်း​မ​ပြု​ပဲ ​သက်​ဆိုင်​ရာ​တိုင်း​ဒေ​သ​ကြီး/ ​ပြည်​နယ်​အ​တွင်း​ရှိ ​ဒေ​သ​အာ​ဏာ​ပိုင်​များ၊ ​ဌာ​န​ဆိုင်​ရာ​အ​ဖွဲ့​အ​စည်း​များ၊ ​လွှတ်​တော်​ကိုယ်​စား​လှယ်​များ၊ ​တိုင်း​ရင်း​သား​အ​ဖွဲ့ ​အ​စည်း​များ၊ ​အ​စိုး​ရ​မ​ဟုတ်​သော​အ​ဖွဲ့​အ​စည်း​များ၊ ​ဒေ​သ​တွင်း​ဖွံ့​ဖြိုး​ရေး​ဆောင်​ရွက်​နေ​သော ​မိတ်​ဖက်​အ​ဖွဲ့​အ​စည်း​များ​နှင့် ​လူ​ထု​အ​ခြေ​ပြု​အ​ဖွဲ့​အ​စည်း​များ​အား ​ဖိတ်​ကြား​၍ ​သတ်​မှတ်​ညွှန်း​ကိန်း​များ​အ​ပေါ် ​အ​ခြေ​ခံ​ကာ ​အ​များ​သ​ဘော​တူ ​ရွေး​ချယ်​ဆောင်​ရွက် ​လျက်​ရှိ​ပါ​ကြောင်း၊ ​စီ​မံ​ကိန်း​စ​တင်​စဉ်​က ​မြို့​နယ် (၁၅) ​မြို့​နယ်​၌​သာ ​ဆောင်​ရွက်​ရန် ​သ​ဘော​တူ​ညီ​ခဲ့​သော်​လည်း ​လူ​ထု​ဗ​ဟို​ပြု​စီ​မံ​ကိန်း​၏ ​အ​ပြော​မ​ဟုတ် ​လက်​တွေ့​ကျ​သည့် ​အောင်​မြင်​မှု​များ​ကြောင့် ​ရန်​ပုံ​ငွေ​များ​တိုး​တက်​ရ​ရှိ​လာ​ကာ ​မြို့​နယ် (၆၃) ​မြို့​နယ်​အ​ထိ ​တိုး​ချဲ့​ဆောင်​ရွက်​သွား​နိုင်​တော့​မည် ​ဖြစ်​ပါ​ကြောင်း၊ ကျေး​ရွာ​အ​ဆင့် ​စီ​မံ​ကိန်း​လုပ်​ငန်း​များ ​အ​ကောင်​အ​ထည်​ဖော်​ဆောင်​ရွက်​ရာ​တွင်​လည်း ​လူ​ထု​ဦး​ဆောင်​သည့်​အ​သွင်​ဖြင့် ​ကျေး​ရွာ​လူ​ထု​မှ ​မိ​မိ​တို့​လို​အပ်​ချက်​များ​ကို ​ဖော်​ထုတ်​၍ ​မိ​မိ​တို့​ရပ်​ရွာ​ဖွံ့​ဖြိုး​ရေး ​အ​စီ​အ​စဉ်​များ​ကို ​အ​များ​သ​ဘော​တူ ​ရွေး​ချယ်၊ ​စီ​မံ​အ​ကောင်​အ​ထည်​ဖော် ​ဆောင်​ရွက်​ပြီး​ရပ်​ရွာ​မှ ​စောင့်​ကြည့်​စစ်​ဆေး ​အ​ကဲ​ဖြတ်​သည့် ​နည်း​လမ်း​ဖြင့် ​ဆောင်​ရွက်​ခဲ့​သည်​ကို ​အား​လုံး​အ​သိ​ပင်​ဖြစ်​ပါ​ကြောင်း၊ ​ပြီး​ခဲ့​သည့် ​တိ​ယ​နှစ်​ကာ​လ​အ​တွင်း ​စီ​မံ​ကိန်း​မြို့​နယ် (၂၇) ​မြို့​နယ်​ရှိ ​ကျေး​ရွာ ​ပေါင်း (၅၄၆၅) ​ရွာ​၌ ​စီ​မံ​ကိန်း​လုပ်​ငန်း​ခွဲ​ပေါင်း (၆၆၀၉) ​ခု​ကို ​ငွေ​ကျပ် (၄၆.၉၈) ​ဘီ​လီ​ယံ​ဖြင့် ​ကျေး​ရွာ​လူ​ထု​ကိုယ်​တိုင်​မှ ​အ​ကောင်​အ​ထည်​ဖော် ​ဆောင်​ရွက်​နိုင်​ခဲ့​သည့်​အ​တွက် ​ကျေး​လက်​လူ​ဦး​ရေ (၃.၁၆) ​သန်း​၏​အ​ခြေ​ခံ​နှင့် ​လတ်​တ​လော​လို​အပ်​ချက်​များ​ကို ​ဖြည့်​ဆည်း​ပေး​နိုင်​ခဲ့​ပါ​ကြောင်း၊ ​စီ​မံ​ကိန်း​ကျေး​ရွာ​များ​၌ ​ကျေး​လက်​လမ်း​တံ​တား၊ ​ရေ​ရ​ရှိ​ရေး၊ ​မီး​လင်း​ရေး၊ ​ပ​ညာ​ရေး၊ ​ကျန်း​မာ​ရေး​ဆိုင်​ရာ ​အ​ခြေ​ခံ​အ​ဆောက်​အ​အုံ​များ ​ဖွံ့​ဖြိုး​လာ​ရုံ​သာ​မ​က ​ကျေး​လက်​နေ​ပြည်​သူ​များ​၏ ​စွမ်း​ဆောင်​ရည်​များ၊ ​စု​ပေါင်း​ဆောင်ရွက်​တတ်​သည့် ​အ​လေ့​အ​ကျင့်​ကောင်း​များ ​ဖွံ့​ဖြိုး​လာ​ခဲ့​ပြီး ​ဒီ​မို​က​ရေ​စီ​အ​လေ့​အ​ကျင့်ကောင်း​များ​ကို ​ပြု​စု​ပျိုး​ထောင်​ပေး​နိုင်​ခဲ့​ပါ​ကြောင်း၊ ​မိ​မိ​တို့​၏ဖွံ့​ဖြိုး​ရေး​လုပ်​ငန်း​များ​ကို ​ကျေး​ရွာ​လူ​ထု​မှ ​ဒီ​မို​က​ရေ​စီ​နည်း​လမ်း​ကျ​ကျ ​စ​နစ်​တ​ကျ​စု​ပေါင်း​အ​ကောင်​အ​ထည်​ဖော် ​ဆောင်​ရွက်​နိုင်​ရန်​အ​တွက် ​​လူ​ထု​စည်း​ရုံး​ရေး​မှူး​များ၊ ​နည်း​ပ​ညာ​အ​ကြံ​ပေး​များ​မှ ​လို​အပ်​သည်​များ ​ကူ​ညီ​ပံ့​ပိုးဆောင်​ရွက်​ပေး​လျက်​ရှိ​သည့်​အ​တွက် ​ကျေး​ရွာ​လူ​ထု (၇၃%)  ​သည် ​စီ​မံ​ကိန်း​လုပ်​ငန်း​များ​တွင် ​ထဲ​ထဲ​ဝင်​ဝင်​တက်​ကြွစွာ ​ဦး​ဆောင်​ပါ​ဝင်​ဆောင်​ရွက်​လျက်​ရှိ​သည်​ကို​လည်း ​ဝမ်း​မြောက်​စွာ ​တွေ့​မြင်​နေ​ရ​ပါ​ကြောင်း၊ ​အ​လေ​အ​လွင့်​ခြ​စား​မှု​မ​ရှိ ​စီ​မံ​ကိန်း​လုပ်​ငန်း​များ​ကို ​စ​နစ်​တ​ကျ​အ​ကောင်​အ​ထည်​ဖော် ​ဆောင်​ရွက်​နိုင်​ရေး​အ​တွက်​ကို​လည်း ​ဦး​စီး​ဌာ​န​နှင့်က​မ္ဘာ့ဘဏ်​တို့​မှ ​နည်း​ပ​ညာ​ စစ်​ဆေး​ခြင်း (Technical Audit)၊ ​ပြည်​ထောင်​စု​စာ​ရင်း​စစ်​ချုပ်​ရုံး​မှ ​ငွေ​စာ​ရင်း​စစ်​ဆေး​ခြင်း(Financial Audit)​နှင့် ​ကျေး​ရွာ​လူ​ထု​ကိုယ်​တိုင် ​စစ်​ဆေး​အ​ကဲ​ဖြတ်​ခြင်း (Social Audit) ​တို့​ကို​လည်း ​စ​နစ်​တ​ကျ​ဆောင်​ရွက်​လျက်​ရှိ​ပါ​ကြောင်း၊ ​ထို့​အ​ပြင် ​ပွင့်​လင်း​မြင်​သာ​မှု၊ ​တာ​ဝန်​ယူ​မှု၊ ​တာ​ဝန်​ခံ​မှု​အား​ကောင်း​စေ​ရန် ​အ​တွက်​လည်း ​ဝေ​ဖန်​အ​ကြံ​ပြု​တိုင်​ကြား​ချက် ​ဖြေ​ရှင်း​ရေး​ယ​န္တ​ရား​ကို ​ထည့်​သွင်း​ထား​ပြီး ​ထိ​ရောက်​စွာ ​အ​သုံး​ချ​ဆောင်​ရွက် ​လျက်​ရှိ​ပါ​ကြောင်း ​ပြီး​ခဲ့​သည့်နှစ်​အ​တွင်း ​စီ​မံ​ကိန်း ​အ​ကောင်​အ​ထည်​ဖော်​မှု​နှင့် ​ပတ်​သက်​၍ ​သိ​ရှိ​လို​သည်​များ​မေး​မြန်​ချက်​နှင့် ​ဝေ​ဖန်​အ​ကြံ​ပြု ​တိုင်​ကြား​ချက် (၃၃၆၁) ​ချက် ​လက်​ခံ​ရ​ရှိ​ခဲ့​ပြီး (၂၈၂၂) ​ချက်​ကို ​ရှင်း​လင်း​ဖြေ​ကြား​ခဲ့​ပြီး​ဖြစ်​ကာ ​ကျန်​အ​ချက်​များ​ကို ​ဆက်​လက်​ဖြေ​ရှင်း ​ဆောင်​ရွက်​ပေး​လျက်​ရှိ​ပါ​ကြောင်း၊ ​တင်​ပြ​ပါ​ကိန်း​ဂ​ဏန်း​များ​ကို ​ကြည့်​ခြင်း​အား​ဖြင့် ​ကျေး​ရွာ​လူ​ထု​အ​နေ​ဖြင့် ​မိ​မိ​ရပ်​ရွာ ​ဖွံ့​ဖြိုး​ရေး​လုပ်​ငန်း​များ​ကို ​တာ​ဝန်​ယူ​မှု၊ ​တာ​ဝန်​ခံ​မှု​အ​ပြည့်​ဖြင့် ​ကိုယ်​တိုင်​ အ​ကောင်​အ​ထည်​ဖော်​ဆောင်​ရွက်​နိုင်​သ​လို ​မ​ကျေ​နပ်​ချက်​များ​ရှိ​လာ​ပါ​က​လည်း ​မိ​မိ​တို့​၏​ဆ​န္ဒ​ကို ​လွတ်​လပ်​ပွင့်​လင်း​စွာ​ဖော်​ပြ​နိုင်​သည့် ​ကောင်း​မွန်​သည့် ​စီ​မံ​အုပ်​ချုပ်​မှု​ယ​န္တ​ရား​များ ​ဖြစ်​ပေါ်​နေ​သည်​ကို ​တွေ့​မြင်​ရ​မှာ​ဖြစ်​ပါ​ကြောင်း၊ ​ကျေး​လက်​ပြည်​သူ​များ​၏ ​လို​အပ်​ချက်​များ​ကို ​အ​ထိ​ရောက်​ဆုံး​ဖြည့်​ဆည်း ​ဆောင်​ရွက်​ပေး​နိုင်​ရန်အ​တွက် ​ယ​ခင်​နှစ်​များ​ကမှရ​ရှိ​ခဲ့​သည့် ​အ​တွေ့​အ​ကြုံ​များ၊ ​သင်​ခန်း​စာ​များ​နှင့်​စိန်​ခေါ်​မှု​များ​ကို ​မျှဝေ​ဆွေး​နွေး ​အ​ဖြေ​ရှာ​ကြ​ရ​မှာ​ဖြစ်​သ​လို ​ဆွေး​နွေး​ပွဲ​မှ​ရ​ရှိ​သည့် ​အ​ကြံ​ပြု​ချက်​များ​အ​ပေါ်​အ​ခြေ​ခံ​၍ ​နောင်​လာ​မည့် ​စီ​မံ​ကိန်း​စက်​ဝန်း​တွင် ​လို​အပ်​သည်​များ​ကို ​ပြင်​ဆင်​ဖြည့်​စွက်​ရ​မှာ​လည်း​ဖြစ်​ပါ​ကြောင်း၊ ​ထို့​ကြောင့်​လည်း​ယ​ခုကဲ့သို့ ​သက်​ဆိုင်​သူ ​အား​လုံး​ပါ​ဝင်​သည့် ​သုံး​သပ်​ဆွေး​နွေး​ပွဲ​များ ​ကျင်း​ပ​ရ​ခြင်း​ပင်​ဖြစ်​ပါ​ကြောင်း၊ ​ယ​နေ့​ကျင်း​ပ​သည့် ​သုံး​သပ်​ဆွေး​နွေး​ပွဲ​မှ ​ဖြည့်​စွက်​အ​ကြံ​ပြု​ချက်​များ၊ ​အ​တွေ့​အ​ကြုံ ​မျှဝေမှု​များ၊ ​သင်​ခန်း​စာ​ဖော်​ထုတ်​ချက်​များ​သည် ​စီ​မံ​ကိန်း​အောင်​မြင်​စေ​ရန် ​များ​စွာ ​အ​ထောက်​အ​ကူ​ပြု​မှာ​ဖြစ်​ပါ​ကြောင်း၊ ​တက်​ရောက်​လာ​ကြ​သူ​များ​အ​နေ​ဖြင့် ​မြေ​ပြင်​တွင် ​ဖြစ်​ပေါ်​နေ​သော ​ပ​က​တိ​ဖြစ်​ရပ်​မှန်​အ​ခြေ​အ​နေ​များ၊ ​အ​တွေ့​အ​ကြုံ​များ၊ ​ကျေး​လက်​နေ ​ပြည်​သူ​များ​၏ ​အ​သံ​နှင့်​ခံ​စား​ချက်​များ​ကို ​အ​ရှိ​ကို​အ​ရှိ​တိုင်း ​ပွင့်​ပွင့်​လင်း​လင်း​ဆွေး​နွေး ​တိုင်​ပင်​အ​ကြံ​ပြု​ပေး​ကြ​ရန် ​တိုက်​တွန်း​မှာ​ကြား​လို​ပါ​ကြောင်း၊ ​က​မ္ဘာ့ဘဏ်​နှင့် ​ကျေး​လက်​ဒေ​သ​ဖွံ့​ဖြိုး​တိုး​တက်​ရေး​ဦး​စီး​ဌာ​န​တို့​မှ ​တာ​ဝန်​ရှိ ​ပု​ဂ္ဂိုလ်​များ​မှ​လည်း ​ဤဆွေး​နွေး​ပွဲ​မှ ​အ​ကြံ​ပြု​ချက်​များ​ကို ​လေး​လေး​နက်​နက်​စဉ်း​စား​၍ ​စ​တု​တ္ထ​နှစ်​စီ​မံ​ကိန်း​လုပ်​ငန်း​များ ​အ​ကောင်​အ​ထည်​ဖော် ​ဆောင်​ရွက်​ရာ​တွင် ထည့်​သွင်း​ဆောင်​ရွက်​သွား​ကြ​ရန်​နှင့် ​ရေ​ရှည်​တွင်​စီ​မံ​ကိန်း​ကို ​မည်​သည့်​ပုံ​စံ​ဖြင့် ​ဆက်​လက်​ဆောင်​ရွက် ​သွား​သင့်​သည်၊ ​ဗ​ဟို​ချုပ်​ကိုင်​မှု​စ​နစ် ​လျော့​နည်း​ရေး ​မည်​သို့​လုပ်​ဆောင် ​သွား​သင့်​သည်၊ ​တစ်​နိုင်​ငံ​လုံး​လွှမ်း​ခြုံ​နိုင်​ရန် ​မည်​သို့​စီ​မံ​ပြီး ​မည်​သို့​ချဉ်း​ကပ် ​ဆောင်​ရွက်​သွား​ကြ​မည်​ကို ​မျှော်​မှန်း​ဆွေး​နွေး​တိုင်​ပင်​ကြ​ရန် ​တိုက်​တွန်း​မှာ​ကြား​လို​ပါ​ကြောင်း၊ ​နိ​ဂုံး​ချုပ်​အ​နေ​ဖြင့် ​အိမ်​ထောင်​စု​တစ်​စု​ချင်း ​ဖွံ့​ဖြိုး​တိုး​တက်​မှ ​ကျေး​ရွာ​ဖွံ့​ဖြိုး​မည်၊ ​ကျေး​ရွာ​များ​ဖွံ့​ဖြိုး​တိုး​တက်​မှ ​မြို့​နယ်​များ​ဖွံ့​ဖြိုး​တိုး​တက်​မည်၊ ​မြို့​နယ်​များ​ဖွံ့​ဖြိုး​တိုး ​တက်​မှ​လည်း ​တိုင်း​ဒေ​သ​ကြီး​နှင့် ​ပြည်​နယ်​များ ​ဖွံ့​ဖြိုး​တိုး​တက်​မည်​ဖြစ်​ပြီး ​တစ်​တိုင်း​ပြည်​လုံး ​ဖွံ့​ဖြိုး​တိုး​တက်​မည်​ဖြစ်​သည့်​အ​တွက် ​စီ​မံ​ကိန်း​နှင့်​သက်​ဆိုင်​သူ​အား​လုံး​မှ ​ကြိုး​စား​အ​ကောင်​အ​ထည်​ဖော် ​ဆောင်​ရွက်​ကြ​ရန် ​တိုက်​တွန်း​မှာ​ကြား​လို​ပါ​ကြောင်း၊ ​ယ​ခု​လို ​ပြည်​သူ​ဗ​ဟို​ပြု​ပုံ​စံ​ဖြင့် ​အ​စိုး​ရ​နှင့်​ပြည်​သူ ​ချစ်​ကြည်​စည်း​လုံး​စွာ ​ညီ​ညီ​ညွတ်​ညွတ်​ဖြင့် ​စု​ပေါင်း​ဆောင်​ရွက်​ကြ​မည်​ဆို​လျှင် ​​မြန်​မာ​နိုင်​ငံ​တော်​ကြီး​သည် ​နိုင်​ငံ​တ​ကာ​နှင့် ​ရင်​ဘောင်​တန်း ​အ​မြန်​ဖွံ့​ဖြိုး​တိုး​တက်​လာ​မှာ​ဖြစ်​သည့်​အ​တွက် ​အား​လုံး​ဝိုင်း​ဝန်း ​ကြိုး​ပမ်း​သွား​ကြ​ရန် ​တိုက်​တွန်း​ပြော​ကြား​ရင်း ​နိ​ဂုံး​ချုပ်​အပ်​ပါ​ကြောင်း​ဖြင့် ​အ​မှာ​စ​ကား​ပြော​ကြား​သွား​ခဲ့​ပါ​သည်။

၎င်းနောက် ကမ္ဘာ့ဘဏ်မှ Country Manager Mr. Abdoulayeseck မှ စီမံကိန်းအကြောင်းအရာများကို ရှင်းလင်းအမှာစကားပြောကြားခြင်း၊ ယခုပြီးဆုံးခဲ့သော တတိယနှစ်စက်ဝန်းမှ ကျေးရွာလူထု၏ စီမံကိန်းအကောင်းဆုံးဆောင်ရွက်နိုင်ခဲ့မှု အခြေအနေအပေါ်မူတည်၍ (၁၈)မြို့နယ်ရှိ ကျေးရွာအုပ်စုနှင့် ကျေးရွာများအား ဆုတံဆိပ်ပေါင်း (၃၆)ဆုအား ပေးအပ်ချီးမြှင့်ပေးခဲ့ပါသည်။ ညွှန်ကြားရေးမှူး ဦးလှခိုင် (စီမံကိန်းမန်နေဂျာ)မှ စီမံကိန်းလုပ်ငန်းခွဲများ ကောင်းမွန်စွာဆောင်ရွက်နိုင်ခဲ့မှုများ၊ တိုးတက်မှုအခြေအနေများ၊ နည်းပညာစစ်ဆေးခြင်းနှင့် လူထုစစ်ဆေးပွဲများ ကျင်းပဆောင် ရွက်မှုအကျဉ်း၊ မြို့နယ်သက်ဆိုင်သူပေါင်းစုံပါဝင်သော သုံးသပ်ဆွေးနွေးပွဲများ ကျင်းပ ဆောင်ရွက်ခဲ့သည့် အခြေအနေများနှင့် စီမံကိန်း၏ လက်ရှိအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။

၎င်းနောက် ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်၊ Country Director Dr. Kim Ninh (The Asia Foundation) နှင့် ကမ္ဘာ့ဘဏ်မှ Senior Social Development Specialist Mr. Nikolas Myint တို့မှ လူထုဗဟိုပြုစီမံကိန်း ကောင်းမွန်စွာဆောင်ရွက်နိုင်ခဲ့ပြီး စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် ကျေးလက်နေပြည်သူများအား ဒီမိုကရေစီ နည်းလမ်းများကို အသုံးပြုတတ်လာစေကြောင်းတို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။ စီမံကိန်း သတင်းထုတ်ပြန်မှုဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခြင်း၊ တက်ရောက်လာသူများမှ စီမံကိန်းနှင့် ပတ်သက်၍ သိရှိလိုသည်များမေးမြန်းခြင်းနှင့် တာဝန်ရှိသူများမှ ပြန်လည်ရှင်း လင်းဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပြီးနောက် မြို့နယ်အဆင့် သက်ဆိုင်သူ ပေါင်းစုံပါဝင် သော သုံးသပ်ဆွေးနွေးပွဲတွင် ဆွေးနွေးခဲ့ကြသည့် ခေါင်းစဉ်(၇)ခု၏ ရလဒ်များအပေါ် အခြေပြု၍ အုပ်စုဖွဲ့ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးမှု ရလဒ်များ၊ အစီရင်ခံစာများကို အုပ်စုအလိုက် ပြန်လည်တင်ပြခြင်း များပြုလုပ်ခဲ့ကြသည်။ ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာခင်ဇော်မှ အပိတ်အမှာစကား ပြောကြားခဲ့ပါသည်။

စီမံကိန်းစက်ဝန်းပြီးဆုံးချိန်တိုင်းတွင် မြို့နယ်အဆင့်နှင့် ပြည်ထောင်စုအဆင့်တို့တွင် သက်ဆိုင်သူပေါင်းစုံပါဝင်သော သုံးသပ်ခြင်း အစည်းအဝေးပွဲအား ကျင်းပပြုလုပ်ပြီး ပြီးခဲ့သည့် စီမံကိန်းနှစ်မှ ရရှိခဲ့သည့် အတွေ့အကြုံများ၊ အားသာချက်/အားနည်းချက်များနှင့် အကြံပြုချက်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး အစည်းအဝေးမှ ရရှိလာသော ဆွေးနွေး ချက်များ၊ အကြံပြုချက်များကို နောက်နှစ်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက် ရာတွင် ပိုမိုကောင်းမွန်စေရန် အကျိုးရှိစွာ ပြည်လည်အသုံးပြု ဆောင်ရွက်သွားမည်ဖြစ် သည်။ လူထုဗဟိုပြုစီမံကိန်းကို မြန်မာနိုင်ငံရှိ မြို့နယ် (၂၇)မြို့နယ်တွင် အကောင်အ ထည်ဖော်ဆောင်ရွက်လျက်ရှိပြီး လာမည့်(၂၀၁၆-၂၀၁၇)ဘဏ္ဍာနှစ်တွင် မြို့နယ် (၂၀) တိုးချဲ့ဆောင်ရွက်မည်ဖြစ်သည်။ ဤစီမံကိန်းသည် ကျေးရွာအုပ်စု (၁၂၁၁)ရှိ ကျေးရွာ ပေါင်း (၅၄၆၅) မှ လူဦးရေ (၃.၁၆)သန်းအား အကျိုးပြုလျက်ရှိပါသည်။ စီမံကိန်းကာလကို ၂၀၂၁ ခုနှစ််အထိ သတ်မှတ်ထားပြီး မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း (၆၃)မြ်ို့နယ်အထိ အကောင်အထည်ဖော်ဆောင်ရွက်သွားရန် လျာထားလျက်ရှိပါသည်။

union-msr-15-september-2016