လူထုဗဟိုပြုစီမံကိန်း‬ သုံးလပတ် အစည်းအဝေး

#‎လူထုဗဟိုပြုစီမံကိန်း‬ သုံးလပတ် အစည်းအဝေး ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကား ပြောကြားခြင်း

- စီမံကိန်းကို ဆောင်ရွက်ရန် အတွက် ၂၀၁၂ မှ စတင်ပြီး ဆွေးနွေးခဲ့၊ ၂၀၁၃ မှာ ၃ မြို့နယ်နှင့် စတင်ဆောင်ရွက်ခဲ့ရာမှာ ယခုဆိုလျင် ၂၇ မြို့နယ် တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပီး လာမယ့်နှစ်တွင် မြို့နယ် ၂၀ တိုးချဲ့ဆောင်ရွက်မှာဖြစ်တယ်၊ ယခုလို တိုးချဲ့ဆောင်ရွက် လာနိုင်တာကတော့ စီမံကိန်းဝန်ထမ်းများရဲ့ ကြိုးစားမှုကြောင့် ဖြစ်ပါကြောင်း၊

-စီမံကိန်းသည် ဒီမိုကရေစီ ကျင့်စဉ်နဲ့ ကိုက်ညီသည့် နည်းလမ်းနှင့် အကောင်အထည်ဖော် ဆောင်ရွက်တာ ဖြစ်သည့်အတွက် အခက်အခဲများစွားစွာ ရှိနေမှာဖြစ်ကြောင်း၊ စီမံကိန်းသည် learning by doing ပုံစံနှင့် သွားတာ ဖြစ်ကြောင်း၊ စီမံကိန်း ၁ နှစ် ပြီးဆုံးတိုင်း စီမံကိန်း လက်စွဲ operation manual ကို လိုအပ်သလို အများသဘော ဆန္ဒအရ ပြုပြင်သွားတာဖြစ်ကြောင်း

-တက်ရောက်လာတဲ့ မြို့နယ်တွေမှ မိမိတို့ အခက်အခဲများကို ပွင့်လင်းမြင်သာစွာ ဆွေးနွေးကြရန် ဖြစ်ပါကြောင်း၊စီမံကိန်း ဝန်ထမ်းများ အနေနှင့် တာဝန်ယူမှု တာဝန်ခံမှု အားကောင်းရပါမယ်၊ မိမိတာဝန်ယူမည့် အပိုင်းကို အပြည့်အဝ တာဝန်ယူဖို့ လိုအပ်ပါကြောင်း၊

-မြို့နယ်တွေကို တိုးချဲ့ ဆောင်ရွက်လာတဲ့အခါမှာ အချို့မြို့နယ်တွေက performance base နဲ့သွားတာဖြစ်သည့်အတွက် အချို့အကောင်အထည်ဖော်တဲ့ ကိစ္စတွေကို အလျင်လို ဆောင်ရွက်ဖို့ မသင့်ကြောင်း၊ စီမံကိန်းအား ၄ နှစ်ဆောင်ရွက်မှာ ဖြစ်သည့်အတွက် လုပ်ငန်းရဲ့ priority ကို ခွဲပီး သေချာ ဆောင်ရွက်ဖို့ လိုအပ်ပါကြောင်း၊

-စီမံကိန်းကို ဆောင်ရွက်သည့် ဝန်ထမ်းများအနေဖြင့် အုပ်ချုပ်ရေးပိုင်းတွင် မတူညီသည့် အမြင်များ ရှိတတ်ပါတယ်၊ အဓိက အနေဖြင့် ကျေးလက်ဒေသကို ဖွံ့ဖြိုးတိုးတက်ဖို့ လုပ်ဆောင်ပေးနေတဲ့ ရည်ရွယ်ချက်ကတော့ အတူတူပဲ ဖြစ်ပါကြောင်း၊

-drd ဝန်ထမ်းနှင့် TA များအနေဖြင့် ပုံစံ၊ လုပ်ထုံးလုပ်နည်း များ မတူညီတဲ့အတွက် အချင်းချင်း အပြည့်အဝ နားလည်ပေးနိုင်ခြင်မှ ပေးနိုင်မည် ဖြစ်သော်လည်း အခက်အခဲ ကြုံပါက ဖြေရှင်းနည်းများ ရှိပါကြောင်း၊

-အခက်အခဲ ဖြေရှင်းတဲ့နည်းလမ်းအနေဖြင့် တွေ့ဆုံ၊ ညှိနှိုင်း၊ အဖြေရှာတဲ့နည်းလမ်းကို အသုံးပြုရန် လိုအပ်ပါကြောင်း၊သို့မှသာ ၂ဦး၂ဖက် အပြန်အလှန် နားလည် လာမှာဖြစ်ကြောင်း၊ သူ့အသံ ကိုယ့်အသံ အပြန်အလှံ နားထောင်ပြီး မတူညီတာတွေကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊

-စီမံကိန်းတွင် Grievance Handling Mechanism ရှိပါတယ် လိုက်နာရမယ့်စည်းကမ်းတွေ လိုက်နာရန်လိုအပ်ပါကြောင်း၊ GHM ကို ဖွံ့ဖြိုးရန် လုပ်ဖို့လိုအပ်ပါကြောင်း၊

-knowledge sharing အနေဖြင့် နိုင်ငံချင်းချင်း အပြန်အလှန် လေ့လာခြင်း၊ မြို့နယ်အချင်းချင်း အပြန်အလှန် လေ့လာခြင်း၊ ကျေးရွာအချင်းချင်း အပြန်အလှန် လေ့လာခြင်းတို့ကို စီစဉ်ဆောင်ရွက်ပေးနေတာ ဖြစ်ကြောင်း၊ knowledge sharing လုပ်မှသာ တိုးတက်မှုများ ရှိလာမည် ဖြစ်ကြောင်း၊

-စီမံကိန်းကြောင့် လူသားရင်းမြစ် စွမ်းအင်တွေ တိုးတက်လာသည့် အပြင် အလုပ်အကိုင်အခွင့်အလမ်း တွေ ပိုမိုရရှိလာတာ ဖြစ်ကြောင်း၊

-စီမံကိန်း ရန်ပုံငွေ၏ ၆၅% မှ ၇၀% သည် community မှ တိုက်ရိုက် ခံစားရတာဖြစ်ကြောင်း ကျန်ရှိသည့် အစိတ်အပိုင်းများမှ စီမံကိန်း ဝန်ထမ်းများရဲ့ စွမ်းဆောင်ရည် မြင့်မားရေးအတွက် capacity building သွယ်ဝိုက် ခံစားရတာ ဖြစ်ပါကြောင်း၊

-စီမံကိန်းကို လစာ၊ ဝင်ငွေ အတွက်လို့ အလုပ်လုပ်တယ်လို့ သဘောမထားပဲ ဖွံ့ဖြိုးရေအတွက် လုပ်တာဖြစ်လို့ ဖွံ့ဖြိုးရေး ဝန်ထမ်းစိတ်ဓာတ်ထားရှိဖို့ လိုအပ်ကြောင်း၊

-နိဂုံးချုပ် အနေဖြင့် ယခု ၃လပတ် အစည်းအဝေးမှာ ဆွေးနွေးမည့် conflict ကိစ္စနှင့် disaster ကိစ္စများသည် အရေးကြီးသညိ့အတွက်သေချာစွာ ဆွေးနွေးပြီး note down လုပ်ထားဖို့ လိုအပ်ပါကြောင်း၊ documentation တွေကို သေချာလုပ်ဆောင် ထားဖို့ လိုအပ်ပါကြောင်း ....ဖြင့် လမ်းညွှန်မှာကြားခဲ့ပါသည်။