လူထုဗဟိုပြုစီမံကိန်း၊ ဒုတိယနှစ် နှစ်ပတ်လည် ပြည်ထောင်စုအဆင့် သက်ဆိုင်သူပေါင်းစုံပါ၀င်သော သုံးသပ်ဆွေးနွေးပွဲ အခမ်းအနား

ကမ္ဘာ့ဘဏ်ဧ။်ထောက်ပံ့မှုဖြင့် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လူထုဗဟိုပြု စီမံကိန်း ဒုတိယနှစ် နှစ်ပတ်လည် ပြည်ထောင်စုအဆင့် သက်ဆိုင်သူပေါင်းစုံပါဝင်သော သုံးသပ်ဆွေးနွေးပွဲ အစည်းအဝေးကို ၂၀၁၅ ခုနှစ် သြဂုတ်လ ၂၇ ရက်နေ့နှင့် ၂၈ ရက်နေ့တွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂)တွင် ကျင်းပခဲ့ပါသည်။

အခမ်းအနားသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်း၊ သမ္မတရုံးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ပြည်ေ/=鮯_-gုဝန်ကြီး ဦးအုန်းမြင့်၊ အမျိုးသားစီမံကိန်းနှင့် စီးပွား%7zG=zOY~ߔYwE1ံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးကံဇော်၊ ဘဏ္ဍာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်၊ ကမ္ဘာ့ဘဏ်မှ Mr. Abdoulaye Seck (Country Manager, Myanmar) နှင့် ကိုယ်စားလှယ်များ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်နယ်/တိုင်းဒေသကြီးအသီးသီးမှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လွှတ်တော် ကိုယ်စား လှယ်များ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ နိုင်ငံရေးပါတီများ၊ လူထုအ ခြေပြု ဖွံ့ဖြိုး ရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ မီဒီယာအဖွဲ့များနှင့် အခြားဖိတ်ကြားထားသူများ စုစုပေါင်း (၄၅၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတေ%7w}O_Kwတိယသမ္မတ ဦးဉာဏ်ထွန်းမှ နှုတ်ခွန်းဆက် အဖွင့်အမှာစကားပြောကြားြ%E7wWgE1မွးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့် နှင့် ကမ္ဘာ့ဘဏ်မှ Country Manager, Mr. Abdoulaye Seck တို့မှ မိတ် ဆက် စကားပြောကြားခဲ့ပါသည်။ ထို့နောက် စီမံကိန်းအ%B:NW[is9အထည်ဖော်ဆောင်ရွက်လျက်ရှိသော မြို့နယ်အသီးသီးမှ စီမံကိန်းလုပ်ဆောင်မှုအကောင်းဆုံး ပထမဆု ရရှိသော ကျေးရွာအုပ်စုနှင့် ကျေးရွာများအား ဆုများချီးမြှင့်ပေးအပ််ခဲ့ပါသည််။

၎င်းနောက် စီမံကိန်းမြို့နယ်များမှ တာဝန်ရှိသူများက မိမိတို့မြို့နယ်တွင် ဆောင်ရွက်လျက်ရှိသော စီမံကိန်း အကြောင်းအရာများနှင့် ဆောင်ရွက်ပြီးစီးသော အခြေအနေများအား ရှင်းလင်းတင်ပြခြင်း၊ ကျေးလက် ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်နှင့် ညွှန်ကြားရေးမှူး ဦးလှခိုင်တို့မှ စီမံကိန်း အကြောင်းအရာများကို အသေးစိတ် ရှင်းလင်းတင်ပြ၍ တက်ရောက်လာသူများက စီမံကိန်း နှင့်ပတ်သက်၍ သိရှိလိုသည်များကို ပြန်လည်ဖြေကြားခြင်း၊ ညှိနှိုင်းဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြပါသည်။

အစည်းအဝေး ဒုတိယနေ့တွင် သက်ဆိုင်ရာ စီမံကိန်းခေါင်းစဉ်အလိုက် အဖွဲ့ငယ်များဖွဲ့၍ စီမံကိန်း ဒ%;8v<N[n۝w82ှစ်ကာလအတွင်း ရရှိခဲ့သော အတွေ့အကြုံများအား ရှင်းလင်းတင်ပြကြပြီး စီမံကိန်းတတိယနှစ်ကာလ ဆက်လက်ဆောင်ရွက်ရန် စီမံကိန်းလက်စွဲစာအုပ်ပါ အချက်အလက်များအား လိုအပ်သည်များ ပြုပြင်နိုင်ရန် အကြံဉာဏ်ကောင်းများပေးခြင်း စသည်ဖြင့် အပြန်အလှန် ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။

စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော မြို့နယ်အသီးသီးမှ စီမံကိန်းလုပ်ဆောင်မှု အကောင်း ဆုံး ပထမဆု ရရှိသော ကျေးရွာအုပ်စုနှင့် ကျေးရွာများမှာ ကန်ပက်လက်မြို့နယ်တွင် မကြားအိမ်မှူးကျေးရွာအုပ်စုနှင့် ဖုံးတွေးကျင်းကျေးရွာ၊ ကျွန်းစုမြို့နယ်တွင် ကဘင်ကျေးရွာအုပ်စုနှင့် လင်မလိုငယ်ကျေးရွာ၊ နမ့်ဆန်မြို့နယ်တွင် နမ့်လင်းကျေးရွာအုပ်စုနှင့် ဇယ်ဘန်ကောက်ကျေးရွာ၊ တပ်ကုန်းမြို့နယ်တွင် ရှားတောကျေးရွာအုပ်စုနှင့် သဲကုန်းကျေးရွာ၊ ထန်းတပင်မြို့နယ်တွင် လှည်းဆိပ်ကျေးရွာအုပ်စုနှင့် ကျွဲကူးကျေးရွာ၊ လေးမျက်နှာမြို့နယ်တွင် အိုင်သပြုကျေးရွာအုပ်စုနှင့် အလုံးကြီးကျေးရွာတို့ ဖြစ်ကြပါသည်။