လူထုဗဟိုပြုစီမံကိန်းပြည်ထောင်စုအဆင့် သက်ဆိုင်သူအဖွဲ့အစည်းပါဝင်သော သုံးသပ်ခြင်း အစည်းအဝေးတွင် ပြုလုပ်မည့် ဖွံ့ဖြိုးမှုပြပွဲ၌ ပြခန်းဝင်ရောက်ပြသနိုင်ရန် ဖိတ်ကြားလွှာ

လူထုဗဟိုပြုစီမံကိန်းပြည်ထောင်စုအဆင့် သက်ဆိုင်သူအဖွဲ့အစည်းပါဝင်သော သုံးသပ်ခြင်း အစည်းအဝေးတွင် ပြုလုပ်မည့် ဖွံ့ဖြိုးမှုပြပွဲ၌  ပြခန်းဝင်ရောက်ပြသနိုင်ရန် ဖိတ်ကြားလွှာ

မိတ်ဆွေများ ခင်ဗျား

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လူထုဗဟိုပြုစီမံကိန်း ဒုတိယနှစ်၊ စီမံကိန်းနှစ်ပတ်လည် ပြည်ထောင်စုအဆင့် သက်ဆိုင်သူအဖွဲ့အစည်းများ ပါဝင်သော သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကို ၂ဝ၁၅ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နှင့် ၂၆ ရက်နေ့များတွင် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ နေပြည်တော်ကောင်စီနယ်မြေ၊ အပြည်ပြည်ဆိိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (MICC) ၌ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။

အဆိုပါအစည်းအဝေး၌  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဦးဆောင်၍ စီမံကိန်း အကောင် အထည်ဖော် ဆောင်ရွက်ချက်များကို ပြသမည့် ဖွံ့ဖြိုးမှုပြပွဲတစ်ခု ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။ ထိုပြပွဲသို့ စီမံကိန်းမြို့နယ်များတွင် နည်းပညာ အကူအညီပေးရေးအဖွဲ့အဖြစ် ဆောင်ရွက်နေသည့် အဖွဲ့အစည်းများ အပါအဝင် စိတ်ပါဝင်စားသူအားလုံးကို ပြခန်း ဝင်ရောက်ပြသရန် ဖိတ်ခေါ် မည် ဖြစ်ပါသည်။ ပြခန်းတွင် ၁ဝ ပေပတ်လည်အကျယ် ပြခန်း ၁ဝ ခန်း စီစဉ်ထားရှိမည်ဖြစ်ပြီး ပြခန်းအရေအတွက် ကန့်သတ်ထားသည့် အတွက် အစောဆုံး အကြောင်းပြန်လာသည့် အဖွဲ့အစည်းများအား ဦးစားပေးထောက်ပံ့သွားမည် ဖြစ်ပါ သည်။ ဌာနမှ ထောက်ပံ့ပေးသည့် ပြခန်း မရရှိသူ အဖွဲ့အစည်းများအနေဖြင့် မိမိတို့အစီအစဉ်ဖြင့် လာ ရောက်ပြသလိုပါက လိုအပ်သလို စီစဉ်ဆောင်ရွက်နိုင်ရန် ဌာနမှ အချိန်မီ အကြောင်းပြန်ကြားပေးမည် ဖြစ်ပါသည်။

လူထုဗဟိုပြုစီမံကိန်းကို ကမ္ဘာ့ဘဏ်၏ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ သန်း ၈ဝ ဖြင့် ၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီလတွင် စတင်မိတ်ဆက်ခဲ့ပြီး မြန်မာနိုင်ငံရှိ ကျေးလက်နေပြည်သူများအနေဖြင့် လူထုကိုဗဟိုပြု သောနည်းလမ်း အသုံးပြု၍ အခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်တက်လာစေရန်နှင့် ထိုအခြေခံ အဆောက်အုံများကို လက်လှမ်းမီ အသုံးချ၍ အကျိုးခံစားခွင့်ရရှိစေရန် ရည်ရွယ်ပါသည်။

လူထုဗဟိုပြုစီမံကိန်း၏ အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေများနှင့်အတူ မြန်မာနိုင်ငံအတွင်း ဖွံ့ဖြိုးရေးစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေများကို အစည်းအဝေး တက်ရောက် လာသူ အားလုံးထံ အသိပေးဖြန့်ဝေနိုင်ရန်အတွက် ပြပွဲသို့ အတူတကွပါဝင် ပြသပေးနိုင်ပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

စိတ်ပါဝင်စားသူ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ စီမံကိန်းမိတ်ဘက် အဖွဲ့ အစည်းများ၊ လူမှုအဖွဲ့အစည်းများအနေဖြင့် ၂ဝ၁၅ ခုနှစ်၊ သြဂုတ်လ ၂ဝ ရက်နေ့မတိုင်မီ cdd.drdmyanmar@gmail.com သို့ အကြောင်းကြားပေးပါရန် လေးစားစွာ အကြောင်းကြားအပ်ပါသည်။

ပြခန်းကိစ္စ သိရှိလိုပါက အီးမေးလ်ပေးပို့၍ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

လေးစားစွာ

ကျော်စိုး

စီမံကိန်းမန်နေဂျာ၊ လူထုဗဟိုပြုစီမံကိန်း