လူထုဗဟိုပြုစီမံကိန်းဒုတိယနှစ် နှစ်ပတ်လည် ပြည်ထောင်စုအဆင့် သက်ဆိုင်သူပေါင်းစုံပါဝင်သောသုံးသပ်ဆွေးနွေးပွဲဖိတ်ကြားလွှာ

လူထုဗဟိုပြုစီမံကိန်းဒုတိယနှစ် နှစ်ပတ်လည် ပြည်ထောင်စုအဆင့် သက်ဆိုင်သူပေါင်းစုံပါဝင်သောသုံးသပ်ဆွေးနွေးပွဲဖိတ်ကြားလွှာ

၂၅-၂၆ သြဂုတ်လ၊ ၂ဝ၁၅၊ နေပြည်တော်။ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုခန်းမ - ၂။

မိတ်ဆွေများခင်ဗျား-

 

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကဦးစီး၍ လူထုအခြေပြုဖွံ့ဖြိုးရေးအမျိုးသားစီမံကိန်း (လူထုဗဟိုပြုစီမံကိန်း)၏ ဒုတိယနှစ်ပတ်လည် ပြည်ထောင်စုအဆင့် သက်ဆိုင်သူပေါင်းစုံပါဝင်သောသုံးသပ်ဆွေးနွေးပွဲအခမ်းအနားကို သြဂုတ်လ ၂၅ ရက်နေ့နှင့် ၂၆ ရက်နေ့များတွင် အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုခန်းမ - ၂၊ နေပြည်တော်ကောင်စီနယ်မြေ၌ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ အခမ်းအနား၏ ရည်ရွယ်ချက်မှာတက်ရောက်လာသူအားလုံးစီမံကိန်းဒုတိယနှစ်အတွေ့အကြုံများအပေါ် ပြန်လည်သုံးသပ်ရန်နှင်z}^ȯ_~׹Kwမံကိန်းမြို့နယ်များတိုးချဲ့သတ်မှတ်ဆောင်ရွက်ရန်ဖြစ်ပါသည်။

အခမ်းအနားသို့ ဖိတ်ကြားထားသူဦးရေ (ခန့်မှန်း) ၈ဝဝ ဦးခန့် တက်ရောက်မည်ဖြစ်ပြီးကျေးရွာလူထုကိုယ်စားလှယ်များ၊ ပြည်ထောင်စုအဆင့်နှင့် မြို့နယ်အဆင့် စီမံကိန်းဝန်ထမ်းများ၊ လူမှုအဖွဲ့အစည်းများ၊ အစိုးရဌာနဆိုင်ရာများမှ ကိုယ်စားလှယ်များနှင့် ဖွံ့ဖြိုးရေးမိတ်ဘက်အဖွဲ့အစည်းမှ တာဝန်ရှိသူများပါဝင်မည် ဖြစ်ပါသည်။

မွေးမြူရေး၊ ရေလုပ်နှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လူထုဗဟိုပြုစီမံကိန်း၏ ရည်ရွယ်ချက်မှာမြန်မာနိုင်ငံရှိကျေးလက်နေပြည်သူများအနေဖြင့်လူထုကိုဗဟိုပြုသောနည်းလမ်းအသုံးပြု၍အခြေခံအဆောက်အဦများဖွံ့ဖြိုးတိုးတက်တက်လာစေရန်၊ ထိုအခြေခံအဆောက်အုံများကိုလက်လှမ်းမီအသုံးချ၍အကျိုးခံစားခွင့်ရရှိစေရန်နှင့် နိုင်ငံတော် အစိုးရအနေဖြင့် အရေးပေါ် အခြေအနေများတွင် လျင်မြန်စွာတုံ့ပြန်နိုင်စေရန် ရည်ရွယ်ပါသည်။ အခမ်းအနားတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် လူထုဗဟိုပြုစီမံကိန်းကိုအသုံးပြု%8zg|O]gw80ှိကြုံတွေ့နေရသည့် ရေဘေးအန္တရာယ်အတွက် လူထုအားထောက်ပံ့ပေးခဲ့သည့် ငွေကြေးသုံးစွဲမှုအခြေအနေများကိုုတစ်ပါတည်းတင်ပြသွားမည် ဖြစ်ပါသည်။

လူထုဗဟိုပြုစီမံကိန်းကို ၂ဝ၁၃ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့ပြီးစီမံကိန်းစက်ဝန်း နှစ်ခုအတွင်း မြို့နယ် (၉) မြို့နယ်တွင်စီမံကိန်းလုပ်ငန်းခွဲ ၁၈ဝဝ အတွက် ထောက်ပံ့ငွေ ကျပ်သန်းပေါင်း  ၁၁.၈ဘီလီယံခန့် ထောက်ပံ့နိုင်ခဲ့ပြီးအကျိုးခံစားရသူဦးရေ ၈၅ဝ,ဝဝဝ ခန့် ရှိပါသည်။ အခမ်းအနားတွင် စီမံကိန်းတိုးချဲ့ဆောင်ရွက်ရန်အတွက် အတည်ပြုထားပြီးဖြစ်သည့် ကမ္ဘာ့ဘဏ်မှ ချေးငွေ သန်း ၄ဝဝအပါအဝင် အီတလီအစိုးရထံမှ ချေးငွေ ယူရိုသန်း ၂ဝ နှင့် ဂျပန်အစိုးရထံမှ ရရှိမည့် ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ၁၁.၅ သန်းဖြင့် စီမံကိန်းတိုးချဲ့ဆောင်ရွက်မည့် အစီအစဉ်များကိုရှင်းလင်းတင်ပြမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံတော် အစိုးရ၏ ထည့်ဝင်မှုများနှင့်အတူ မြို့နယ် ၆၃ မြို့နယ်အတွင်းရှိလူဦးရေ ၇ သန်းအတွက် စီမံကိန်းတိုးချဲ့ဆောင်ရွက်နိုင်မည်ဖြစ်ပြီးလာမည့်နှစ်တွင် မြို့နယ်အသစ် ၁၈ မြို့နယ်တွင် စတင် တိုးချဲ့ဆောင်ရွက်မည် ဖြစ်ပါသည်။

လူထုဗဟိုပြုစီမံကိန်းပိုမိုတိုးတက်ကောင်းမွန်စေရေးနှင့်ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဤဆွေးနွေးပွဲသို့တက်ရောက်၍ကျွန်တော်တို့နှင့်အတူတကွပါဝင်ဆွေးနွေးပေးနိုင်ပါရန်လေးစားစွာဖိတ်ကြားအပ်ပါသည်။ တက်ရောက်ရန်စိတ်ပါဝင်စားသည့်ပုဂ္ဂိုလ်များ%N]Cw80အဖွဲ့အစည်းများအနေဖြင့်ကျေးဇူးပြု၍ ၂ဝ၁၅၊သြဂုတ်လ၂ဝရက်နေ့ထက်နောက်မကျဘဲဒေါ်လဲ့ယဉ်ဝင်း cdd.drdmyanmar@gmail.comသိုု့ဆက်သွယ်အကြောင်းကြားပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်။ အခမ်းအနားနှင့်ပတ်သက်၍ သိရှိလိုပါကလည်းဆက်သွယ်မေးမြန်းနိုင်ပါသည်။

ဖိတ်စာနှင့်အတူဆွေးနွေးပွဲအစီအစဉ် (မူကြမ်း) အားပူးတွဲပေးပို့အပ်ပါသည်။

လေးစားစွာ

ကျော်စိုး

ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

စီမံကိန်းမန်နေဂျာ၊ လူထုအခြေပြု ဖွံ့ဖြိုးရေးအမျိုးသားစီမံကိန်း (လူထုဗဟိုပြုစီမံကိန်း)