မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ် အတွင်းလူထုဗဟိုပြုစီမံကိန်းမိတ်ဆက် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြီးစီးခြင်း

လူထုဗဟိုပြုစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရန်ရွေးချယ်ခံထားရသော မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၌ စီမံကိန်း  မိတ်ဆက် အလုပ်ရုံ ဆွေးနွေးပွဲကို ၂၀၁၅ ဇွန်လ ၃၀ ရက်နေ့ နံနက် ၉ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ် မိုးသိင်္ဂီ ခန်းမ ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ဆွေးနွေးပွဲသို့ လွတ်တော်ကိုယ်စားလှယ်များ၊ ကမ္ဘာ့ဘဏ် ကိုယ်စားလှယ်  ဒေါ်သိင်္င်္ဂီမင်း၊ ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုး၊ ညွှန်ကြားရေးမှူးများဖြစ်ကြသော ဦးလှခိုင် နှင့် ဦးကျော်စွာအောင်၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးဝင်းမင်းထွန်း၊ ခရိုင် နှင့် မြို့နယ်  ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ အစိုးရ အဖွဲ့ မဟုတ်သော အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ နိုင်ငံရေး ပါတီဝင်များ၊ သတင်းနှင့် စာနယ်ဇင်းများမှ အဖွဲ့့ဝင်များ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များ၊ ကျေးရွာဖွံံ့ဖြိုးရေးအထောက်အကူပြုကော်မတီဝင်များနှင့် အခြားဖိတ်ကြားထားသူများ စုစုပေါင်း ၃၅၀ ခန့် တက်ရောက်ခဲ့ကြပါသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးမှူးချုပ် ဦးကျော်စိုး နှင့် ကမ္ဘာ့ဘဏ်ကိုယ်စားလှယ် ဒေါ်သိဂီင်္မင်း တို့မှ အဖွင့်အမှာစကား ပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှခိုင်က စီမံကိန်းအကျဉ်းချုပ်နှင့် စီမံကိန်းလက်စွဲပါအချက်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ထပ်မံ၍ လက်ထောက် ညွှန်ကြားရေးမှူး ဦးဝင်းမင်းထွန်း မှ စီမံကိန်းစက်ဝန်းနှင့် မြို့နယ်အဆင့် စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက် ရာတွင်  အသုံးပြုရမည့် စီမံကိန်းလက်စွဲပါ အချက်အလက်များအား အသေးစိတ် ရှင်းလင်းတင်ပြခဲ့ပါသည်။

ဆွေးနွေးပွဲ တက်ရောက်လာသူများက သိလိုသည့်အချက်များကို မေးမြန်းရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှခိုင် နှင့် လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းမင်းထွန်း တို့က အသေးစိတ် ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပါသည်။