မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် အတွင်းလူထုဗဟိုပြုစီမံကိန်းမိတ်ဆက် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြီးစီးခြင်း

လူထုဗဟိုပြုစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရန်ရွေးချယ်ခံထားရသော မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ၌ စီမံကိန်း  မိတ်ဆက် အလုပ်ရုံ ဆွေးနွေးပွဲကို ၂၀၁၅ ဇွန်လ ၁၉ရက်နေ့ နံနက် ၉ နာရီတွင် မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ကျွန်းသာယာ ခန်းမ ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ဆွေးနွေးပွဲသို့ လွတ်တော်ကိုယ်စားလှယ်များ၊ ကမ္ဘာ့ဘဏ် ကိုယ်စားလှယ်  ဒေါ်သိင်္င်္ဂီမင်း၊ ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှခိုင်၊ဒုတိယညွှန်ကြားရေးမှူး ဒေါ်မီမီထွေး၊  ခရိုင် နှင့် မြို့နယ်  ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ အစိုးရ အဖွဲ့ မဟုတ်သော အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ နိုင်ငံရေး ပါတီဝင်များ၊ သတင်းနှင့် စာနယ်ဇင်းများမှ အဖွဲ့့ဝင်များ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များ၊ ကျေးရွာဖွံံ့ဖြိုးရေးအထောက်အကူပြုကော်မတီဝင်များနှင့် အခြားဖိတ်ကြားထားသူများ စုစုပေါင်း (၃၅၀)ခန့် တက်ရောက်ခဲ့ကြပါသည်။

မွန်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းနိုင်နှင့် ကမ္ဘာ့ဘဏ် ကိုယ်စားလှယ်  ဒေါ်သိင်္င်္ဂီမင်းမှ အဖွင့်အမှာစကား ပြောကြားပြီးနောက်   ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှခိုင်က စီမံကိန်းအကျဉ်းချုပ်နှင့် စီမံကိန်းလက်စွဲပါအချက်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ထပ်မံ၍ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မီမီထွေးမှ စီမံကိန်းစက်ဝန်းနှင့် မြို့နယ်အဆင့် လူထုဗဟိုပြုစီမံကိန်း အကောင်အထည် ဖော်ဆောင်ရွက်ရာတွင်  အသုံးပြုရမည့် စီမံကိန်းလက်စွဲပါ အချက်အလက်များအား အသေးစိတ်ရှင်းလင်းတင်ပြခဲ့ပါသည်။

ဆွေးနွေးပွဲ တက်ရောက်လာသူများက သိလိုသည့်အချက်များကို မေးမြန်းရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှခိုင်က အသေးစိတ် ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပါသည်။