မွန်ပြည်နယ်၊ ချောင်းဆုံမြို့ လူထုဗဟိုပြုစီမံကိန်းအကြောင်းမိတ်ဆက်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ဖိတ်ကြားစာ

 

လူထုဗဟိုပြုစီမံကိန်း အကောင်အထည်ဖေါ် ဆောင်ရွက်ရန် ရွေးချယ်ခံရသည့်  မွန်ပြည်နယ်၊ ချောင်းဆုံမြို့၌ ၂၀၁၅ ဇွန်လ ၁၉ ရက်နေ့တွင် လူထုဗဟိုပြု စီမံကိန်းအကြောင်း မိတ်ဆက်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။ ယင်း ဆွေးနွေးပွဲသို့ မွန်ပြည်နယ် အတွင်းရှိ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ လူထုဗဟိုပြု အဖွဲ့အစည်းများနှင့် ဖွံ့ဖြိုးရေးမိတ်ဘက် အဖွဲ့အစည်းများအား ဖိတ်ကြားသွားမည် ဖြစ်ပါသည်။

ဆွေးနွေးပွဲတွင် ကျေးရွာ လူထုအတွက် စီမံကိန်းလုပ်ငန်းခွဲများအကြောင်းရှင်းလင်းခြင်းနှင့် အစီအစဉ်အားလုံးကို မြန်မာ ဘာသာ တစ်မျိုးတည်းဖြင့်သာ ဆောင်ရွက်မည်ဖြစ်ပြီး ဘာသာပြန်ပေးမည့် အစီအစဉ် ပါဝင်ခြင်း မရှိပါ။

အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူထုဗဟိုပြု အဖွဲ့အစည်းများနှင့် ဖွံ့ဖြိုးရေး မိတ်ဘက်အဖွဲ့အစည်းများ အနေဖြင့် မွန်ပြည်နယ်၊ ချောင်းဆုံမြို့တွင် ကျင်းပမည့် လူထုဗဟိုပြု စီမံကိန်းအကြောင်း မိတ်ဆက်ခြင်း အလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်ရန် စိတ်ပါဝင်စားမှုရှိပါက cdd.drdmyanmar@gmail.com သို့ ဇွန် ၁၆ ရက်နေ့ ထက် နောက်မကျစေဘဲ ဆက်သွယ် အကြောင်းကြားပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

ဖိတ်စာနှင့်အတူ ဆွေးနွေးပွဲ အစီအစဉ် (မူကြမ်း) အား ပူးတွဲ ပေးပို့အပ်ပါသည်။

ကျော်စိုး

စီမံကိန်း ဒါရိုက်တာ

ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန