ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ် အတွင်းလူထုဗဟိုပြုစီမံကိန်းမိတ်ဆက် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြီးစီးခြင်း

လူထုဗဟိုပြုစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရန်ရွေးချယ်ခံထားရသော ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ် ၌ စီမံကိန်း  မိတ်ဆက် အလုပ်ရုံ ဆွေးနွေးပွဲကို ၂၀၁၅ ဇွန်လ ၂၃ ရက်နေ့ နံနက် ၉ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ် မြို့နယ် ခန်းမ ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ဆွေးနွေးပွဲသို့ လွတ်တော်ကိုယ်စားလှယ်များ၊ ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မီမီထွေး၊ ခရိုင် နှင့် မြို့နယ်  ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ အစိုးရ အဖွဲ့ မဟုတ်သော အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ နိုင်ငံရေး ပါတီဝင်များ၊ သတင်းနှင့် စာနယ်ဇင်းများမှ အဖွဲ့့ဝင်များ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာဖွံံ့ဖြိုးရေးအထောက်အကူပြု ကော်မတီဝင်များ၊ မြို့နယ်ရပ်မိရပ်ဖများ၊ ကျေးရွာရပ်မိရပ်ဖများနှင့် အခြားဖိတ်ကြားထားသူများ စုစုပေါင်း ()တက်ရောက်ခဲ့ကြပါသည်။

ပဲခူးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးထွန်းဝေမှ  အဖွင့်အမှာစကား ပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်မီမီထွေး က စီမံကိန်းအကျဉ်းချုပ်နှင့် စီမံကိန်းလက်စွဲပါအချက်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ထပ်မံ၍ အခမ်းအနား ဒုတိယပိုင်းအနေဖြင့် ဒုတိယညွှန်ကြားရေးမှူး ဒေါ်မီမီထွေးမှ စီမံကိန်းစက်ဝန်းနှင့် မြို့နယ်အဆင့် စီမံကိန်း အကောင်အထည် ဖော်ဆောင်ရွက်ရာတွင်  အသုံးပြုရမည့် စီမံကိန်းလက်စွဲပါ အချက်အလက်များအား အသေးစိတ်ရှင်းလင်းတင်ပြခဲ့ပါသည်။

ဆွေးနွေးပွဲ တက်ရောက်လာသူများက သိလိုသည့်အချက်များကို မေးမြန်းရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်မီမီထွေးမှ အသေးစိတ် ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။