ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်းနှင့်အဖွဲ့ လူထုဗဟိုပြုစီမံကိန်း ကြံခင်းမြို့နယ်သို့ ကွင်းဆင်း

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်းနှင့် ဧရာဝတီတိုင်းဒေသကြီးကျေးလက်ဦးစီးမှ တိုင်းဦးစီးမှူး ဦးစိုးသန်းတို့သည် လူထုဗဟိုပြုစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်နေသော ကြံခင်းမြို့နယ်ရှိလူထုဗဟိုပြုစီမံကိန်းစီမံကိန်းဝန်ထမ်းများအား တွေ့ဆုံခဲ့ပါတယ်။ စီမံကိန်းဝန်ထမ်းများကလည်း တစ်ဦးချင်းစီရဲ့ တာဝန်ယူမှုနှင့် အခက်အခဲများအား တင်ပြခဲ့ကြပါတယ်။ အခက်အခဲများအား အဆင်ပြေမည့် နည်းလမ်းနဲ့ ဆွေးနွေးဖြေရှင်းခဲ့ကြတယ်။(၁၅ ၅ ၂၀၁၆)