ကျေးရွာစီမံကိန်း အထောက်အကူပြု ကော်မတီ ဥက္ကဌ တာဝန်အား အမျိုးသမီးများကို ပူးတွဲ ခန့်အပ်

 

ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် လူထုဗဟိုပြုစီမံကိန်း၊ ဒုတိယနှစ်သက်တမ်း၏ ကျေးရွာစီမံကိန်း အထောက် အကူပြုကော်မတီတွင် အမျ ိုးသားတစ်ဦးအပြင် အမျိုးသမီးတစ်ဦးကိုပါ ဥက္ကဌများ အဖြစ် ပူးတွဲ ခန့်အပ်လာကြောင်း သိရှိရသည်။ ထန်းတပင်မြို့နယ်တွင် လူထု ဗဟိုပြုစီမံကိန်း၏ ပထမနှစ်သက် တမ်းတွင်မူ ကျေးရွာစီမံကိန်းအထောက်အကူပြု ကော်မတီ၏ဥက္ကဌအဖြစ် တစ်ဦးသာထားရှိခဲ့ပြီး အမျိုးသမီးများ အနေဖြင့် ဥက္ကဌအဖြစ် ရွေးကောက်တင်မြှောက် ခံရမှုမှာ ငါးရာခိုင်နှုန် းသာရှိခဲ့သော်လည်း ဒုတိယနှစ်သက်တမ်းမှစတင်၍ ဥက္ကဌနှစ်ဦးထားရှိပြီး အမျိုးသားတစ် ဦးနှင့် အမျိုးသမီးတစ်ဦးစီကို ခန့်အပ်ခြင်းဖြစ်သည်။

‘‘ဥက္ကဌရာထူး မရွေးချယ်ခင်မှာ တာဝန်ဝတ္တရားနဲ့ အခန်းကဏ္ဍတွေကို အရင်ရှ င်းြ ပရပါတယ်။ ပြီးမှ လျှို့ဝှက်မဲပေး စနစ်ကို အသုံးပြုပြီး အမျိုးသားဥက္ကဌ  တစ်ဦး၊အမျိုးသမီးဥက္ကဌတစ်ဦး ရွေးကောက်တ င်မြှောက်ကြပါတယ်’’ဟု ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ထန်းတပင်မြို့နယ်ဦးစီးမှူး ဦးမြင့်ထွေးယင် းကပြောသည်။ယင်းကဲ့သို့ ကျေးရွာစီမံကိန်းအထောက်အကူပြုကော်မတီတွင် ဥက္ကဌရာထူးအား နှစ်နေရာထားရှိကာ အမျိုး သားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးစီကို တာဝန်ပေးအပ်ခြင်းသည် ကျား/မရေးရာညီမျှမှုအား ပိုမိုအထောက်အ ကူဖြစ်လာစေကြောင်း Relief International မှ လူမှုတာဝန်ယူ တာဝန်ခံမှုနှင့် ကျား/မဆိုင်ရာကျွမ်းကျင်သူ ဦးစိုးသီဟ တင်ကပြောသည်။

‘‘အခုလိုမျိုး အမျိုးသမီးတွေကို ကျေးရွာကော်မတီတွေမှာ ဥက္ကဌခန့်လိုက်တော့ အမျိုးသမီးတွေအနေနဲ့ သူတို့ရဲ့ ဖွံ့ဖြိုးမှုအတွက်လိုအပ်ချက်တွေကို ပွင့်ပွင့်လင်းလင်းပြောဆိုတိုင်ပင်စရာ ခေါင်းဆောင်အနေနဲ့ရှိလာပြီး အစည်းအဝေးတွေမှာလည်းအရင်ကထက်ပိုပြီး ပြောဆိုဆွေးနွေးလာတာကို တွေ့ရပါတယ်’’ဟု ဦးစိုးသီဟတင်က ပြောသည်။

လူထုဗဟိုပြုစီမံကိန်း၏ ဒုတိယနှစ်သက်တမ်းကို ယခုနှစ်ဇန်န ဝါရီလဆန်းမှ သြဂုတ်လကုန်အ ထိ ဆောင်ရွက် သွားမည်ဖြစ်ကာ လမ်းခင်းသည့်လုပ်ငန်း များ၊တံတားဆောက်သ ည့်လုပ်ငန်းများ၊ ကျောင်း၊စာကြည့်တိုက်၊ ကျေးလက်ေ ဆးပေးခန်း၊အစည်းအဝေးခန်းမတည်ဆောက်ခြ င်းစသည့်လုပ်ငန်းများလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါစီမံကိန်းဒုတိယနှစ်သက်တမ်းကိုဆောင်ရွက်ရန်ကမ္ဘာ့ဘဏ်မှ ငွေကျပ်သိန်းပေါင်း၁၅၄ဝဝကို ထောက်ပံ့ထားပြီးစိုက်ပျိုးရေး

၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနလက်အောက်ရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနက အမေရိကန်အခြေစိုက်

Relief International နှင့်ပူးပေါင်းကာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ စီမံကိန်းပထမနှစ်သက်တမ်းကို ၂၀၁၅ ခုနှစ် ဇန်နဝါရီလဆန်းမှ ဒီဇင်ဘာလကုန်အထိ ကျပ်သိန်းပေါင်း ၁၃၄၀၀ ခန့် အကုန်အကျခံဆောင်ရွက်ခဲ့ပြီး လုပ်ငန်းပေါင်း ၂၂၆ ခုကို လုပ်ဆောင်နိုင်ခဲ့ကြောင်းသိရသည်။