ကျွန်းစုမြို့နယ်၊ ပြင်ထပ်အော်ကျေးရွာ ရွာအဝင်လမ်း ပေ(၂၂၀၀)အရှည်ရှိ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ ကျင်းပ

 

ကျွန်းစု ဇွန်လ ၂၁ ရက်

ကျွန်းစုမြို့နယ်၊ ကမ်းကြီးကျေးရွာအုပ်စု၊ ပြင်ထပ်အော်ကျေးရွာတွင် ၂၀၁၅-၂၀၁၆ခုနှစ်၊ လူထုဗဟိုပြုစီမံကိန်းမှ တတိယနှစ်စက်ဝန်းတွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော ကျေးရွာအဝင်လမ်းအား ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ဇွန်လ(၂၁)ရက်နေ့ နံနက်(၉)နာရီအချိန်ခန့်က ဖွင့်လှစ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါကွန်ကရစ်လမ်းသစ်ကို လူထုဗဟိုပြုစီမံကိန်းမှ ရန်ပုံငွေ(၁၄၉)သိန်းဖြင့် ပေ(၁၅၀၀)အ ရှည် (၈)ပေအကျယ်ဖြင့် ချထားပေးရာ ကျေးရွာနေပြည်သူများက ၎င်းချထားရန်ပုံငွေဖြင့် ပေ(၂၂၀၀)အရှည် (၁၀)ပေအကျယ် ကွန်ကရစ်လမ်းသစ်အား ကျေးရွာပြည်သူထည့်ဝင်ငွေဖြင့် ဆောင်ရွက်ခဲ့ကြ ရာ ငွေကျပ်သိန်း(၂၅၀)ကျော် ကုန်ကျခဲ့ကြောင်း ကျေးရွာကြီးကြပ်ရေးကော်မတီထံမှ သိရသည်။

ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ကျေးရွာရပ်မိရပ်ဖများတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြပြီး ကျေးရွာပြည်သူ များက လမ်းဖြစ်မြောက်ရေးတွင် အလှူငွေများနှင့် ဘိလပ်မြေအိတ်များ လှူဒါန်းခဲ့ကြသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြကြောင်း သိရသည်