ကမ္ဘာ့ဘဏ်မှ Senior Director ဖြစ်သူ Mr Ede Ijjasz-Vasquez နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော် နှင့် အဖွဲ့ လူထုဗဟိုပြုစီိမံကိန်းမြို့နယ် ထန်းတပင်မြို့နယ်သို့ ကွင်းဆင်းစစ်ဆေး

ကမ္ဘာ့ဘဏ်မှ Senior Director ဖြစ်သူ Mr Ede Ijjasz-Vasquez နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော် နှင့် အဖွဲ့ လူထုဗဟိုပြုစီိမံကိန်းမြို့နယ် ထန်းတပင်မြို့နယ်သို့ ကွင်းဆင်းစစ်ဆေး

ကမ္ဘာ့ဘဏ်၏ထောက်ပံ့မှုဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လူထုဗဟိုပြု စီမံကိန်း အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုတတိယနှစ် အချိန် ကာလအထိရောက်ရှိနေပြီဖြစ်ပြီး မြို့နယ် ပေါင်း (၂၇) မြို့နယ်ထိ အကျိုးခံစား ခွင့်ရရှိ နေပြီဖြစ်သည်။

ကမ္ဘာ့ဘဏ်မှ Senior Director ဖြစ်သူ Mr Ede Ijjasz-Vasquez နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်၊ ပြည်ထောင်စုအဆင့် စီမံကိန်းရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ အနေဖြင့် အကောင် အထည်ဖော်ဆောင်ရွက်လျှက်ရှိသည့် မြို့နယ်(၂၇)မြို့နယ်အနက် စီမံကိန်း ဒုတိယနှစ်ကာလကို အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်သို့ ၂၀၁၆ ခုနှစ် ဇွန်လ (၅) ရက်နေ့တွင် သွားရောက်ခဲ့ပြီး မြို့နယ်စီမံကိန်း ဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးပြီး လိုအပ်သည်များအား ကူညီ ဆောင်ရွက်ပေးရန် ရှင်းလင်း ပြောကြားပြီး ဝန်ထမ်းများ၏ မေးမြန်းချက်များအား ပြန်လည် ဖြေကြားပေးခဲ့သည်။

ဤခရီးစဉ်တွင် ကမ္ဘာ့ဘဏ်မှ Senior Director ဖြစ်သူ Mr Ede Ijjasz-Vasquez နှင့် အဖွဲ့၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်၊ ပြည်ထောင်စုအဆင့် စီမံကိန်းရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ နှင့် မြို့နယ်စီမံကိန်းရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ အနေဖြင့် စီမံကိန်းမြို့နယ်အတွင်းရှိ ကျေးရွာများ၏ စီမံကိန်း လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်နေမှု အခြေအနေ နှင့် ဆောင်ရွက် ပြီးစီးမှု အခြေအနေတို့အား သိရှိနိုင် ရန်အတွက် ကျေးရွာများ သို့် ကွင်းဆင်းစစ်ဆေး ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များ မှာကြားခဲ့ကြသည်။

ဤသို့ကွင်းဆင်းစစ်ဆေးခဲ့သည့် ကျေးရွာများမှာ ဝါးတရာ ကျေးရွာအုပ်စု၊ ဝါးတရာ ကျေးရွာ နှင့် တံတားဦးကျေးရွာအုပ်စု၊ စာဖြူစုကျေးရွာတို့ ဖြစ်ပြီး ဝါးတရာကျေးရွာ အနေဖြင့် ရန်ပုံငွေကျပ် (၃၈၄) သိန်းဖြင့် လူဦးရေ (၄၁၇၀) ကို အကျိုး ပြုစေမည့် ကျေးရွာချင်းဆက် ကွန်ကရစ်လမ်း ခင်းခြင်း လုပ်ငန်း အကောင်အထည်ဖော်ဆောင် ရွက်ပြီးစီးခဲ့သည့်အတွက် လုပ်ငန်းပြီးစီးမှု ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။

ယင်း အခမ်းအနားသို့ ကမ္ဘာ့ဘဏ်မှ Senior Director, Mr Ede Ijjasz-Vasquez နှင့် တာဝန်ရှိသူများ၊ ကျေးလက်ဦးစီးမှ ညွှန်းကြားရေးမှူးချုပ် ဦးခန့်ဇော် နှင့် တာဝန်ရှိ သူများနှင့် မြိုိ့နယ်စီမံကိန်းရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး နောက်နှစ်များတွင်လည်း စီမံကိန်းလုပ်ငန်းများ ပိုမိုကောင်းမွန်စွာ ဆောင်ရွက် နိုင်ရေး အမှာစကားပြောကြားပြီး စာဖြူစုကျေးရွာ၏ ရန်ပုံငွေကျပ် သိန်း (၄၀) ဖြင့် လူဦးရေ (၂၃၆) ဦးရေ ကို အကျိုး ပြုစေမည့် ရေကန် တူဖော်ခြင်း လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေကိုလည်း ကွင်းဆင်း စစ်ဆေးခဲ့ကြပြီး လိုအပ်သည်များ လမ်းညွှန် မှာကြား ခဲ့ကြသည်။

စီမံကိန်းမြို့နယ်တစ်မြို့နယ်ဖြစ်သည့် ထန်းတပင်မြို့နယ်တွင် ကျေးရွာအုပ်စု (၅၄) အုပ်စု၊ ကျေးရွာပေါင်း (၂၄၅) ရွာရှိ အကျိုးခံစားခွင့်ရှိသူ လူူဦးရေ(၁၃၉၃၆၄)ဦးရေ အား အကျိုးခံစားခွင့်ရှိမည့် စီမံကိန်း ဒုတိယနှစ် စက်ဝန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိ်သည်။