လူထုဗဟို ပြုစီမံကိန်း အကြောင်း မိတ်ဆက်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ဖိတ်ကြားစာ

၂၀၁၅-၂၀၁၆ နှစ်အတွင်း လူထုဗဟိုပြုစီမံကိန်း အကောင်အထည်ဖေါ် ဆောင်ရွက်ရန် ရွေးချယ်ခံ  ရသည့်  ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ် ခန်းမတွင် ဒီဇင်ဘာလ ၂၉ ရက်နေ့၌ လူထုဗဟိုပြု စီမံကိန်း အကြောင်း မိတ်ဆက်ခြင်း အလုပ်ရုံဆွေးနွေးပွဲများကို အောက်ပါအစဉ်အတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။

ယင်းဆွေးနွေးပွဲသို့ တိုင်းဒေသကြီး၊ ပြည်နယ် အတွင်းရှိ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူထုဗဟိုပြု အဖွဲ့အစည်းများနှင့် ဖွံ့ဖြိုးရေးမိတ်ဘက် အဖွဲ့အစည်းများအား ဖိတ်ကြားသွားမည် ဖြစ်ပါသည်။

ဆွေးနွေးပွဲတွင် ကျေးရွာ လူထုအတွက် စီမံကိန်းလုပ်ငန်းခွဲများအကြောင်းရှင်းလင်းခြင်းနှင့် အစီအစဉ် အားလုံးကို မြန်မာဘာသာ တစ်မျိုးတည်းဖြင့်သာ ဆောင်ရွက်မည်ဖြစ်ပြီး ဘာသာပြန်ပေးမည့် အစီအစဉ် ပါဝင်ခြင်းမရှိပါ။

အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူထုဗဟိုပြု အဖွဲ့အစည်းများနှင့် ဖွံ့ဖြိုးရေး မိတ်ဘက်အဖွဲ့အစည်းများ အနေဖြင့်  ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်တွင် ကျင်းပမည့် လူထုဗဟိုပြု စီမံကိန်းအကြောင်း မိတ်ဆက်ခြင်း အလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်ရန် စိတ်ပါဝင်စားမှုရှိပါက cdd.drdmyanmar@gmail.com သို့ အစည်းအဝေးကျင်းပရန် သတ်မှတ်ထားသည့်  နေ့ရက် မတိုင်မီ ၃ ရက်အတွင်း နောက်မကျစေဘဲ ဆက်သွယ် အကြောင်းကြားပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

ဖိတ်စာနှင့်အတူ ဆွေးနွေးပွဲ အစီအစဉ် (မူကြမ်း) အား ပူးတွဲ ပေးပို့အပ်ပါသည်။

 

ကျော်စိုး

စီမံကိန်း ဒါရိုက်တာ

ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန