လူထုဗဟိုပြုစီမံကိန်း Video Editing Training ကျင်းပပြုလုပ်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့

ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့် လူထုဗဟိုပြုစီမံကိန်း Video Editing Training အား

သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်စီမံကိန်းရုံးများတွင်(၆)ကြိမ်ခွဲ၍ကျင်းပခဲ့ရာ ရန်ကုန်မြို့တွင် (၃၀.၁.၂၀၁၇)မှ

(၁.၂.၂၀၁၇)အထိ ၊ နေပြည်တော်ကောင်စီနယ်မြေတွင် (၆.၂.၂၀၁၇)မှ(၈.၂.၂၀၁၇)အထိ၊ မော်လမြိုင်မြို့တွင်

(၁၃၂.၂၀၁၇)မှ(၁၅.၂.၂၀၁၇)အထိ၊ မန္တလေးမြို့တွင် (၂၀.၂.၂၀၁၇)မှ(၂၂.၂.၂၀၁၇)ထိ၊ မကွေးမြို့တွင် (၂၇.၂.၂၀၁၇)မှ

(၁.၃.၂၀၁၇)အထိ နှင့် တောင်ကြီးမြို့တွင် (၁၅.၃.၂၀၁၇)မှ (၁၇.၃.၂၀၁၇)အထိ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

သင်တန်းတွင် တိုင်းဒေသကြီး/ပြည်နယ်နှင့် စီမံကိန်းမြို့နယ်များရှိ ICT, Social Accountability & Gender,

Communication TA/ Counterpart များ စုစုပေါင်း (၁၀၇)ဦးအား ဗွီဒီယိုတည်းဖြတ်ခြင်းနှင့် ဓာတ်ပုံကင်မရာ၊

ဗွီဒီယိုကင်မရာ အခြေခံအယူအဆများ သင်ကြားပို့ချပေးခဲ့ပြီး သင်တန်းတက်ရောက်သူများ အနေဖြင့် မိမိတို့

စီမံကိန်းဆောင်ရွက်မှုများကို မိမိတို့ကိုယ်တိုင် မှတ်တမ်းဓာတ်ပုံနှင့် ဗွီဒိယိုမှတ်တမ်း စနစ်တကျ ရိုက်ကူးနိုင်စေရန်

ရည်ရွယ်ပါသည်။ စီမံကိန်း သုံးလပတ် အစည်းအဝေးပွဲ များတွင်လည်း စီမံကိန်းမြို့နယ်များ၏

လုပ်ငန်းတိုးတက်မှုများကို ဗွီဒီယိုဖိုင်များဖြင့် နည်းစနစ်တကျ ရှင်းလင်းတင်ပြနိုင်ကြမည် ဖြစ်ပါသည်။