လူထုဗဟိုပြုစီမံကိန်းမိတ်ဆက်ဆွေးနွေးပွဲများ ကယားပြည်နယ်၊ ကချင်ပြည်နယ်၊ နေပြည်တော် ရှိ စီမံကိန်းဆောင်ရွက်မည့်မြို့နယ်များတွင် စက်တင်ဘာနှင့် အောက်တိုဘာလအတွင်း ကျင်းပမည်

၂၀၁၆-၂၀၁၇ ခုနှစ်၊ စီမံကိန်း စတုတ္ထနှစ်စက်ဝန်းအတွင်း လူထုဗဟိုပြုစီမံကိန်းမိိတ်ဆက်ဆွေးနွေးပွဲများကို လူထုဗဟိုပြုစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရန် ရွေးချယ်ခံရသည့် ကယားပြည်နယ်ရှိ လွိုင်ကော်၊ ဘောလခဲ၊ မဲ့ဆယ်၊ ရှားတောနှင့် ဖားဆောင်းမြို့နယ်များတွင်လည်းကောင်း၊ နေပြည်တော်ကောင်စီနယ်မြေရှိ ပျဉ်းမနားမြို့နယ်တွင်လည်းကောင်း၊ ကချင်ပြည်နယ်ရှိ မိုးကောင်းမြို့နယ်များတွင်လည်းကောင်း စက်တင်ဘာလနှင့် အောက်တိုဘာလများအတွင်း သက်ဆိုင်ရာမြို့နယ်များ၏ မြို့တော်ခန်းမများတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။

ကယားပြည်နယ်ရှိ ဖားဆောင်း၊ ဘော်လခဲ၊ မဲ့ဆယ်မြို့နယ်များအတွက် လူထုဗဟိုပြုစီမံကိန်းမိတ်ဆက်ဆွေးနွေးပွဲများကို ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့တွင် ဖားဆောင်းမြို့နယ်၊ မြို့တော်ခန်းမတွင်လည်းကောင်း၊ လွိုင်ကော်နှင့် ရှားတောမြို့နယ်များအတွက် လူထုဗဟိုပြုစီမံကိန်းမိတ်ဆက်ဆွေးနွေးပွဲများကို စက်တင်ဘာလ (၂၈) ရက်နေ့တွင် လွိုင်ကော်မြို့နယ်၊ မြို့တော်ခန်းမတွင်လည်းကောင်း၊ နေပြည်တော်ကောင်စီနယ်မြေရှိ ပျဉ်းမနားမြို့နယ်အတွက် အောက်တိုဘာလ (၄) ရက်နေ့တွင် ပျဉ်းမနားမြို့နယ်၊ မြို့တော်ခန်းမတွင်လည်းကောင်း၊ ကချင်ပြည်နယ်ရှိ မိုးကောင်းမြို့နယ်အတွက် အောက်တိုဘာလ (၄) ရက်နေ့တွင် မိုးကောင်းမြို့နယ်၊ မြို့တော်ခန်းမတွင်လည်းကောင်း အသီးသီးကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။

အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ လူထုဗဟိုပြု အဖွဲ့အစည်းများနှင့် ဖွံ့ဖြိုးရေးမိတ်ဘက် အဖွဲ့အ စည်း များအနေဖြင့် အထက်ဖော်ပြပါ မြို့နယ်များတွင်ကျင်းပမည့် လူထုဗဟိုပြု စီမံကိန်းအကြောင်း မိတ် ဆက်ခြင်း အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ရန် စိတ်ပါဝင်စားမှုရှိပါက cdd.drdmyanmar@gmail.com သို့ အစည်းအဝေးကျင်းပရန်သတ်မှတ်ထားသည့် သက်ဆိုင်ရာမြို့နယ်များအလိုက် နေ့ရက်များမတိုင်မီ (၃) ရက်အတွင်း နောက်မကျစေဘဲဆက်သွယ် အကြောင်းကြားရမည် ဖြစ်ပါသည်။